Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးဖယ်ရဲယိုရွက်နှင့်ချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ငါးဖယ်ရဲယိုရွက်ချက်နည်းအကြောင်းကို

တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ငါးဖယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ရဲယိုရွက်၊ ဆီ၊ ငရုတ်သီးအရောင်တင်မှုန့်၊ ခရမ်းချဉ်သီး၊ ငံပြာရည်၊ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ လိုအပ်ပါမယ်။

ငါးဖယ်ကို ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့နဲ့ ငါးဖယ်ကို မာအောင်လုပ်ထားပါ။ ပြီးလျှင်
ရဲယိုရွက်ကို ရေစင်စင်ဆေးပြီး ငါးဖယ်ထည့်၍ ထုပ်ထားပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ညက်အောင်ထောင်း၍ ဒယ်အိုးထည့်သို့ ဆီထည့်ပါ ပြီးလျှင် အရောင်တင်မှုန့်ထည့် ဆီသတ်ပါ။

ပြီးနောက် ခရမ်းချဉ်သီးကို သေးသေးလှီးထည့်ပါ။ ခရမ်းချဉ်သီးနွမ်းလျှင် လိပ်ထားသော ငါးဖယ်ရဲယိုထုပ်များ ထည့်လိုက်ပါ။

ရေအနည်းငယ်ထည့် ငံပြာရည်ထည့် ငရုတ်သီးစိမ်းထည့်ပြီးအဖုံးအုပ်ထားပါ။ ဆီပြန်လျှင် နံနံပင်အုပ် မီးဖိုပေါ်မှချ၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 17:33
Rate this item
(1 Vote)