Myanmar



ဆန်စပါး သိုလှောင်မှု Online Registration အစီအစဉ် စက်တင်ဘာလလယ်တွင် စတင်မည်

ဆန်စပါး သိုလှောင်မှု Online Registration အစီအစဉ် စက်တင်ဘာလလယ်တွင် စတင်မည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

• စပါးများ ဆန်များ သိုလှောင်ထားမှုကို ထိန်းကျောင်းပေးနိုင်ရန်၊ ဈေးကစားလိုသဖြင့် သိုလှောင်ထားခြင်း မဖြစ်စေရန်အတွက် စပါးများ ဆန်များ သိုလှောင်ထားမှုကို စက်တင်ဘာလလယ်တွင် Online Registration အစီအစဉ် စတင်ဆောင်ရွက်သွားမည်။

 

• ရွှေဘို ပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်း စသည့် ပေါ်ဆန်း အုပ်စုဆန်များ၊ ဧရာပဒေသာ၊ ဧရာမင်း၊ မဂျန်းတော၊ အညာသား၊ ပခန်း အစရှိသည့် ပြည်တွင်းမှာ အဓိက စားသုံးကြသည့် ဆန်များကို ပြည်တွင်း စားသူံရန်အတွက်သာ ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါသည်။ ပြည်ပသို့ တင်ပို့ခြင်း မပြုပါ။

 

• ဧည့်မထအုပ်စုဆန်များ ထွန်းပုံ၊ ကရင်မ၊ ငစိန်၊ ရာကျော်၊ ပေါင်းဆန် စသည်တို့ကိုသာ အဓိကအားဖြင့် ပြည်ပသို့ တင်ပို့လျက်ရှိပါသည်။

 

•  ဆန်ပြည်ပတင်ပို့မှုကို ရပ်နားထားခြင်း မပြုလုပ်တော့ဘဲ ဆက်လက်ခွင့်ပြုသွားမည် ဖြစ်သော်လည်း 

 ပြည်ပတင်ပို့ရန် ဆန် ၁၀၀% စုဆောင်းထားပြီးဖြစ်သည့် ကုမ္ပဏီများကိုသာ ပို့ကုန်လိုင်စင် ထုတ်ပေးမည် ဖြစ်ပါသည်။ 

 

•  ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖိုး  ပြည်ပဆန်တင်ပို့မှုရန် ရည်မှန်းထားပြီး ယခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ကန်ဒေါ်လာ ၁၃၈ သန်းဖိုး တန်ချိန် ၃၂၀၀၀၀ ခန့်  တင်ပို့ခဲ့ပါသည်။ 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 03 September 2023 13:15
Rate this item
(0 votes)