Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဆန်နှင့်ဆန်ကွဲကို ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပ ၆၂ နိုင်ငံအထိ တင်ပို့နိုင်

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲများကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ

နိုင်ငံပေါင်း ၆၂ နိုင်ငံအထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

 

အရင်ဘဏ္ဍာနှစ်ထဲမှာတော့ နိုင်ငံ ၄၀ အထိပဲ တင်ပို့နိုင်ခဲ့ပြီး ယခု ဘဏ္ဍာနှစ်မှာ ၆၂ နိုင်ငံအထိ တင်ပို့နိုင်တာကြောင့် ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

 

အရင်နှစ်တွေထက်စာရင် ဈေးကွက်အသစ်တွေကို ရှာဖွေနိုင်လို့ အခုလို တိုးတက်မှုတွေ ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

 

ယခုဘဏ္ဍာနှစ်အတွင်း အများဆုံး တင်ပို့တဲ့နိုင်ငံများမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အနောက်အာဖရိက နိုင်ငံများဖြစ်သော အိုင်ဗရီကို့စ်၊ ဘယ်လ်ဂျီယံ၊ ဂါနာ၊ မက်ဒါဂါစတာ၊ သီရိလင်္ကာ၊ ဘယ်လ်ဂျီယံ၊ ဂါနာ၊ မက်ဒါဂါစကာ၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ ဆီနီဂေါနှင့် ပိုလန်စသည့် နိုင်ငံတို့ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းသို့ တင်ပို့နိုင်ခြင်းကြောင့် ယခင်ဘဏ္ဍာနှစ်ထက် ၂၂ နိုင်ငံသို့ ပိုမိုဈေးကွက်ထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ယခင်က မြန်မာနိုင်ငံရှိ ဆန်နှင့် ဆန်ကွဲများကို ပြည်ပသို့တင်ပို့ရာတွင် တင်ပို့မှုစုစုပေါင်း၏ ၇၀% ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအပြင် ဈေးကွက် သစ်များ တိုးချဲ့ရှာဖွေ၍ ပင်လယ်ရေကြောင်းမှတစ်ဆင့် တိုးချဲ့တင်ပို့မှုများလည်းရှိကြောင်း သိရပါတယ်။

 

ယခင် ဘဏ္ဍာနှစ်က ဆန်နှင့် ဆန်ကွဲ ၁၇၅၀၅၆၂ တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၅၄ သန်းဖိုး တင်ပို့နိုင်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်အတွင်း ဖေဖော်ဝါရီ ပထမ ၁၀ ရက်ခန့်ကာလအထိ ဆန်နှင့် ဆန်ကွဲ ၃၀၂၆၇၈၆ တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၄၈ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 15:54
Rate this item
(1 Vote)