Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ကြော်ကို အပတ်စဉ်တိုင်း စားသုံးခြင်း သတိပြုဖို့လို

Unicode


ကြက်ကြော်ကို အပတ်စဉ်တိုင်း စားသုံးခြင်း သတိပြုဖို့လို


သေခြင်းတရားကတော့ သတိပြုမိသည်ဖြစ်စေ၊ မပြုမိဘူးဖြစ်စေ လူတိုင်းရဲ့ လက်တကမ်းမှာ ရှိနေတာပါပဲ။

 

ဒါပေမယ့် မတော်တဆအဖြစ်ဆိုးတွေမကြုံရရင် ဝဋ်နာကံနာရောဂါဆိုးတွေ စွဲကပ်မလာခဲ့ရင်တော့ လူတိုင်း သက်တမ်းစေ့နေရဖို့ များပါတယ်။


ဒါပေမယ့် တကယ်တော့ အဲဒီလို မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ စားသုံးနေကြ ဆီကြော်တွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကြောင့် နှလုံး၊ သွေးတိုးနဲ့ တခြားဆက်စပ်ရောဂါတွေ ဖြစ်ပွားပြီး လူတွေဟာ သက်တမ်းစေ့နေနိုင်ဖို့ ခက်ခဲလာပါတယ်။

 

Tea (230)လက္ဖက္ရြက္ကုန္ေလွာင္ရံုမ်ား (၂၃၀) ခုကိုရွာရန္ႏွိပ္ပါ။

 

ကြက်ကြော်လို Fast Food တွေဟာ အစတည်းက ကျန်းမာရေးနဲ့ မညီညွတ်တာ သိကြပေမယ့် ဘယ်လောက်အထိ ဆိုးဝါးမှန်းတော့ သေသေချာချာသိကြမယ် မထင်ပါဘူး။

 

လေ့လာတွေ့ရှိမှု အသစ်တစ်ခုအရ ကြက်ကြော်ကို တစ်ပတ်တစ်ကြိမ်ဒါမှမဟုတ် တစ်ပတ်မှာ တစ်ကြိမ်ထက်ပိုစားမယ်ဆိုရင် အမျိုးသမီးကြီးတွေမှာ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၁၃% ထိ မြင့်တက်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။


တိတိကျကျပြောရရင် အပတ်စဉ်ကြက်ကြော်စားတတ်တဲ့ အမျိုးသမီးကြီးတွေဟာ နှလုံးနဲ့ ဆက်နွယ်တဲ့ ရောဂါတွေနဲ့ သေဆုံးနိုင်ခြေ ၁၂% လောက် ပိုမြင့်ပါတယ်။

 

Fresh Milk (23)ႏြားႏုိ႔လုပ္ငန္းမ်ား (၂၃) ခုကိုရွာရန္ႏွိပ္ပါ။

 

ကြက်ကြော်တင်မဟုတ်ဘဲ ငါးကြော် (Fried Fish ) စားတဲ့သူတွေဟာလည်း သာမန်ထက် သေဆုံးနိုင်ခြေ ၇% လောက်ပိုမြင့်တက်ပါတယ်။


ဒါဟာ ဘာနဲ့ ဆက်စပ်သလဲဆိုရင် ကြော်တဲ့နေရာမှာ အသုံးပြုတဲ့ ဆီနဲ့လည်း ဆိုင်ပြီး မကြာခဏပြန်ကြော်ထားတဲ့ ဆီကို အသုံးပြုမယ်ဆိုရင် ရာခိုင်နှုန်းပိုမြင့်တက်လာမှာလည်း ဖြစ်ပါတယ်။  

 

ဒါကြောင့် ကြက်ကြော်ချစ်သူများလည်း အပတ်တိုင်းစားသုံးတတ်တဲ့အကျင့်ကို လျှော့ချနိုင်ကြပါစေလို့ အကြံပြုလိုက်ပါတယ်။

 

Read More  >>>>>   ကြက်ဟင်းခါးသီးစားခြင်း၏ အကျိုးကျေးဇူးများ

 

Source : Yoe Lu (Akhayar)

 

 

 

ၾကက္ေၾကာ္ကို အပတ္စဥ္တိုင္း စားသံုးျခင္း သတိျပဳဖို႕လို

 

ေသျခင္းတရားကေတာ့ သတိျပဳမိသည္ျဖစ္ေစ၊ မျပဳမိဘူးျဖစ္ေစ လူတိုင္းရဲ႕ လက္တကမ္းမွာ ရွိေနတာပါပဲ။

