Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


အားကစားနှင့် အာဟာရ၏ အခန်းကဏ္ဍအကြောင်းဆွေးနွေးဟောပြောပွဲ NESTLE' MILO မှပြုလုပ်

“အားကစား၊ ပညာရေးနှင့် အာဟာရတို့သည် မြန်မာချန်ပီယံကလေးများ ပိုမို ကျန်းမာသန်စွမ်းသော မျိုးဆက်သစ်တည်ဆောက်မှုအတွက် အလွန်အရေးပါသည့်  အခြေခံအုတ်မြစ်များ  ဖြစ် သည်။”

ဤမှတ်ချက်စကားသည် Nestlé MILO က ရန်ကုန်မြို့ ကျိုက္ကဆံဘောလုံးအားကစားကွင်းတွင် နိုဝင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ကျင်းပသည့် ဘောလုံးသင်တန်း ၂၀၁၈ ခုနှစ်အတွက်ဘောလုံးသင်တန်း  Football Coaching Clinic စတင်သည့် အခမ်းအနားတွင် ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲ၏ နိဂုံးချုပ်သုံးသပ်ချက်စကား ဖြစ်ပါသည်။

အားကစားဖြင့် ရည်မှန်းချက်များကိုပြည့်စေခြင်းနှင့် ဘ၀၏တန်ဖိုးများကို ပြုစုပျိုးထောင်ပေးခြင်း

အားကစား၊ ကျန်းမာရေးနှင့် ကလေးအထူးပြုကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်      ဤဆွေးနွေးပွဲသည် ကလေး များ၏ အနာဂတ်အောင်မြင်မှုအတွက် အာဟာရပြည့်ဝတိုးတက်ဖွံ့ဖြိုးမှုတွင် အဓိကပါဝင်သည့် အုပ်စုဖွဲ့ကစားခြင်းနှင့် အာဟာရ မျှတခြင်း တို့၏ အရေးပါမှုကို သတိပြုမိလာကြစေရန် ရည်ရွယ်ပါသည်။

ဆွေးနွေးပြောကြားသူများတွင် အာဟာရကျွမ်းကျင်ပညာရှင် နှင့် Nestle ၏ Corporate Nutrition Manager ဒေါက်တာဆုနွယ်ဇော်၊ Reach Out Myanmar တည်ထောင်သူနှင့် Managing Director၊ စိတ်ကျန်းမာရေး ပညာရှင် ဒေါ်စုဇာမွန်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဘောလုံးအသင်း၏နည်းပြ ဦးဟန်လင်းနှင့် သားနှစ်ဦး၏မိခင် ဒေါ်ဝေချစ်တို့ ပါဝင်ပါသည်။

အားကစားသည် ကလေးများအတွက် အရေးပါသော ဘဝစွမ်းရည်များကို သင်ကြားပေးနိုင်ပြီး မိဘများအနေဖြင့် ပညာရေး၊ အားကစားနှင့် အာဟာရဖြည့်တင်းမှုများမှတစ်ဆင့် မိမိတို့သားသမီးများ၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှင့် ခံစားမှုပိုင်းဆိုင်ရာတိုးတက်မှုများ ညီမျှအောင်ပြုလုပ်ပေးရမည်ဖြစ်ကြောင်းကို ပါဝင်ဆွေးနွေးသူများအားလုံးက သဘောတူညီကြပါသည်။

ဆွေးနွေးပွဲတွင် ဒေါ်စုဇာမွန်က “အုပ်စုဖွဲ့ကစားနည်းတွေမှာ တက်တက်ကြွကြွပါဝင်ကစားတဲ့ ကလေးတွေဟာ မကစားတဲ့ ရွယ်တူကလေးတွေထက် စိတ်ဖိစီးမှုနဲ့ ပြဿနာဖြေရှင်းမှုတွေမှာ ပိုပြီး ကောင်းကောင်းမွန်မွန် ကိုင်တွယ် တတ်တဲ့ နည်းလမ်းတွေက ကိုယ်တွင်းမှာအခံရှိနေတတ်ကြတယ်။ ကစားဖော်တွေနဲ့ အပြန်အလှန်ဆက်ဆံရင်း လူမှုရေးပိုင်းဆိုင်ရာ သင်ယူရတဲ့အတွေ့အကြုံတွေ ပိုရှိတာကြောင့် သူတို့ဟာ  ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုရှိတယ်၊ သူများကိုမှီခိုတာလည်း ပိုကင်းတယ်။” ဟု သုံးသပ်ပြောကြားခဲ့ပါသည်။

