Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


Nestle CERELAC မှ ကြီးမှူးကျင်းပခဲ့တဲ့ ကလေးတို့အတွက် အာဟာရဆိုင်ရာဆွေးနွေးပွဲနှင့် အာဟာရမိတ်ဆက်ပွဲ

၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက်နေ့တွင် Sule Shangrila Grand Ballroom တွင် Nestle CERELAC မှ အသက်

နှစ်နှစ်နှင့်အထက်ကလေးများအတွက် အဟာရဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ကျင်းပခဲ့ပြီး ကျန်းမာရေးနှင့်ညီညွတ်တဲ့ အဆာပြေမုန့် Nestle CERELAC Nutripuffs (Banana & Strawberry) ပစ္စည်း သစ်အား စတင်မိတ်ဆက်ခဲ့ပါတယ်။

 

ယင်းအပြင် Nestle CERELAC မှ ဆက်လက်ပြုလုပ်သွားမည့် Let’s Eat Campaign ကိုလည်း စတင်မိတ်ဆက်ခဲ့ပါတယ်။

 

ယင်းပွဲတွင် မိသားစုထမင်းစားချိန်၏ အရေးပါပုံနှင့် ကလေးငယ်တွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာအဆာပြေမုန့် ရွေးချယ်မှုကို အသိပညာပေးခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်။

 

အသက် နှစ်နှစ်နှင့်အထက် ကလေးများကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ သွားရည်စာကို ကျွေးသင့်ကြောင်းကို ပါမောက္ခဒေါက်တာကေသီထွန်းမှ ပြောကြားခဲ့ပါတယ်။

 

Nestle Nutrition မှ မြန်မာမိခင်တိုင်းအတွက် အာဟာရဆိုင်ရာ ဗဟုသုတတွေပိုမိုတိုးပွားလာစေဖို့နဲ့ မှန်ကန်ပြီး အာဟာပြည့်ဝတဲ့အစားအစာကို ကလေးများ ရွေးချယ်နိုင်စေဖို့အတွက် ကူညီအသိပေးသွားမည်ဟု Ms. Maila Capanzana မှ ပြောကြားခဲ့ပါတယ်။

 

Nestle Cerelac Nutripuff က အခြားသွားရည်စာအဆာပြေမုန့်များနှင့်မတူဘဲ သကြားဓာတ်၊ အငန်ဓာတ်တွေ လွန်ကဲစွာမပါဝင်ဘဲ စီရီရယ်နှင့် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ကြောင်းကို ဒေါက်တာ ဆုနွယ်ဇော်မှ ပြောကြားခဲ့ပါတယ်။

 

Nestle Cerelac က ကလေးများအတွက် လိုအပ်တဲ့ Iron, Vitamin B & Zinc အစရှိတဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပြီး ဆီကြော်မဟုတ်ဘဲ မီးဖုတ်ထားတဲ့အတွက်ကြောင့် ကလေးငယ်များရဲ့ ရေရှည်ကျန်းမာရေးကို အထောက်အကူပြုကြောင်း ပြောကြားခဲ့ပါတယ်။

 

Nestle Myanmar Ltd., ရဲ့ Nestle Nutrition Product များကို မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဖြန့်ဖြူးရေးအဖွဲ့အစည်းများဖြစ်သော Myanmar Distribution Group နှင့် Mega Lifescience တို့နှင့် မြန်မာနိုင်ငံတစ်ဝန်းကို ဖြန့်ဖြူးပေးလျှက်ရှိကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:29
Rate this item
(2 votes)