Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


Nestle MILO နဲ့ FC Barcelona တို့ပူးပေါင်းပြီး မျိုးဆက်သစ်လူငယ်တွေရဲ့ သွက်လက်ကျန်းမာပြီး အောင်မြင်တဲ့ ဘ၀အတွက် အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း

Nestle MILO နဲ့ FC Barcelona တို့ ပူးပေါင်းပြီး မြန်မာမျိုးဆက်သစ် လူငယ်တွေရဲ့ သွက်လက်ကျန်းမာပြီး အောင်မြင်တဲ့ ဘ၀အတွက်

အားဖြည့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

Nestle MILO နဲ့ EC Barcelona တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အဓိက ဦးတည်ချက်ကတော့ Asia, Oceania, Africa နဲ့ Latin America တွေက မျိုးဆက်သစ် လူငယ်တွေရဲ့ လူမှုဘ၀ အရည်အသွေးကို မြှင့်တင်ပေးပြီး ကျန်းမာသန်စွမ်းတဲ့ အနာဂတ်ကို ပံ့ပိုးပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။

 

လေးနှစ်တာ ပူးပေါင်းမှုအစီအစဉ်ကနေ Milo ကို FC Barcelona ၏ တရားဝင်အာဟာရ အင်အားဖြည့် ချောကလက် မုယောရည်အဖြစ် သတ်မှတ်ပေးကြောင်း သိရပါတယ်။

 

Milo က သန်းပေါင်းများစွာသော လူငယ်တွေကို ကူညီနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုလို ရည်မှန်းချက်ခိုင်မာတဲ့ ပူးပေါင်းမှုက မျိုးဆက်သစ် လူငယ်တွေအတွက် ကျန်းမာသွက်လက်ပြီး တန်ဖိုးရှိတဲ့ ဘ၀နေထိုင်မှု စနစ်တွေကို ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။

 

ယင်းကဲ့သို့ တူညီတဲ့ ရည်မှန်းချက်တွေအပေါ် မူတည်ပြီး Nestle ရဲ့ နာမည်ကြီး ကုန်အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ MILO နဲ့ FC Barcelona တို့ ပူးပေါင်းဆောင်ရွက်မှုက လူငယ်တွေရဲ့ အားကစားအစီစဉ်တွေကို ပိုမိုပါဝင်လာစေဖို့နဲ့ သင့်တင့်မျှတတဲ့ အာဟာရကို ရရှိခံစားနိုင်စေဖို့ကို အားထုတ်သွားမှာ ဖြစ်ပါတယ်။

 

ဒီလိုပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေအတွက် ပိုမိုထူးခြား ကောင်းမွန်တဲ့ ဘ၀တွေ ရရှိပိုင်ဆိုင်နိုင်ဖို့ကို ရည်ရွယ်ပါတယ် လို့ Nestle Myanmar ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဖြစ်တဲ့ Mr. Devrim Hayri Cobek က ပြောပါတယ်။

 

MILO နဲ့ FC Barcelona တို့ ပူးပေါင်းဆောင်ရွက်မှု အထူးအထိမ်းအမှတ်အနေနဲ့ MILO ကို FC Barcelona ဒီဇိုင်းနဲ့ Limited Edition အသင့်သောက် MILO ဗူးတွေကို ဖြန့်ဖြူးသွားမှာ ဖြစ်ပါတယ်။

 

ယင်းအပြင် MILO ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ခြေလှမ်းသစ် တစ်ရပ်အနေနဲ့ မြန်မာမျိုးဆက်သစ် လူငယ်တွေအတွက် ကျန်းမာပျော်ရွှင်ပြီး သွက်လက်တက်ကြွတဲ့ လူနေမှုဘ၀ပုံစံကို ယူဆောင်လာပေးဖို့ MILO နဲ့ Power Soccer Football Academy တို့ “MILO Football Coaching Clinic” ကို အတူတကွ တည်ထောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။

 

MILO Football Coaching Clinic အစီအစဉ်မှာတော့ ထူးချွန်ပြီး အလားအလာရှိတဲ့ ငွေကြေးမတတ်နိုင်တဲ့ လူငယ်တွေအတွက် ဘောလုံးပညာဒါန အစီအစဉ်ကိုလည်း ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:38
Rate this item
(1 Vote)