 

ဒါေပမယ့္ မေတာ္တဆအျဖစ္ဆိုးေတြမႀကံဳရရင္ ဝဋ္နာကံနာေရာဂါဆိုးေတြ စြဲကပ္မလာခဲ့ရင္ေတာ့ လူတိုင္း သက္တမ္းေစ့ေနရဖို႔ မ်ားပါတယ္။


ဒါေပမယ့္ တကယ္ေတာ့ အဲဒီလို မျဖစ္ခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ စားသံုးေနၾက ဆီေၾကာ္ေတြ၊ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအေသာက္ေတြေၾကာင့္ ႏွလံုး၊ ေသြးတိုးနဲ႔ တျခားဆက္စပ္ေရာဂါေတြ ျဖစ္ပြားၿပီး လူေတြဟာ သက္တမ္းေစ့ေနႏိုင္ဖို႔ ခက္ခဲလာပါတယ္။

 

Tea (230)လက္ဖက္ရြက္ကုန္ေလွာင္ရံုမ်ား (၂၃၀) ခုကိုရွာရန္ႏွိပ္ပါ။

 

ၾကက္ေၾကာ္လိုု Fast Food ေတြဟာ အစတည္းက က်န္းမာေရးနဲ႔ မညီၫြတ္တာ သိၾကေပမယ့္ ဘယ္ေလာက္အထိ ဆိုးဝါးမွန္းေတာ့ ေသေသခ်ာခ်ာသိၾကမယ္ မထင္ပါဘူး။

 

ေလ့လာေတြ႕ရွိမႈ အသစ္တစ္ခုအရ ၾကက္ေၾကာ္ကို တစ္ပတ္တစ္ႀကိမ္ဒါမွမဟုတ္ တစ္ပတ္မွာ တစ္ႀကိမ္ထက္ပိုစားမယ္ဆိုရင္ အမ်ိဳးသမီးႀကီးေတြမွာ အရြယ္မတိုင္ခင္ ေသဆံုးႏိုင္ေျခ ၁၃% ထိ ျမင့္တက္ႏိုင္တယ္လို႔ ေတြ႕ရွိထားပါတယ္။


တိတိက်က်ေျပာရရင္ အပတ္စဥ္ၾကက္ေၾကာ္စားတတ္တဲ့ အမ်ိဳးသမီးႀကီးေတြဟာ ႏွလံုးနဲ႔ ဆက္ႏြယ္တဲ့ ေရာဂါေတြနဲ႔ ေသဆံုးႏိုင္ေျခ ၁၂% ေလာက္ ပိုျမင့္ပါတယ္။

 

Fresh Milk (23)ႏြားႏုိ႔လုပ္ငန္းမ်ား (၂၃) ခုကိုရွာရန္ႏွိပ္ပါ။

 

ၾကက္ေၾကာ္တင္မဟုတ္ဘဲ ငါးေၾကာ္ (Fried Fish ) စားတဲ့သူေတြဟာလည္း သာမန္ထက္ ေသဆံုးႏိုင္ေျခ ၇% ေလာက္ပိုျမင့္တက္ပါတယ္။


ဒါဟာ ဘာနဲ႔ ဆက္စပ္သလဲဆိုရင္ ေၾကာ္တဲ့ေနရာမွာ အသံုးျပဳတဲ့ ဆီနဲ႔လည္း ဆိုင္ၿပီး မၾကာခဏျပန္ေၾကာ္ထားတဲ့ ဆီကို အသံုးျပဳမယ္ဆိုရင္ ရာခိုင္နႈန္းပိုျမင့္တက္လာမွာလည္း ျဖစ္ပါတယ္။  

 

ဒါေၾကာင့္ ၾကက္ေၾကာ္ခ်စ္သူမ်ားလည္း အပတ္တိုင္းစားသံုးတတ္တဲ့အက်င့္ကို ေလွ်ာ့ခ်ႏိုင္ၾကပါေစလို႔ အႀကံျပဳလိုက္ပါတယ္။

 

Read More  >>>>>   ၾကက္ဟင္းခါးသီးစားျခင္း၏ အက်ဳိးေက်းဇူးမ်ား

 

Source : Yoe Lu (Akhayar)

Read times Last modified on Saturday, 22 February 2020 14:43
Rate this item
(1 Vote)