Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့အကြီးကျယ်ဆုံး မွေးမြူရေးဆိုင်ရာ ဆေးဝါးနှင့် အစာထုတ်လုပ်မှုဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီး

Unicode

မြန်မာ့အကြီးကျယ်ဆုံး မွေးမြူရေးဆိုင်ရာ ဆေးဝါးနှင့် အစာထုတ်လုပ်မှုဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီး


မြန်မာ့အကြီးကျယ်ဆုံး မွေးမြူရေးဆိုင်ရာ ဆေးဝါးနှင့် အစာထုတ်လုပ်မှုဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကြီးနှင့် ဆွေးနွေးဟောပြောပွဲကို ရန်ကုန်မြို့၊ မင်းနန္ဒာလမ်းရှိ Myanmar Expo Hall တွင် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ ချုပ်၏ လမ်းညွှန်မှုဖြင့် ကျင်းပပြုလုပ်တဲ့ အဆိုပါပြပွဲကြီးတွင် မြန်မာ့လယ်ယာသုံး စက်ပစ္စည်းများနှင့်အတူ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမဏီ၊ နယ်သာလန်၊ အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ ကိုရီးယား အစရှိတဲ့ နိုင်ငံပေါင်း (၁၈) နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၀၀ ကျော်တို့ ပါဝင်ပြသထားပါတယ်။

 

အဆိုပါပြပွဲကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်လှစ်ပေးပြီး ပြပွဲအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။

 

ပြပွဲတွင် မွေးမြူရေးခြံနှင့် ဆက်စပ်ပစ္စည်းများ၊ မွေးမြူရေးအစားအစာနှင့် အစေ့အဆန်များ သိုလှောင်ရန်ပစ္စည်းများ၊ အစာကြိတ်စက်နှင့် အစာထုတ်လုပ်မှုဆိုင်ရာ ပစ္စည်းများ၊ မွေးမြူရေးဆိုင်ရာ ဆေးဝါးများ၊ မွေးမြူရေးအစာ ပါဝင်ပစ္စည်းနှင့် ဖြည့်စွက်ပစ္စည်းဆိုင်ရာ နောက်ဆုံးပေါ်ကုန်ပစ္စည်းများအား လေ့လာနိုင်ပါတယ်။

 

ဒါ့အပြင် မွေးမြူရေးဆိုင်ရာ ဆေးဝါးနှင့် တိရစ္ဆာန်အစာထုတ်လုပ်မှု နည်းပညာဟောပြောပွဲများကိုလည်း ဒီဇင်ဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

Read More >>>>>  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ပြန်


ပြပွဲတွင် အဓိက ပါဝင်ပြသော စပွန်ဆာကုမ္ပဏီကြီးများမှာ Diamond Sponsor အဖြစ် Big Dutchman, Famsun (Muyang Group) နှင့် Gold Sponsor အဖြစ် Biomin Singapore Pte Ltd, K-PRO GMBH, Alberio တို့ အဓိက ပါဝင်ပြသထားပါတယ်။

 

ပြပွဲကို မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။


#MFID

 

 


 


 


 


 


 


 

Read More >>>>>  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ပြန်



 


 

#MFID

 

AGRI 1

 

AGRI 2

 

AGRI 3

 

AGRI 4

 

AGRI 5

 

AGRI 7

 

Read times Last modified on Tuesday, 04 February 2020 13:57
Rate this item
(0 votes)