Food & Livestock
သိပ္ပံပညာရှင်တွေကြောက်ရွံနေတဲ့ ပုဇွန် ၊ ဂဏန်း ၊ ဂုံး မျိုးတုန်းနိုင်မှု့
ရာသီဥတုက ဖောက်ပြန်လာတာကြောင့်လတ်တလောမှာ ပင်လယ်ရေတွေပုံမှန် မဖြစ်တော့ပဲ အက်စစ်ဆန်ဆန် အနေအထားကိုရောက်ရှိလာတဲ့ အခါမှာ အတွင်းသားခပ်နုနု အခွံမာ ကာထားတဲ့ ပင်လယ်ရေနေသတ္တဝါတွေဖြစ်တဲ့ ပုဇွန် ၊ ဂဏန်း ၊ ဂုံး ၊ ခရုတို့မှာ ထိခိုက်ပင်ပန်းဒဏ်ကိုခံရကာ မျော့မျော့ပင်ရှိနိုင်ပါတယ်။
ထိုအခွံမာရေနေသတ္တဝါတွေဟာ အခွံကသာ မာပြီး အတွင်းသားက အင်မတန်မှ ပျော့ပါတယ်။ဟင်းချက်ရင်တောင် ပုဇွန်ဟင်းဆို ခဏလေးနဲ့ ပုဇွန်အသားက ကွေးပြီး ကျက်လာတာသင်တို့လက်တွေ့ပါ။အခုအချိန်မှာ ဆိုရင်တော့ ပင်လယ်ပြင်ကြီးဟာ ကာဗွန်တိုင်အောက်စိုက်ကို နောင် နှစ် ၈၀ မှာ ပိုပြီးစုပ်ယူလာနိုင်တော့မှာပါ။ဒါဟာကောင်းမွန်တဲ့ ကိစ္စရပ်မဟုတ်ပေဘူး။
ဆွစ်ဇာလန်နိုင်ငံမှ ဘမ်း တက္ကသိုလ်မှ Dr Jens Terhaar ရှာဖွေတွေ့ရှိချက်အရ ယခု အာတိတ်သမုဒ္ဒရာ ဟာ ယခင် ၂၁ ရာစုခေတ်ကထက်ပိုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် စုတ်ယူမှု့ ၂၀ ရာခိုင်နှုန်းပိုမိုများပြားလာတယ်သိရပြီး ရေနက်ပိုင်းတွင်ကာဗွန်ဒိုင်အောက်ဆိုဒ်ပိုမိုများပြားတယ်သိရပါတယ်။
ရေနေ သတ္တဝါပိုင်းဆိုင်ရာ လေ့လာချက်ရေးဆရာ Dr Lester Kwiatkowski ပြောကြားချက်အရ အခုချိန်မှာ ရေထုကိုကောင်းမွန်စွာ Treatment တွေပေးမယ် ရေနေသတ္တဝါတွေကို စည်းကမ်းဖြင့် ရောင်းချထုတ်လုပ်မယ်ဆိုမှသာ အခုလို ဆုံးရှုံးရတော့မည့်အရေးကို ကာကွယ်နိုင်မှာပါ။
ယခုအတိုင်းသာ ဆက်သွားနေပါက အဆိုပါ အက်စစ်များပြားတဲ့ ရေက ကမ္ဘာ့ ရေထုကို ဖျက်စီးကာ အခွံမာရေနေသတ္တဝါများရဲ့ အသား နုနု များကို တမြေ့မြေ့လောင်ကျွမ်းနိုင်တာမို့ နောင်နှစ် ၂၀ လောက်ဆိုရင် သင် seafood စားဖို့မသေချာတော့ပါဘူး။
<<< Zawgyi >>>
---------------------------------------------------------------------------------
Ref : Dailymail



