Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ပဉ္စမအကြိမ်မြောက် Myanmar FoodBev နှင့် တတိယအကြိမ် Myanmar Retail Sourcing Expo 2018 ကျင်းပ


ရန်ကုန်မြို့ တွင် ပဉ္စမအကြိမ်မြောက် Myanmar FoodBev နှင့် တတိယအကြိမ် Myanmar Retail Sourcing Expo 2018 ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရခွဲမှာ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ပြပွဲကို ဖွင့်လှစ်ခဲ့ပါတယ်။

 

ပြပွဲပြသသွားမည့်ရက်များကတော့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ နေ့စဉ် နံနက် ၉း၃၀ မှ ညနေ ၅း၃၀ အထိ ၀င်ကြေးအခမဲ့ ဖြစ်ပါတယ်။

 

ပြပွဲကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ စားသောက်ဆိုင်များအသင်းနဲ့ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းရဲ့ ခိုင်မာတဲ့ ပံ့ပိုးမှုများနဲ့ ပြည်တွင်းနဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်၊ ထိုင်ဝမ် အစရှိတဲ့ နိုင်ငံတကာ ခင်းကျင်းပြသသူတွေရဲ့ နောက်ဆုံးပေါ် အကောင်းဆုံး အစားအသောက်နဲ့ အဖျော်ယမကာ ပံ့ပိုးမှု၊ တပ်ဆင်မှုတွေနဲ့ အပြင်အဆင်၊ အရောင်းနဲ့ ဖျော်ဖြေမှုနည်းပညာတွေနဲ့ ရောင်းကုန်အမျိုးအစားတွေကို ပြသထားပါတယ်။

 

မြန်မာနိုင်ငံ စားသောက်ဆိုင်များအသင်းမှ ပြပွဲ ပထမဦးဆုံးနေ့ ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂း၃ဝ အထိ မြန်မာမုန့်ဟင်းခါးချက်ပြုတ်ပါမယ်။ ပြီးနောက် မွန်းလွဲ ၁း၃၀ နာရီမှ ၃း၃ဝ အထိကို မုန့်ဟင်းခါးအစားပြိုင်ပွဲ ကျင်းပမှာဖြစ်ပါတယ်။

 

ပြပွဲ ဒုတိယနေ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂း၃၀ အထိ ကို Pasta လုပ်ပါမယ်။ ပြီးနောက် မွန်းလွဲ ၁းဝဝ နာရီမှ ၁း၄၅ အထိကို Pasta အစားပြိုင်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ ပြီးရင်တော့ မွန်းလွဲ ၂ နာရီမှ ၃း၄၅ နာရီ အထိ ဆွေးနွေးပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။

 

ပြပွဲ နောက်ဆုံးနေ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂း၃၀ အထိ ကို ကြေးအိုးချက် ပါမယ်။ ပြီးနောက် မွန်းလွဲ ၁းဝဝ နာရီမှ ၃းဝဝ အထိကို Myanmar Bartenders Association မှ ပြသသွားပါမယ်။

 

 

Read times Last modified on Tuesday, 18 September 2018 10:28
Rate this item
(2 votes)