Myanmar



မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အသင်းဝင်ရောက်ရန် လိုအပ်ချက်များ

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အသင်းဝင်ရောက်ရန် လိုအပ်ချက်များ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း သို့ အသင်းဝင်ရောက်ရန် စိတ်ဝင်စားသော ကုမ္ပဏီများ၊ ဆီစက်လုပ်ငန်းများ၊ စားသုံးဆီလက်လီ/လက်ကား ရောင်းချသူများ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ၊ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအနေဖြင့် 

 

မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ရုံးခန်း 

အမှတ် ၈၀၃၊ UMFCCI အဆောက်အဦ၊

အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊ 

လမ်းမတော်မြို့နယ်

 

သို့ လာရောက်၍ အသင်းဝင်ရောက်နိုင်ပါသည်။

 

အသေးစိတ်မေးမြန်းလိုပါက- တယ်လီဖုန်းနံပါတ် ၀၁၂၃၁၄၂၉၆နှင့် ၀၉၄၄၄၄၃၇၂၉၅ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

အောက်ဖော်ပြပါ အသင်ဝင်ကြေးကုန်ကျစရိတ်မှအပ မည်သည့် ကုန်ကျစရိတ်ကိုမျှ ထပ်ဆောင်း ပေးချေရန် မလိုအပ်ပါကြောင်း အသိပေးအပ်ပါသည်-

 ရာသက်ပန်အသင်းသား (ရိုးရိုးအသင်း သား) အသစ် ဝင်ရောက်ရန်အတွက်-

 

(က) သန်းခေါင်စာရင်းမိတ္တူ (၁)စောင်၊

 

( ခ ) မှတ်ပုံတင်မိတ္တူ (၁)စောင်၊

 

( ဂ ) တစ်လက်မပတ်လည် ကာလာဓါတ်ပုံ (၃)ပုံ၊

 

(ဃ) ရာသက်ပန် (ရိုးရိုး) အသင်းသား တစ်ဦးအတွက် ၅၀၀,၀၀၀ ကျပ်၊

 

( င ) ကဒ်ပြားပြုလုပ်ခ ၉,၀၀၀ ကျပ်၊

 

( စ ) အသင်းဝင်ကြေးပုံစံ ၁,၀၀၀ ကျပ်၊

 

(ဆ) စုစုပေါင်း ပေးသွင်းရန် ၅၁ဝ,ဝဝဝ ကျပ်။

ရာသက်ပန်အသင်းသား (ကုမ္ပဏီ) အသစ်ဝင်ရောက်ရန်အတွက်-

 

(က) ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနDICA မှထုတ်ပေးသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ (၁)စောင်၊

 

( ခ ) ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်မိတ္တူ (၁)စောင်၊

 

( ဂ ) ကုမ္ပဏီမှ ကိုယ်စားလှယ်လွှဲအပ်သည့် အစည်းအဝေးမှတ်တမ်း (၁)စောင် နှင့် ကိုယ်စားလှယ်လွှဲစာ

 

(ဃ) ကိုယ်စားလှယ် ဒါရိုက်တာ၏ မှတ်ပုံတင်မိတ္တူ (၁)စောင်၊

 

( င ) တစ်လက်မပတ်လည် ကာလာဓါတ်ပုံ (၃)ပုံ

 

( စ ) ရာသက်ပန်(ကုမ္ပဏီ)အသင်းသားအတွက် ၂,၀၀၀,၀၀၀ ကျပ်၊

 

(ဆ) ကဒ်ပြားပြုလုပ်ခ ၉,၀၀၀ ကျပ်၊

 

( ဇ ) အသင်းဝင်ကြေးပုံစံ ၁,၀၀၀ ကျပ်၊

 

( ဈ ) စုစုပေါင်းပေးသွင်းရန် ၂,ဝ၁ဝ,ဝဝဝ ကျပ်။

 

အလုပ်အမှုဆောင်အဖွဲ့

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)