Myanmar



မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သင့်တင့်မျှတသော ရည်ညွှန်းစျေးနှုန်များ ထုတ်ပြန်အသိပေး

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သင့်တင့်မျှတသော ရည်ညွှန်းစျေးနှုန်များ ထုတ်ပြန်အသိပေး

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သင့်တင့်မျှတသော ရည်ညွှန်းစျေးနှုန်များ ထုတ်ပြန်အသိပေးထားသည်ကို ဖော်ပြအပ်ပါသည်။


စာအမှတ်။ ။ MRF/ စမ-၂/၁/ ၂၀၂၃ ( ၁၄၉၃) 

ရက်စွဲ ။ ။၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ( ၁၉ ) ရက်

 

အကြောင်းအရာ။ ၂ဝ၂၃ ခုနှစ် မိုးစပါးပေါ်ထွက်ချိန် ဆန်စပါးဝယ်ယူမှုဆောင်ရွက်ရာတွင် သင့်တင့်မျှတ သော ဈေးနှုန်းများ ဖြစ်စေရန် အလို့ငှာ ရည်ညွှန်းဈေးများဖြင့် ဝယ်ယူရေးကိစ္စ။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး၊ ကြိတ်ခွဲထုတ်လုပ် ရောင်းဝယ်သူများအတွက်လည်း ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး၊ စားသုံးသူပြည်သူလူထုအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်သည့် ဆန်ဈေးနှုန်းဖြစ်စေ ရေး၊ နိုင်ငံတော်၏ လမ်းညွှန်မှုများနှင့်အညီ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ၂၀၂၃ ခုနှစ်၊ မိုးစပါး ရာသီထွက်ရှိလာသည့် စပါးများအပေါ်ဝယ်ယူမည့် စပါးဈေးနှုန်းများကို သတ်မှတ်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှတာဝန်ရှိသူများ၊ အသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီနှင့် CEC ဗဟိုအလုပ် အမှုဆောင်များ၊ Exporter ကုမ္ပဏီများနှင့်ညှိနှိုင်းဆွေးနွေးခဲ့ပြီး သင့်တင့်မျှတသော ရည်ညွှန်း ဈေးနှုန်းများ ထုတ်ပြန်အသိပေး ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

 

၂။ အဆိုပါ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်အရ လက်ရှိကာလ (၂၀၂၃ ခုနှစ် မိုးစပါး) ထွက်ရှိသည့် စပါးများအပေါ် အသင်းဝင်ကုမ္ပဏီများ၊ ဆန်စပါးကုန်သည်များအနေဖြင့် အောက်ဖော်ပြပါ ဈေးနှုန်းများ အတိုင်း သတ်မှတ်ဝယ်ယူမှုပြုပေးနိုင်ပါရန် အကြောင်းကြားအပ်ပါသည်-

 

(၁) ဧည့်မထ/ ငစိန် စပါးများ တင်း(၁၀၀) လျှင် ကျပ် (၁၃)သိန်းမှ (၁၅)သိန်း အတွင်း

 

(၂) ဧရာဝတီပေါ်ဆန်း စပါးများ တင်း(၁၀၀) လျှင် ကျပ် (၁၆)သိန်းမှ (၁၈) သိန်းအတွင်း

 

(၃) ရွှေဘိုပေါ်ဆန်း စပါးများ  တင်း(၁၀၀) လျှင် ကျပ် (၁၈)သိန်းမှ (၂၀)သိန်းအတွင်း

 

(၄) ဧရာမင်း၊ ဧရာပဒေသာစပါးများ - တင်း(၁၀၀) လျှင် ကျပ် (၁၆)သိန်းမှ (၁၈)သိန်းအတွင်း

 

. (အဆိုပါရည်ညွှန်းဈေးနှုန်းများအတွင်း ရောင်းသူနှင့်ဝယ်သူအကြား စပါးအမျိုးအစားအလိုက်၊ စပါး အရည်အသွေးအလိုက်၊ စပါးအစိုဓါတ်အလိုက် ဈေးနှုန်းသတ်မှတ် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပါသည်)

 

၃။ အဆိုပါဈေးနှုန်းများဖြင့် ဝယ်ယူရန်အခက်အခဲရှိပါက အသင်းချုပ်နှင့်ညီနောင်အသင်းများ၊ ကုန်စည်ဒိုင် များသို့ အသိပေးရန်နှင့် အဆိုပါ ဈေးများထက်ပို၍ ဈေးပေးဝယ်ယူမှုများရှိပါက ဖော်ထုတ်တင်ပြရန်နှင့် ဝယ်ယူရေးကိုနောက်ဆက်တွဲပါ ဝယ်ယူရေးလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန် ညှိနှိုင်း အကြောင်းကြား အပ်ပါသည်။

photo_2023-09-22_12-19-55.jpg


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Friday, 22 September 2023 12:20
Rate this item
(0 votes)