Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးဥကြော်ချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ငါးဥကို ခရမ်းချဉ်သီးအနှစ်နဲ့ ကြော်ချက်ချက် သို့မဟုတ်

သူ့ချည်းသက်သက် အခြောက်လည်း ကြော်စားနိုင်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ငါးဥ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်မိတ်၊ နနွင်း၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆားနှင့် ဆီ တို့ လိုအပ်ပါမယ်။

ပထမဦးစွာ ငါးဥကို ရေဆေးသန့်စင်ပြီး ဆား၊ နနွင်းထည့်နယ်ပြီး ရေခန်းပြုတ်ပေးပါ။ ခရမ်းချဉ်သီးသေးသေးစိတ်ပြီး ကြက်သွန်ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ရောထောင်းထားပါ။ ကြက်သွန်မြိတ်ကို ရေဆေးသန့်စင်ကာ သေးသေးစိတ်ပါ။ အားလုံးအသင့်ဖြစ်ပါက အိုးထဲတွင်ဆီထည့်ပြီး ကြက်သွန်နီနှင့် ငရုတ်သီးအစိမ်းမှုန့်တို့ကို ရောဆီသတ်ပါ။

ခရမ်းချဉ်သီးသေးသေးစိတ်ထားသည်များကိုထည့်ပါ။ ခရမ်းချဉ်သီး ကြေညက်အောင် မွှေပေးပါ။

ခရမ်းချဉ်သီးကြေညက်ပါက ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းထောင်းထားသည်ကိုထည့်ပါ။ ပြီးလျှင် ပြုတ်ထားသော ငါးဥ၊ ကြက်သွန်မြိတ်တို့ကိုထည့်၍ သမအောင်မွှေပေးပါ။

လိုအပ်ပါက ရေအနည်းငယ်ထည့်ပေးပြီး အရသာအပေါ့အငန်မြည်းကာ သမအောင်မွှေပေးပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:55
Rate this item
(1 Vote)