Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးဆီကိုတတ်နိုင်သမျှ လျှော့စားဖို့ ဘာကြောင့်လိုအပ်တာလဲ?

စားသုံးဆီကိုတတ်နိုင်သမျှ လျှော့စားဖို့ ဘာကြောင့်လိုအပ်တာလဲ? Google

စားသုံးဆီများတွင် အခြေခံအားဖြင့် ကျန်းမာရေးအရ သင့်တင့်စွာ စားသုံးနိုင်သည့် မပြည့်ဝဆီများ (Unsaturated Fats)၊ တတ်နိုင်သမျှလျော့၍စားသုံးသင့်သည့် ပြည့်ဝဆီများ (Saturated Fats)နှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများ (Trans Fats) ဟူ၍ (၃)မျိုးရှိပါသည်။

 

မပြည့်ဝဆီ သင့်တင့်စွာ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်သော သွေးတွင်းအဆီဓါတ် (HDL) များကို မြင့်တက်စေပြီး မကောင်းသောအဆီဓါတ် (LDL) များအားလျှော့ချပေးခြင်းဖြင့် နှလုံးရောဂါနှင့်အမျိုး အစား(၂)ဆီးချို ရောဂါစသည့် မကူးစက်နိုင်သည့်ရောဂါများဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။ (ဥပမာ- မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော အဆီများ)

 

ပြည့်ဝဆီစားသုံးခြင်းကြောင့် မကောင်းသောသွေးတွင်းအဆီဓာတ် (LDL)များ လွန်ကဲစွာမြင့်တက်စေ၍ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြောနံရံတွင်အဆီများကပ်ခဲ၍ သွေးကြောများကျဉ်းကာ နှလုံးသွေးကြောပိတ်ရောဂါနှင့်လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ (ဥပမာ - စားအုန်းဆီ၊ ဆီကြော်အစား အစာများ၊ တိရိစ္ဆာန်မှရသော အဆီများ)

 

အသွင်ပြောင်းဆီသည် အစားအသောက်များပိုမိုတာရှည်ခံ၍ အရသာရှိစေရန် ပုံမှန်အသုံးပြုသောဆီတွင် ဟိုက်ဒရိုဂျင်ဓာတ်ထည့်ပေါင်းထားသောဆီဖြစ်ပြီး ပြည့်ဝဆီစားသုံးခြင်း၏ ဆိုးကျိုးများအပြင် သွေးတွင်းဆီ (Triglycerides)များကို ပိုမို၍တက်စေခြင်း၊ ကောင်းမွန်သော သွေးတွင်းအဆီဓါတ် (HDL)ကို ကျစေခြင်းနှင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုများဖြစ်စေခြင်းတို့ကြောင့် အထက်ဖော်ပြပါရောဂါများအပြင် အမျိုးအစား (၂)ဆီးချို ရောဂါကိုပါပို၍ဖြစ်ပွားစေနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများစွာ ခံစားရနိုင် ပါသည်။ (ဥပမာ - အသင့်စား အစားအစာများဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်ပေါင်မုန့် စသည် တို့တွင်ပါဝင်သည့်ဆီ)

 

Capture.PNG

 

By Myanmar Food Guide

 

Food and Drug Administration, Myanmar

Read times
Rate this item
(0 votes)