Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဂုံးချဉ်စပ်

ပင်လယ်စာကြိုက်နှစ်သက်သူများ ကမ်းခြေသို့သွားရောက်သုံးဆောင်စရာမလို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း

လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ဂုံးချဉ်စပ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ဂုံး၊ နမ်းဖိဖောက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ရှမ်းနံနံ၊ စပါးလင်၊ ငရုတ်သီးအနီ၊ ပင်စိမ်း၊ နှမ်းဆီတို့ လိုအပ် ပါမယ်။


ဂုံးချဉ်စပ်ချက်ဖို့အတွက် အသင့်ပြုလုပ်ပြီးသား ဝယ်ယူရရှိနိုင်တဲ့ နမ်းဖိဖောက်ကို အသုံးပြုရပါတယ်။

 

နမ်းဖိဖောက်မှာ ငပိ၊ ပုစွန် ခြောက်၊ မန်ကျည်းနှစ်၊ ငရုတ်သီးနဲ့ ဆီပါဝင်ပြီး ဖြစ်ပါတယ်။

 

ပထမဆုံး အိုးတစ်လုံးမှာ နမ်းဖိဖောက်ကိုထည့်ပြီး ခရမ်းချဉ်သီး နုပ်နုပ်စဉ်းနဲ့ ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်ပါ။

 

ပြီးနောက် ရေအနည်းငယ်နဲ့ ဂုံးများထည့်ချက်ပြီး ဂုံးနူးတဲ့အခါ ပန်းကန်တစ်ချပ်မှာ ဆယ်ယူထားလိုက်ပါတယ်။

 

အိုးထဲမှာ ကျန်တဲ့ဟင်းအနှစ်ထဲကို နုပ်နုပ်စဉ်းထားတဲ့ ရှမ်းနံနံ၊ စပါးလင်နဲ့ ငရုတ်သီးနီတို့ကို ထည့်ချက်ပြီး ဂုံးပန်းကန် မှာ လောင်းထည့်ကာ အပေါ်ယံမှ နှမ်းဆီမွှေးဆမ်းပြီး ပင်စိမ်းရွက်နဲ့ အလှဆင်ကာ ဂုံးချဉ်စပ်ကို တည်ခင်း သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 12 November 2018 17:13
Rate this item
(0 votes)