Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သက်လွတ် အာလူးထမင်းနယ်

ဒီတစ်ပတ်တင်ပြမည့် အကြောင်းကတော့ ရှမ်းဒေသအစားအစာဖြစ်တဲ့ လွယ်ကူပြီး

အိမ်မှာ လုပ်စားသင့်တဲ့ သက်သက်လွတ် အာလူးထမင်းနယ် အကြောင်းပဲဖြစ်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ရှမ်းဆန်၊ အာလူး၊ ကြက်သွန်ဖြူ၊ မြေပဲကြော်၊ ဂျူးမြစ်၊ နံနံပင်၊ ငရုတ်သီးကြော်၊ နနွင်းမှုန့်၊ ဆားနှင့် ဆီတို့ လိုအပ်ပါမယ်။

ပထမဆုံး ရှမ်းဆန်ကို ရေဆေး၍ မီးဖိုပေါ်တင်ပြီး ချက်ထားပါ။ ဂျူးမြစ်နှင့် နံနံပင်ကိုလည်း သန့်စင်အောင် ဆေးကြောထားပါ။

အာလူးကို ရေနွေးအိုးပွက်ပွက်ထဲထည့်ပြီး ဆားထည့်ပြုတ်ထားပါ။ အာလူးများကျက်လာရင် ရေစစ်ပြီး အေးအောင်ထားပါ။

ပြီးလျှင် ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၊ နနွင်းမှုန့်ထည့်၍ ကြက်သွန်ဖြူကို ဆီသတ်ပေးပါ။ ထမင်းကျက်ပြီဆိုရင် ဇလုံထဲသို့ ထမင်း၊ အာလူးများထည့်၊ ဆားထည့်ပြီး ရောသမအောင်မွှေ၍ အာလူးကြေညက်အောင် နယ်ရပါမယ်။

ပြီးနောက် ကြက်သွန်ဖြူဆီချက်ဖြူး၍ မြေပဲကြော်၊ ဂျူးမြစ်၊ နံနံပင် နှင့် ငရုတ်သီးကြော်တို့နှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 17:37
Rate this item
(3 votes)