Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ကြန်အတွက် ရွှေရင်အေး

သင်္ကြန်တွင်းလုပ်စားဖို့နဲ့ အလှူအတန်းလုပ်ဖို့အတွက် အကောင်းဆုံး ရွှေရင်အေးပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ရွှေရင်အေးမှာတွင် ပါဝင်ပစ္စည်းတွေကတော့ သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော အပြင် ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ စုံလင်စွာ ပါဝင်ပါတယ်။ အုန်းနို့လေးနဲ့လေးမို့ ချိုစိမ့်တဲ့ အရသာလေးကို ရရှိမှာပါ။

 

ကျောက်ကျောလုပ်ဖို့အတွက် အာဂါးကျောက်ကျော၊ သကြား၊ အုန်းနို့ တို့ ပါဝင်ရမှာဖြစ်ပါတယ်။ ရွှေရင်အေးတွင် ပါဝင်ပစ္စည်းတွေကတော့ မုန့်လက်ဆောင်းဖတ်၊ သာကူစေ့၊ ကောက်ညှင်းပေါင်း၊ ကျောက်ကျော၊ အုန်းသီး၊ သကြား တို့ ပါဝင်ရပါမယ်။

 

ကျောက်ကျောပြုလုပ်ဖို့အတွက် ဒယ်အိုး အကြီး တစ်အိုးထဲသို့ ရေသန့်ဘူး တစ်ဘူး မျှ ရေများကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

 

ပြီးမှ သကြားကို ဒယ်အိုးထဲထည့်ပြီး ပျော်အောင် တည်ပေးပါ။

 

ယင်းနောက် ကျောက်ကျောထုပ်ကို ရေအနည်းငယ် ရောမွှေပြီး ဒယ်အိုးထဲထည့်၍ မကြာမကြာရောမွှေပေးပါ။

 

ကျောက်ကျောရပြီဆိုလျှင် အုန်းနို့များကို ထည့်ပြီး ရောမွှေလိုက်ပါ။

 

ပြီးနောက် ကျောက်ကျောရည်များကို ဗန်းထဲသို့ လောင်းချပြီး အအေးခံထားပေးပါ။

 

ရွှေရင်အေးပြုလုပ်ဖို့အတွက် အုန်းရည်များကို သကြားများဖြင့် သကြားအရည်ပျော်သည်အထိ ဇွန်းဖြင့် ခပ်နာနာလေး မွှေပေးထားပါ။

 

ပြီးလျှင် သာကူကျိုပါမယ်။ သာကူကျိုရန်အတွက် ဒယ်အိုးတစ်အိုးထဲသို့ ရေပွက်ပွက်ဆူလာမှ သာကူများကို ထည့်ပြီး အဆက်မပြတ်မွှေပေးပါ။ သာကူစေ့များကို မပြဲစေရန်ဂရုစိုက်ပါ။ သာကူကို မမွှေပေးပါက သာကူစေ့များကပ်သွားပါမယ်။

 

သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရပါပြီ။ သာကူရပြီဆိုလျှင် ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။

 

ပြီးနောက် ပန်းကန်တစ်ခုထဲ သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ကို တစ်ပွဲစာအတွက် ပြင်ဆင်ထားပါ။

 

နောက်ဆုံးတွင် အုန်းနို့ရည်နှင့် ရေခဲတုံးကလေးများထည့်၍ ရွှေရင်အေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read 8128 times Last modified on Tuesday, 18 September 2018 14:33
Rate this item
(1 Vote)