Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရားမဝင် ရောက်ရှိ နိုင်ငံခြားဖြစ်အရက်အမျိုးမျိုးတို့ကို A1 အမှတ်အသား(ခြင်္သေ့) အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ပေးမည်

နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့နှင့်စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် အသိပေးကြေညာချက်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့နှင့်စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် အသိပေးကြေညာချက်

 

၁။      နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးကို ပြည်တွင်းသို့ တရားဝင်တင်သွင်းရောင်းချနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၅-၅-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၈ / ၂၀၂၀) ဖြင့် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

၂။    သို့ဖြစ်ပါ၍ ပြည်တွင်းသို့ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး တရားဝင်တင်သွင်းခွင့်ရရှိလာမည့် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း နိုင်ငံခြားဖြစ်အရက်များ တရားမဝင်တင်သွင်းရောင်းချနေသော လုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်ရောင်းချရာတွင် နစ်နာမှုမရှိစေရန် ပြည်တွင်းသို့ တရားမဝင်နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော နိုင်ငံခြားဖြစ်အရက်အမျိုးမျိုးတို့ကို ကျသင့်အခွန်အကောက်များ ပေးဆောင်စေပြီး A1 အမှတ်အသား(ခြင်္သေ့) အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ပေးမည်ဖြစ်ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်း စီမံချက်အား One Stop Service (OSS) စနစ်ဖြင့် (၁-၉-၂၀၂၀) ရက်နေ့မှ (၃၀-၉-၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ပါသည်။

 

myananamr.png

 

 

 

၃။   ဤစီမံချက်သည် မိမိလက်ဝယ်တွင်ရှိနေသော တရားမဝင်အရက်အမျိုးမျိုးကို တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ကြေညာလွှာတင်သွင်းရမည့်ကာလကို (၂၁-၈-၂၀၂၀) ရက်နေ့မှ (၂၈-၈-၂၀၂၀) ရက်နေ့အတွင်း သတ်မှတ်ပါသည်။ အဆိုပါကာလ အတွင်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ အချိန်မီ ကြေညာလွှာတင်သွင်းရမည် ဖြစ်ပါသည်။

 

၄။   စီမံချက်ကာလအတွင်း ထပ်မံရောက်ရှိလာနိုင်သည့် တရားမဝင်အရက်အမျိုးမျိုးကို ကာကွယ်တားဆီးနိုင်ရန် ကြေညာလွှာ နောက်ဆုံးတင်သွင်းရမည့် (၂၈-၈-၂၀၂၀) ရက်နေ့နောက်ပိုင်း တင်ပြလာသည့်ကြေညာလွှာများကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်သည့်အပြင် ကြေညာလွှာတင်သွင်းခြင်းမပြုဘဲ စီမံချက်ကာလအတွင်း တရားမဝင်အရက်များရောင်းချနေကြောင်း တွေ့ရှိပါကလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ပါသည်။

 

၅။   စီမံချက်ကာလကုန်ဆုံးပြီးနောက် ၁-၁၀-၂၀၂၀ ရက်နေ့မှစ၍ တရားဝင်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော နိုင်ငံခြားအရက်အမျိုးမျိုးကို လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် လက်လီလက်ကားရောင်းချခြင်းများအပေါ် အထူးကုန်စည်ခွန် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

By Myanmar Food Industry Guide

ပြည်တွင်းအခွန်များဦးစီးဌာန

 

Three_Stars_Co.Ltd_-_4.png

Read times Last modified on Wednesday, 26 August 2020 18:03
Rate this item
(1 Vote)