Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုယ်အလေးချိန်ကျစေဖို့ ညမအိပ်ခင် သောက်သင့်တဲ့ ဖျော်ရည်

ကိုယ်အလေးချိန် ကျစေဖို့ နည်းလမ်းတွေ အများကြီးရှိတဲ့ အထဲက အလုပ်မရှုပ် အစားရှောင်စရာ မလိုဘဲ အိပ်ယာဝင်ခါနီး ဖျော်ရည်တစ်ခွက်သောက်ပေးတဲ့ နည်းလေးကို မျှဝေချင်ပါတယ်။

 

အဓိကပါဝင်တဲ့ ပစ္စည်းနှစ်မျိုးဟာ ဝယ်ရလွယ်ကူပြီး အံ့သြဖွယ် အစွမ်းရှိတဲ့ ပျားရည်နဲ့ သစ်ကြံပိုးခေါက်ပဲ ဖြစ်ပါတယ်။ ပျားရည်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး  ရှေးကတည်းက ဆေးဝါးအဖြစ် သုံးစွဲခဲ့တာဖြစ်ပါတယ်။

 

ကိုယ်ခံအားကို ကောင်းမွန်ပြီး အစာအိမ်အတွက် ပူစရာမလိုပါဘူး။ သစ်ကြံပိုးခေါက်ကတော့ ဝိတ်ကျစေတဲ့ အရာအဖြစ်နဲ့ သိထားကြပါတယ်။ သွေးထဲက ကိုလက်စထရောတွေကို နိမ့်ကျစေပြီး အစာကြေဖျက်နိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။ သွေးဖိအားကို ကျစေပြီး အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

 

သစ်ကြံပိုးခေါက်ဟာ သွေးအားကျစေတဲ့အတွက် သွေးအားနည်းသူတွေ မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေလည်း မသောက်သင့်ပါဘူး။ အခန့်မသင့်ရင် မူးလဲတာ ရုတ်တရက် အားနည်းတာတွေ ဖြစ်တတ်ပါတယ်။

 

ဖျော်ရည် ပြုလုပ်ပုံကတော့  ရေ တစ်ခွက်၊ သစ်ကြံပိုးခေါက်မှုန့် ၂ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး အိုးထဲကို ရေထည့်ပြီး ဆူအောင်တည်ပါ။ သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၂ဇွန်းစာကို ထည့်ပါ။ ၁၅မိနစ်လောက် ထားပါ။

 

ပြီးရင် မီးဖိုပေါ်က အိုးကိုချပြီး ခဏအေးအောင် ထားပါ။ အေးရင် ပျားရည် ၂ဇွန်းထည့်ပါ။ မွှေပြီး အိပ်ယာမဝင်ခင် သောက်ပေးပါ။

 

ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ရောက်အောင်အထိ ညတိုင်း သောက်ပေးပါ။ ယင်းဖျော်ရည်ဟာ အဆီကို လောင်ကျွမ်းစေရုံသာမက ကိုယ်ခံအားကောင်းစေပြီး မကောင်းတဲ့ ပိုးတွေကိုပါ သေစေနိုင်ပါတယ်။

 

Source: bagohealth

Read 1354 times Last modified on Saturday, 02 February 2019 14:20
Rate this item
(1 Vote)