Myanmar



စင်ကာပူမှာ ဘင်္ဂလားဒေ့ရှ်ထက် မြန်မာ ငါးသလောက် ဈေးသက်သာ

စင်ကာပူမှာ ဘင်္ဂလားဒေ့ရှ်ထက် မြန်မာ ငါးသလောက် ဈေးသက်သာ


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

 ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ကမ္ဘာ့ငါးသလောက် ထုတ်လုပ်မှုတွင် ရှေ့တန်းမှ ရပ်တည်နေပြီး တစ်ကီလိုဂရမ်လျှင် တာကာ ၉၀၀ ကျပ်မှ တာကာ၂,၀၀၀ အထိ ဈေးတောင်းဆိုသည်။ 

 

စင်ကာပူတွင် ငါးသလောက်သည် တစ်ကီလိုဂရမ်လျှင် ၇.၅ မှ ၁၀ စင်ကာပူဒေါ်လာကြားရှိသည်။ တာကာ ၆၀၀ မှ ၈၀၀ နှင့်ညီမျှသည်။ 

 

သို့ဖြစ်ရာ ငါးသလောက်ကို ပြည်ပမှ တင်သွင်းရောင်းချသည့် စင်ကာပူတွင် ငါးသလောက် အမြောက်အမြား ထုတ်လုပ်သည့် ဘင်္ဂလားဒေ့ရှ်ထက် ဈေးသက်သာသည်။ 

 

စင်ကာပူသည် ဘင်္ဂလားဒေ့ရှ် အပါအဝင် အာရှနိုင်ငံများ ဖြစ်သော မြန်မာ၊ ၊ ပါကစ္စတန်၊ အိန္ဒိယနှင့် မလေးရှားစသည့် နိုင်ငံများမှ ငါး၊ အသား၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို တင်သွင်းသည်။ ငါးတင်သွင်းမှု အများစုသည် မြန်မာနိုင်ငံမှ ဖြစ်သည်။

 

 ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှ စင်ကာပူတွင် လာရောက်နေထိုင်ကြသူများသည် စင်ကာပူတွင် အဆိုပါငါးများကို အဓိကစားသုံးသူများဖြစ်သည်။ အချို့ငါးအငယ်စားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းကြပြီး ၎င်းငါးများသည် စင်ကာပူတွင် စျေးပိုပေး၍ ဝယ်ယူကြသည်။ ဝယ်ယူသူ အများစုမှာ စင်ကာပူတွင် အလုပ်လုပ်ကိုင် နေထိုင်ကြသော ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံသားများ ဖြစ်ကြပြီး ၎င်းတို့ လူများစု နေထိုင်သည့် Little India ရှိ ဈေးဆိုင်များတွင် ရောင်းချကြသည်။

Little India မှ E-Hong Mini Mart တွင် ငါးသလောက် သုံးကောင်ပါ အထုပ်များကို တစ်ထုပ်လျှင် စင်ကာပူဒေါ်လာ ၁၀ ဖြင့် ရောင်းသည်။ 

ငါးသလောက် သုံးကောင်ပါ အထုပ်များသည် အလေးချိန် ကီလိုဂရမ် ၁.၃ မှ ၁.၄ အထိ ရှိသည်။

(အလေးချိန် ဂရမ် ၄၃၃ မှ ၄၇၀ အထိ ရှိသော အရွယ်အစား ဖြစ်ပါသည်)

  

Bangladesh Bank ငွေလဲနှုန်းအရ ၁ စင်ကာပူဒေါ်လာသည် တာကာ ၈၀.၈၃ နှင့် ညီမျှသည်။

၎င်းငွေလဲနှုန်ူအရ တွက်ချက်လျှင် တစ်ကီလိုဂရမ်ကို တာကာ ၆၃၀ ဖြင့် ဝယ်ယူနိုင်သည်။

 