အတူတွဲဖက်ဆွေးနွေးသူ ဘောလုံးနည်းပြနှင့် ကလေးနှစ်ယောက်ဖခင် ဦးဟန်လင်းကလည်း အားကစားလုပ်သူ များမှာ နောက်ပိုင်းတွင် မကစားနိုင်ကြတော့သော်လည်း သူတစ်ပါးကအတုယူအားကျခံရသည့် role models များ ဖြစ်နေသေးကြောင်း၊ ဘက်စုံအလွန်အောင်မြင်သူများဖြစ်နေကြကြောင်းကို သူ၏ယခင်တပည့်ဟောင်းများ ဥပမာပေး ပြီး ပြောကြားခဲ့ပါသည်။ သူက “ဘောလုံးကွင်းတစ်ခုဟာ ကလေးတွေကို သူတို့ဘ၀မှာ ချန်ပီယံဖြစ်ခွင့်ပေးတဲ့ ထာဝရ ကစားကွင်းဖြစ်နိုင်သလို စာသင်ခန်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။ 

အာဟာရကျွမ်းကျင်ပညာရှင် ဒေါက်တာဆုနွယ်ဇော်က အားကစားမကြာခဏပြုလုပ်ခြင်းသည် ကလေးများ၏ ဇီဝဖြစ်စဉ်ကို တိုးတက်စေကြောင်း၊ ကိုယ်ဟန်အနေအထားဖွဲ့စည်းတည်ဆောက်မှုကိုအားပေးကြောင်း၊ ကိုယ်ခံအားစနစ်ကိုလည်း  မြှင့်တင်ပေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အားကစားလှုပ်ရှားမှုများကို ဗီတာမင်နှင့်သတ္တုဓာတ်ကြွယ်ဝသော အာဟာရများနှင့် တွဲဖက်ညီအောင်မှီဝဲသင့်ကြောင်းကိုလည်း အထူးအလေးထားပြောကြားခဲ့ပါသည်။ သူမ၏လေ့လာမှုများအရ မြန်မာပြည်တွင် ရိုးရာအစားအစာ ဟင်းလျာများသည် ကာဘိုဟိုက်ဒရိတ်နှင့် အဆီဓာတ် အလွန်မြင့်မားနေပြီး ထမင်း သို့မဟုတ်  ခေါက်ဆွဲ စားခြင်းဖြင့် ကလေးများအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက် ဖူလုံပြည့်စုံပြီဟု လွဲမှားယူဆနေကြသည်ကို ဝမ်းနည်းဖွယ်ရာ သိရှိရသည်ဟု ဆိုပါသည်။

“ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုနဲ့ ကိုယ်နေဟန်ထား မမှန်ကန်တာက ကလေးတွေရဲ့ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေအပေါ် ဖိအားပေးသက်ရောက်မှုပြုတတ်တာကြောင့် အဲဒါတွေကိုကောင်းမွန်အောင် ထိန်းပေးဖို့ အားကစားလေ့ကျင့်ခန်းတွေ မဖြစ်မနေလုပ်သင့်ပါတယ်။ သွက်လက်တက်ကြွတဲ့ ကလေးငယ်တွေဟာ အသက်ကြီးလာတဲ့အခါ သွေးတိုး၊ ဆီးချို၊ အူမကြီးကင်ဆာ၊ အဝလွန်ခြင်းနဲ့ နှလုံးသွေးလွှတ်ကြောယိုယွင်းလို့  ဖြစ်တဲ့ရောဂါ တွေဖြစ်နိုင်ခြေနည်းပါတယ်။ ဆိုလိုရင်းကတော့ ငယ်ရွယ်စဉ်မှာ တက်ကြွလန်းဆန်းတဲ့ နေထိုင်မှုပုံစံကို တည်ဆောက်ထားခြင်းက ပိုမိုကောင်းမွန်၊ ပိုမိုကျန်းမာတဲ့ အနာဂတ်ဖြစ်အောင် အသင့်ပြင်ဆင်ပေးထားပါလိမ့်မယ်။” ဟု ဒေါက်တာဆုနွယ်ဇော်က ပြောကြားခဲ့ပါသည်။

