Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


ခြောက်ကြိမ်မြောက် မြန်မာစားသောက်ကုန်ပြပွဲနှင့် လေးကြိမ်မြောက် မြန်မာလက်လီအရောင်းပြပွဲ ၂၀၁၉

ခြောက်ကြိမ်မြောက် မြန်မာစားသောက်ကုန်ပြပွဲနှင့် လေးကြိမ်မြောက် မြန်မာလက်လီအရောင်းပြပွဲ တို့တွင် ယခင်နှစ်များအတိုင်း နောက်ဆုံးပေါ် စားသောက်ကုန်နှင့်အဖျော်ယမကာ

ကုန်ပစ္စည်းများ အပြင် လက်လီလုပ်ငန်းများ အတွက် လိုအပ်သည့် နည်းပညာ၊ solution၊ လုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ အပြင် လက်လီကုန်ပစ္စည်းများအတွက် လိုအပ်သော ကုန်ကြမ်းများ ကိုပါ တစ်နေရာတည်းတွေ စုံစုံလင်လင် ပြသသွားမည့် ပြပွဲတစ်ခုဖြစ်ပါတယ်။


ပြပွဲ၏ ရည်ရွယ်ချက်မှာလဲ မြန်မာနိုင်ငံမှ ဈေးဝယ်စင်တာ၊ ဟိုက်ပါမားကတ်၊ လက်လီလုပ်ငန်းရှင်များ၊ သွင်းကုန်လုပ်ငန်းရှင်များ၊ ပြန်လည်ဖြန့်ဖြူးရောင်းချသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင် နှင့် ကော်ဖီဆိုင်ဖွင့်လိုသူများအတွက် နိုင်ငံတကာမှ ကုန်ပစ္စည်းရောင်းချသူများနှင့် ချိတ်ဆက်ဝယ်ယူ နိုင်ရန်အတွက်ဖြစ်ပါတယ်။


ယခုနှစ်ပြပွဲတွင် မြန်မာနိုင်ငံအပြင် ဟောင်ကောင်၊ ကိုရီးယား၊ မလေးရှား၊ ထိုင်းနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့မှ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၆၀ ကျော်ပါဝင်ပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်း မြန်ဆန်သည့်ဝန်ဆောင်မှုများ ဖြင့် ၎င်းတို့၏ စားသောက်ကုန်၊အဖျော်ယမကာနှင့် လက်လီကုန်ပစ္စည်းတို့ကို သယ်ဆောင်လာမည်ဖြစ်ပါတယ်။


ခြောက်ကြိမ်မြောက် မြန်မာစားသောက်ကုန်ပြပွဲ နှင့် လေးကြိမ်မြောက် မြန်မာ လက်လီအရောင်းပြပွဲ တို့ကို ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA)၊ မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များအသင်း (MMRA) တို့မှ ပါဝင်ကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်။

 

#Myamar Food Industry Directory (WWH)

Read times Last modified on Wednesday, 24 July 2019 11:42
Rate this item
(0 votes)