အနည်းငယ် ပိုကြီးသော ငါးသလောက် (တကောင်လျှင် အလေးချိန် ဂရမ် ၅၀၀-၇၀၀ ရှိသော အရွယ်အစား)  ၃ ကောင် အထုပ်ကို စင်ဒေါ်လာ ၁၄ ( တာကာ ၁၁၃၁) ဖြင့် ရောင်းသည်။ သို့ဖြစ်ရာ ငါးသလောက် တစ်ကီလိုဂရမ်လျှင် တာကာ ၄၇၅-၅၄၀) ကျသင့်သည်။ 

 

စင်ကာပူရှိ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ငါးတင်သွင်းသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Commodity Connect သည် အရွယ်အစား ငယ်သည့် ငါးသလောက် ၃ ကောင်ပါ အထုပ်ကို ၇ စင်ဒေါ်လာ (တာကာ ၅၆၅)ဖြင့် ရောင်းချသည်။ အရွယ်ကြီးသည့် ငါးသလောက် ၃ ကောင်ပါ အထုပ်ကို စင်ဒေါ်လာ ၁၀ (တာကာ ၈၁၀)ဖြင့် ရောင်းချသည်။

 

ဘင်္ဂလားဒေ့ရှ်၊ Shwapno နှင့် Agora အပါအဝင် စူပါဆိုင်များတွင် ၄၀၀ မှ ၄၅၀ ဂရမ်အထိ အလေးချိန်ရှိသော ငါးသလောက် တကောင်ကို ၃၇၈ တာကာဖြင့် ရောင်းချလျက်ရှိသည်။ သို့ဖြစ်ရာ တစ်ကီလိုဂရမ်ကို ၉၄၅ တာကာ ကျသင့်သည်။

၎င်းစူပါဆိုင်များတွင် ပိုကြီးသည့် (၁.၂-၁.၅ ကီလိုဂရမ်) ငါးသလောက်တကောင်ကို တာကာ ၁၆၀၀ ဖြင့် ရောင်းချသည်။ 

ဈေးများတွင်လည်း အလားတူဈေးနှုန်းများဖြင့် ရောင်းချကြသည်။ 

 

E-Hong Mini Mart လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး Shariful Ahmed က “ဘင်္ဂလားဒေ့ရှ်က ငါးသလောက် အများအပြား ထုတ်လုပ်တင်ပို့နေတဲ့ နိုင်ငံဖြစ်နေပေမဲ့ စင်ကာပူမှာ ငါးသလောက် အပါအဝင် ငါးတွေ ရဲ့ အဓိကအရင်းအမြစ်က မြန်မာနိုင်ငံပါ" ဟု ပြောကြားသည်။

 

"ဘင်္ဂလားဒေ့ရှ်က ငါးသလောက် မရရင် မြန်မာက ငါးသလောက်ကို ဝယ်ပါတယ်။ ကျွန်တော်တို့ဆီက ငါးသလောက်ကို ဒီမှာ လုပ်ကိုင်နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ နိုင်ငံသားတွေ လာဝယ်ကြပါတယ်။ ကျွန်တော်တို့က ငါးသလောက် ရောင်းဈေးကို အရင်းကြေရုံမျှမက မြိုးမြိုးမြက်မြက် အမြတ်ရမယ့် ဈေးနှုန်းကို သတ်မှတ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

"ငါးသလောက် ထုတ်လုပ်မှု အများဆုံး ထိပ်တန်း(၁၀) နိုင်ငံစာရင်းမှာ ဘင်္ဂလားဒေ့ရှ်က ပထမနေရာမှာပါ။ မြန်မာက တတိယနေရာမှာပါ" ဟု ၎င်းက ပြောကြားသည်။

ငါးသလောက် ထုတ်လုပ်မှု အများဆုံး ထိပ်တန်း(၁၀) နိုင်ငံစာရင်းတွင် အိန္ဒိယက ဒုတိယ နေရာတွင် ရှိနေသည်။

