Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ဒုတိယအကြိမ် ဥရောပအစားအစာပွဲတော်ကျင်းပမည်

ဒုတိယအကြိမ်မြောက် ဥရောပအစားအစာပွဲတော်ကို ရန်ကုန်မြို့ Rose Garden Hotel ၌

ဇွန် ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပွဲမှရရှိသည့် အကျိုးအမြတ်များကို ပြည်တွင်းရှိ လိုအပ်သောနေရာသုံးနေရာသို့ ခွဲဝေ လှူဒါန်းမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ၏ ပြောကြားချက်အရ သိရပါတယ်။

 

ပွဲတော်မှာ ဥရောပနိုင်ငံက နာမည်ကြီး လူကြိုက်များတဲ့ ဥရောပအစားအစာ ၂၈ မျိုးကို ချက်ပြုတ်ပြသမှာဖြစ်ပြီး အကောင်းဆုံး အစားအစာတွေကိုလည်း မြည်းစမ်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

 

ပြည်တွင်းမှာရှိတဲ့ ဟိုတယ်အများစုကလည်း ပါဝင်ပြသကြမှာဖြစ်ပါတယ်။ ၀င်ကြေးအနေနဲ့ကတော့ တစ်ယောက်ကို ငွေကျပ် ၂၀,၀၀၀/- သတ်မှတ်ထားပြီး လူဦးရေ ၁၂၀၀ ၀င်ရောက်နိုင်ဖို့အတွက် စီစဉ်ထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

 

ယင်းပွဲတော်တွင် ဂျာမနီ၊ ရုရှား၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ အီတလီ၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန်၊ အိုင်ယာလန် စသည့် နိုင်ငံတို့မှ အစားအသောက်များကို ချက်ပြုတ်ပြသမှာဖြစ်ကြောင်း သိရပါတယ်။

 

ပထမအကြိမ်တုန်းက ဥရောပအစားအစာပွဲတော်ကို ရန်ကုန်မြို့၌ပင် ကျင်းပခဲ့ပြီး ရရှိသော အကျိုးအမြတ်အားလုံးကို မေတ္တာရောင်ခြည်မိဘမဲ့ဂေဟာသို့ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

Source: Myawaddy

Read 1231 times Last modified on Monday, 17 September 2018 14:10
Rate this item
(1 Vote)