Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းအစားအစာဖြစ်တဲ့ ဆန်ပြားလိပ်

 

လူကြီးရော ကလေးပါ ကြိုက်နှစ်ကြတဲ့ အရမ်းစားလို့ကောင်းပြီး အရသာရှိတဲ့ ဆန်ပြားလိပ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။



ပါဝင်တဲ့ပစ္စည်းများကတော့ ဆန်ပြားအချပ်လိုက်၊ ခရမ်းချဉ်သီး၊ ဆား၊ သကြား၊ ပဲငံပြာရည်အပြစ်၊ မြေပဲထောင်း၊ နှမ်းလှော်၊ ပဲပင်ပေါက်၊ ဂျူးမြစ်၊ ကြက်သွန်ဖြူဆီချက် တို့ လိုအပ်ပါမယ်။

 



ပထမဦးဆုံး ခရမ်းချဉ်သီးကို ဆား၊ သကြား၊ ပဲငံပြာရည်အပြစ် တို့ ဖြင့် မပျစ်မကျဲလေးချက်ထားပါ။

 

 

ဂျူးမြစ်ကို တစ်လက်မအရွယ်ဖြတ်ပြီး၊ ရေနွေးဖျောထားပါ။ ပဲပင်ပေါက်ကိုလည်း ရေနွေးဖျောထားပါ။

 

 


ဆန်ပြားလိပ်လုပ်ရန်အတွက် ဆန်ပြားအချပ်လိုက်ကို ဖြန့် ခင်းပါ။ ပြီးလျှင် ဆန်ပြားအလယ်လောက်ကို ခရမ်းချဉ်သီးအနှစ်၊ ကြက်သွန်ဖြူဆီချက်၊ မြေပဲထောင်းတို့ကိုထည့်၍ ဇွန်းရဲ့ အောက်ခြေဖြင့် ဆန်ပြားအနှံ့ ကိုအနှစ်များ နှံ့သွားအောင် ဖြန့် ပေးပါ။

 

 

ပြီးလျှင် နှမ်းအနည်းငယ်ကို အနှံ့ဖြူးပေးပါ။ ပြီးနောက် ဆန်ပြားအချပ်ရဲ့  အနံလိုက် တစ်ဖက် အစွန်းမှာ ရေနွေးဖျောထားသော ပဲပင်ပေါက်ကိုထည့်၊ ဂျူးမြစ်ကိုနည်းနည်းပဲထည့်ပြီးလိပ်ပါ။

 


ပြီးနောက် တစ်လက်မအရွယ်ခန့် လှီး၍ ပန်းကန်ထဲထည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read 5198 times Last modified on Saturday, 27 October 2018 11:51
Rate this item
(1 Vote)