မြန်မာနိုင်ငံသည် အာရေဗျပင်လယ်၊ ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာများတွင် ကမ်းရိုးတန်းရှိသည့် နိုင်ငံများနှင့်အတူ တတိယနေရာတွင် ရှိနေသည်။

 

Commodity Connect ၏တာဝန်ခံ Sakhawat Hossain Sharif က "ငါးသလောက် အပါအဝင် ငါးအမျိုးမျိုး အမြောက်အမြား တင်သွင်းပါတယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံမှ တင်သွင်းပါတယ်။ ပါကစ္စတန်နှင့် မလေးရှားတို့ထံမှလည်း တင်သွင်းပါတယ်။ အဲဒီငါးတွေကို ဘင်္ဂလားဒေ့ရှ်က တင်သွင်းဖို့ ဆိုတာက လက်တွေ့မကျတဲ့ အဓိက အချက် ၂ ချက် ရှိနေပါတယ်" ဟု ရှင်းပြသည်။

 

"ပထမတချက်က ဈေးနှုန်းတွေ နှိုင်းယှဉ်ကြည့်ရင် မြန်မာက ဘင်္ဂလားဒေ့ရှ်ထက် သိသိသာသာ သက်သာ‌တယ်။ ဈေးကွာနေတဲ့အတွက် ဘင်္ဂလားက ဝယ်ယူတင်သွင်းဖို့ ဆိုတာက စိန်ခေါ်မှု ဖြစ်နေတယ်" ဟု သူက ရှင်းပြသည်။

 

"မြန်မာနိုင်ငံမှ တင်သွင်းတဲ့ ငါးတွေက သွင်းကုန် ကုန်ကျစရိတ်၊ သိုလှောင်ရုံ ဝန်ဆောင်ခနှင့် ပို့ဆောင်စရိတ် စတာတွေ ထည့်တွက်ပြီးချိန်မှာ ကျွန်တော်အတွက် အမြတ်ကျန်တဲ့ ဈေးနှုန်းနဲ့ ရောင်းလို့ ရတယ်" ဟု သူက ဆိုသည်။

သူက ဉပမာတစ်ခု ပြောပြသည်။

"ကျွန်တော်တို့ ငါးနုသန်းကို မြန်မာနိုင်ငံမှ ဝယ်ယူရင် တစ်ကီလိုဂရမ်ကို ၆ စင်ဒေါ်လာအောက် ကုန်ကျပါတယ်။ ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူရင် တစ်ကီလိုဂရမ်ကို ၁၁ စင်ဒေါ်လာအထက် ကုန်ကျမှာ ဖြစ်ပါတယ်"

 

ထည့်သွင်းစဉ်းစားရမည့် နောက်ထပ်အချက်မှာ စစ်ဆေးပြီး စာရွက်စာတမ်းများ ထုတ်ပေးသည့်  လုပ်ငန်းစဉ် ရှည်ကြာခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ကွန်တိန်နာများထဲမှ ငါးများကို စစ်ဆေးရန် ထိထိရောက်ရောက် လုပ်နိုင်သဖြင့် တစ်ရက်နှစ်ရက်အတွင်း ပြီးစီးသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် တပတ်အထိ ကြာတတ်သည်။

ထိုသို့ ကြာမြင့်ခြင်းသည် စင်ကာပူရှိ ငါးတင်သွင်းသူ အများစုအတွက် အဟန့်အတား ဖြစ်စေသည်။

စာရွက်စာတမ်းကိစ္စရပ်များ ရှုပ်ထွေး ကြန့်ကြာသည့်အပြင် ရေလုပ်ငန်းဌာနမှ တာဝန်ရှိသူတို့ထံမှ ပူးပေါင်းဆောင်ရွက်မှု မရရှိဟု ၎င်းက ပြောကြားသည်။

 

Source businesspostbd


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Tuesday, 10 October 2023 17:56
Rate this item
(0 votes)