Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လယ်ယာထွက်ကုန်ရောင်းချမှုအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက်ခံတော့မည် မဟုတ်ကြောင်း ထုတ်ပြန်

လယ်ယာထွက်ကုန်ရောင်းချမှုအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက်ခံတော့မည် မဟုတ်ကြောင်း ထုတ်ပြန် google.com

လယ်ယာထွက်ကုန်သီး နှံများ ရောင်းချခြင်းအပေါ် ကြို တင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမည်မဟုတ်ကြောင်း

ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်သည်။

 

ပြည်တွင်းအခွန်များဦးစီးဌာ နက နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် သတင်းစာများတွင် ဇွန်လ ၁၀ ရက်က ထည့်သွင်းဖော်ပြသည့် အသိ ပေးကြေညာစာတွင် လယ်ယာ ထွက်ကုန်သီးနှံများအရောင်းအ ဝယ်ပြုလုပ်ရာ၌ တစ်ဦးချင်းပုဂ္ဂိုလ် များသို့ ပေးချေငွေအပေါ် ပင်ရင်း မှ နုတ်ယူပေးသွင်းသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို နုတ်ယူပေးသွင်းရန် မလို၍ အပြည့်အဝပေးချေရမည်ဟု ဖော်ပြထားသည်။

 

‘‘ကုန်သည်တွေဘက်က ၂ ရာခိုင်နှုန်း နုတ်ထားစရာ မလို တော့ဘူးလို့ အသိပေးတဲ့သဘော ပါ’’ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။လယ်သမားများသည် လက် ရှိအချိန်တွင် အခက်အခဲမျိုးစုံဖြင့် မိုးစပါးစိုက်ပျိုးရန် ရုန်းကန်နေချိန် ၌ အစိုးရ၏ အစီအစဉ်သည် သတင်းကောင်းတစ်ခု ဖြစ်သည်ဟု ဓနုဖြူမြို့နယ်၌ လယ်စိုက် ပျိုးနေသည့် ဦးသိန်းအောင်က ပြောသည်။

 

 မြန်မာနိုင်ငံမှ တောင်သူ လယ်သမားအများစုသည် အခွန် စည်းကြပ်နိုင်သည့် ဝင်ငွေအဆင့် တွင် မရှိ၍ ကြိုတင်ဝင်ငွေခွန် ထမ်းဆောင်ရမည့်စာရင်း၌ မပါ ဝင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဇွန်လ ၂ ရက်တွင် ပြောကြားသည်။

 

မေလကုန်ပိုင်းက လယ်ယာ ထွက်သီးနှံများရောင်းချမှု ကျပ် ငါးသိန်းနှင့်အထက်ဆိုပါက ကြို တင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို လယ်သမားများထံမှ ဝယ်ယူသည့်ကုန်သည်စက်ပိုင်များက ကောက် ယူရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

 

လယ်သမားများသည် သီးနှံ ပေါ်ချိန်တွင် ဈေးကျဆင်းသည့်၊ ဈေးကွက်ခိုင်မာမှုမရှိသည့် အခက်အခဲများကြောင့် ဝန်ထုပ်ဝန် ပိုးများကြုံတွေ့နေရချိန် အခွန် ကောက်ခံသည့် အစီအစဉ်ကို မပြုလုပ်သင့်ကြောင်း တောင်သူလယ် သမားများနှင့် မြန်မာနိုင်ငံဆန်စ ပါးအသင်းချုပ်မှ တာဝန်ရှိသူများ က ဝေဖန်ခဲ့ကြသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:34
Rate this item
(1 Vote)