Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဘယ်လိုအစားအစာတွေက ကလေးငယ်တွေကို သွားများ ခိုင်မာစေသလဲ

သွားများကို ဖြူဖွေးစေဖို့အတွက် မိမိစားမည့်အစားအသောက်တွေကို သေချာဂရုစိုက်ရပါမယ်။  အောက်တွင် ဖော်ပြထားတဲ့ အစားအစာကို မှန်မှန်စားသုံးမယ်ဆိုရင်တော့ သင့်သွားပျက်စီးမှာကို စိတ်ပူပန် နေစရာမလိုတော့ပါဘူး။

လိမ္မော်သီး
လိမ္မော်သီးထဲမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်က သွေးကြောမျှင်များနဲ့ တွယ်ဆက်တစ်သျှူးများကို အားဖြည့်ပေးပြီး သွားဖုံရောင်ခြင်းကို လျှော့ချပေးပါတယ်။ လိမ္မော်သီး၊ Grapefruits စတဲ့ ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ သစ်သီးဖျော်ရည်များ နေ့တိုင်း လုပ်ပြီးသောက်ပေးသင့်ပါတယ်။ သို့ပေမယ့် သတိထားရမှာကတော့ ယင်းအစားအစာတွေကို စားပြီးပြီးချင်း သွားမတိုက်ရပါ။ တစ်နာရီလောက်ကြာမှ သွားတိုက်ရမှာဖြစ်ပါတယ်။

 

ရေ
ရေသောက်သုံးခြင်းက သွားတိုက်ခြင်းလောက်တော့ သိပ်အစွမ်းမထက်ပေမယ့် အစာစားပြီးတိုင်း ပလုတ်ကျင်းပေးမယ် ရေသောက်ပေးမယ်ဆိုရင်တော့ အစားအသောက်အကြွင်းအကျန်များကို ဖယ်ရှားပေးပါတယ်။ ကော်ဖီလိုမျိုးသွားကို ဝါစေတဲ့ အစားအစာတွေစားပြီးတိုင်း ပလုတ်ကျင်းပေးခြင်းက သွားဝါခြင်းကို လျှော့ချပေးနိုင်ပါတယ်။

 

ချိစ်

ပေါင်မုန့်နှင့် သရေစာမုန့်တွေ ချဉ်တဲ့အစားအစာတွေ ဆိုဒါတွေကို စားသုံးလိုက်တဲ့အခါတိုင်း သင့်သွားက အစားအစာထဲမှာပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် ဆွေးမြေ့သွားတတ်ပါတယ်။ ထို့ကြောင့် အက်စစ်ဓာတ်များကို ဖယ်ရှားပေးဖို့အတွက် ဒိန်ခဲလေးကို စားသုံးမယ်ဆိုရင်တော့ သင့်သွားက ဆွေးမြေ့သွားမှာ မဟုတ်ပါဘူး၊

 

Rea More >>>>>  ချောကလက်ရဲ့ အကျိုးကျေးဇူးများ

 

ငါး

သွားနှင့် သွားဖုံးတို့ကိုကာကွယ်ရန်အတွက် ကယ်လ်စီယမ်ဓာတ်ရရှိအောင် စားသုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သင်စားသုံးလိုက်တဲ့ ကယ်လ်စီယမ်ဓာတ်က လုံလောက်မှုမရှိဘူးဆိုရင် သင့်ခန္ဓာကိုယ်ကလည်း စုပ်ယူနိုင်မှာမဟုတ်ပါဘူး။ ဆော်လမွန်ငါးကဲ့သို့ သဘာဝအဆီဓာတ်ကြွယ်ဝတဲ့ငါးတွေက ဗီတာမင်ဒီဓာတ်လည်း ကြွယ်ဝတာကြောင့် သင့်သွားနှင့် သွားဖုံးကို ကောင်းမွန်စေပါတယ်။

 

Source: orthodonicsaustralia.org.au

Read times Last modified on Wednesday, 12 June 2019 11:44
Rate this item
(1 Vote)