Food & Livestock
စင်ကာပူ၏ စတုတ္ထမြောက် ကြက်ဥထုတ်လုပ်ရေးခြံ လုပ်ကိုင်ခွင့် ရရှိ
စင်ကာပူ၏ စတုတ္ထမြောက် ကြက်ဥထုတ်လုပ်ရေးခြံ လုပ်ကိုင်ခွင့် ရရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
.စင်ကာပူ၏ စတုတ္ထမြောက် ကြက်ဥထုတ်လုပ်ရေးခြံကို ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်မည်ဖြစ်သည်။
.
ပြည်တွင်းလုပ်ငန်း ISE Foods Holdings (IFH) က စင်ကာပူ စားသောက်ကုန် အေဂျင်စီ (SFA)ထံမှ ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း အင်္ဂါနေ့ (အောက်တိုဘာ ၂၅) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၁၀ ဟက်တာခန့် ကျယ်သော မြေကွက်တွင် ကြက်ဥများ စီးပွားဖြစ် ထုတ်လုပ်မည်။
စင်ကာပူကုမ္ပဏီက်ု ဂျပန်ထိပ်တန်း ကြက်ဥလုပ်ငန်း ISE Japan က ကျောထောက်နောက်ခံ ပြုပေးထားသည်။ ကြက်ခြံအတွက် စင်ကာပူဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသည်။
.

ISE Japan သည် အမေရိကန်၊ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းတို့တွင် ကြက်ဥများ စီးပွားဖြစ် ထုတ်လုပ်လျက်ရှိသည်။
.
စင်ကာပူ ကြက်ဥလုပ်ငန်းသည် ကြက်ဥများအပြင် ရက်သား ကြက်ပေါက်များလည်း ဥဖောက်ပြီး ထုတ်လုပ်ရောင်းချမည် ဖြစ်သည်ဟု ISE Food Holdings က ပြောကြားသည်။
.
စင်ကာပူကြက်ဥ လိုအပ်ချက်ကို ပြည်တွင်း ကြက်ဥထုတ်လုပ်မှုက ၃၀% ခန့် ဖြည့်ဆည်းပေးလျက်ရှိသည်။ စင်ကာပူ၏ စတုတ္ထမြောက် ကြက်ဥထုတ်လုပ်ရေးခြံက ၂၀% အထိ ဖြည့်ဆည်းပေးရန် မျှော်မှန်းထားသည်။ သို့ဖြစ်ရာ ပြည်တွင်းကြက်ဥထုတ်လုပ်မှုသည် စုစုပေါင်း ၅၀% အထိ ရှိလာမည် ဖြစ်သည်။
ကြက်ခြံဆောက်လုပ်ရေး ပထမအဆင့်ကို ၂၀၂၃ ပထမ ၃လပတ်တွင် စတင်မည်။
စစချင်းတွင် ရက်သားကြက်ပေါက်များကို ပြည်ပမှ တင်သွင်းပြီး မွေးမြူမည် ဖြစ်သည်။ နောက်ပိုင်း ကြက်သားပေါက်များ ရရှိလာသည့်အခါ ၎င်းကြက်သားပေါက်များကို မွေးမြူသွားမည် ဖြစ်သည်။
စင်ကာပူတွင် လုပ်ကိုင်လျက် ရှိသော ကြက်ဥထုတ်လုပ်ရေးလုပ်ငန်းများသည် ရက်သားကြက်ပေါက်များကို ပြည်ပမှတင်သွင်းပြီး မွေးမြူကြသည်။ ကိုယ်တိုင် ဥဖောက်ပြီး ကြက်ပေါက် ထုတ်လုပ်ရယူခြင်း မပြုကြချေ။
Source: CNA



