Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


Coca-Cola Japan နှင့် Kirin တို့ ပူးပေါင်းပြီး ဆေးဘက်ဝင်ဖျော်ရည် ထုတ်လုပ်

Coca-Cola Japan နှင့် Kirin တို့ ပူးပေါင်းပြီး ဆေးဘက်ဝင်ဖျော်ရည် ထုတ်လုပ်

 

Coca-Cola Japan သည် ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin Holdings နှင့် ပူးပေါင်း၍ ဆေးဘက်ဝင်ဖျော်ရည် ထုတ်လုပ်မည်ဖြစ်သည်။

 

Reliance Security

 

ဗီတာမင် ဘီ၊ ဗီတာမင် ကေ၊ အမိုင်နိုအက်စစ်အစရှိသည့်ပါဝင်သော postbiotics ကို Kirin ထံမှ Coca-Cola Japan က ရယူပြီး ဆေးဘက်ဝင်ဖျော်ရည်ကို ထုတ်လုပ်မည်။

.

Kirin မှ မူပိုင်ခွင့် ရယူထားသည့် postbiotic တစ်မျိုးဖြစ်သော LC-Plasma ကို ဖျော်ရည်တွင် ထည့်သွင်း အသုံးပြုမည်။ LC-Plasma သည် lactococcus lactis strain plasma ကို အတိုကောက် ပြောဆိုကြခြင်း ဖြစ်သည်။ 

LC-Plasma postbiotic သည် ကိုယ်ခံအား ကောင်းစေသည်။

ကိုဗစ်ကြောင့် ကိုယ်ခံအားကောင်းဖို့ အလေးပေးကြသဖြင့် အဆိုပါ ဆေးဘက်ဝင်ဖျော်ရည်များ ရောင်းအား တက်နေသည်။

.

Coca-Cola Japan မှ ထုတ်လုပ်သော ဖျော်ရည် brand များ ဖြစ်ကြသည့် Georgia, Irohasu, Minute Maid တို့တွင် LC-Plasma ထည့်သွင်းဖျော်စပ်မည် ဖြစ်သည်။

.

 အပြိုင်အဆိုင်ကြီးမား‌ေသာ အဖျော်ယမကာ လုပ်ငန်းကြီး နှစ်ခု အတူပူးပေါင်းပြီး ဖျော်ရည် ထုတ်လုပ်သည်မှာ  ရှားပါးပါသည်။

.

Coca-Cola Japan သည် ဂျပန်ပြည်တွင်းဈေးကွက်တွင် ဝေစု ၂၆% ရရှိထားပါသည်။ သို့သော် ဆေးဘက်ဝင်ဖျော်ရည် အပိုင်းအကန့်တွင် တိုးတက်မှု မရရှိပေ။ သို့ဖြစ်ရာ Kirin နှင့်အတူပူးပေါင်းပြီး ကျန်းမာရေးအတွက် ဖျော်ရည်ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ 

.

Kirin က ကျန်းမာရေးအတွက် အဖျော်ယမကာများ ထုတ်လုပ်သည့် လုပ်ငန်းနယ်ပယ်ကို ချဲ့ထွင်လျက်ရှိရာ LC-Plasma ကို မူပိုင်ခွင့် ရယူထားပြီး ဖျော်ရည်လုပ်ငန်းများကို ရောင်းချပါသည်။

Source Asia Nikkei

#MyanmarFoodIndustryGuide 

To join Telegram Channel  https://t.me/Guid4U

 

Read times Last modified on Monday, 03 October 2022 11:48
Rate this item
(0 votes)