အားကစားနှင့် အာဟာရတို့ဖြင့် မြန်မာချန်ပီယံများ တည်ဆောက်ခြင်း

မြန်မာကလေးငယ်များကြား အားကစားလိုက်စားတတ်အောင်၊ သွက်လက်တက်ကြွသော နေမှုပုံစံရှိအောင်  မြှင့်တင်  ဆောင်ရွက်ရန်အတွက် Nestlé MILO က ၂၀၁၈ ဘောလုံးသင်တန်း Football Coaching Clinic ကို ကြီးမှူးစီစဉ် ဖွင့်လှစ်လိုက်ပါပြီ။ ရန်ကုန်၊ မန္တလေးနှင့်မော်လမြိုင် များတွင် သုံးရက်စီဖွင့်လှစ်သော ဤသင်တန်းများက ကလေးများ၏ ဘောလုံးကစားစွမ်းရည်နှင့် အားကစားသမားပီသမှုစွမ်းရည်တို့ကို  လေ့ကျင့်သင်ကြားပေးလိုက် ပြီး ကလေးတို့၏အလုံးစုံတိုးတက်မှုအတွက် အုပ်စုလိုက်ကစားခြင်း၏ အကျိုးကျေးဇူးကို မိဘတို့အား သက်သေပြ လိုက်နိုင်ပါသည်။

သင်တန်းကာလအတွင်း ကလေးများအနေဖြင့် ကိုယ်ကာယကြံ့ခိုင်တောင့်တင်းမှုအတွက်သာမက အသင်းအဖွဲ့လိုက် လုပ်ကိုင်ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူး၊ နှိမ့်ချခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ ရဲစွမ်းသတ္တိ၊ လေးစားမှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်တို့ကိုပါ ကိုယ်တွေ့လေ့လာသင်ယူကြရပါသည်။ နိုင်ငံတကာမှ ဝါရင့် ဘောလုံးနည်းပြများက  ဘောလုံးကစား ခြင်းကိုနေ့စဉ်ဘဝတွင် အသုံးချနိုင်ကြောင်း ကလေးတို့အား သိရှိနားလည်စေပြီး သူတို့၏အတွေ့အကြုံများဖြင့် ကလေးများကို လမ်းညွှန်ပြသပါလိမ့်မည်။ သင်တန်းကာလတလျှောက် ကလေးများအနေဖြင့် အရသာရှိပြီး အာဟာရပြည့်ဝသော MILO ချောကလက် မုယောရည် ကို သောက်သုံးခွင့်ရရှိ ကြသည်။ 

Nestlé MILO သည် အဆိုပါမြို့သုံးမြို့လုံးရှိ ဘောလုံးသင်တန်းတွင် မိဘများအားလည်း အာဟာရဆိုင်ရာ ပညာပေး မှုများကိုလည်း ပို့ချပေးပါလိမ့်မည်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကပို့ချမည့် ဤ သင်တန်းများတွင် မိဘများအား ကလေးများ၏အာဟာရလိုအပ်ချက်နှင့် ပတ်သက်သော အခြေခံအသိပညာ ဗဟု သုတများကို ပြောကြားပေးပြီး ကလေးများတက်ကြွသောနေမှုပုံစံ ရရှိရန်အတွက် အထောက်အကူပြုနိုင်မည့်၊ အရသာရှိ၍အာဟာရပြည့်ဝသော အစားအစာများ ပြင်ဆင်ပေးခြင်းနှင့်ပတ်သက်သည့် အကြံပြုချက်များကိုလည်း ပံ့ပိုးပေးမည်ဖြစ်ပါသည်။

Nestlé Myanmar ၏ Senior Marketing Manager ဖြစ်သော Ms Ivy Tan က “အားကစားပြုလုပ်ခြင်း ကနေ လေ့လာသင်ယူရရှိတဲ့ တန်ဖိုးထားမှုတွေက ရာသက်ပန်အောင်မြင်မှုရရှိအောင် ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ကျမတို့ MILO က ယုံကြည်ပါတယ်။ နောက်ထပ်ကလေးတွေကိုလည်း အားကစားမှန်မှန်ပြုလုပ်ပြီး ကျန်းမာသွက်လက် တဲ့ နေထိုင်မှုပုံစံတွေတိုးတက်ပိုင်ဆိုင်လိုစိတ်ရှိလာအောင် လုပ်ဆောင်သွားပါမယ်လို့လည်း ကတိကဝတ်ပြုပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

“ကျမတို့ရဲ့ ရည်မှန်းချက်ကတော့ ကျမတို့ရဲ့အစီအစဉ်တွေ၊ ကုန်ပစ္စည်းတွေကနေတစ်ဆင့် ကလေးတွေတိုးတက် ဖွံ့ဖြိုးမှုရှိလာအောင် မိဘတွေကို ကူညီပေးဖို့၊ အားကစားနဲ့ မျှတတဲ့အာဟာရကနေတစ်ဆင့်  မြန်မာချန်ပီယံ  လေးတွေရဲ့ ပိုမိုကျန်းမာတဲ့ မျိုးဆက်ဖြစ်အောင် ပါဝင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။” ဟု ထပ်လောင်းပြောကြား ခဲ့ပါသည်။

 

Read times Last modified on Tuesday, 13 November 2018 11:30
Rate this item
(1 Vote)