Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပေါ်ဆန်းသစ်တစ်အိတ် ကျပ်တစ်သောင်းခန့်ဈေးကျ

နယ်စုံမှ ပေါ်ဆန်းဆန်သစ်များ ရန်ကုန်ဆန်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည့်အတွက် ပေါ်ဆန်းဆန်သစ်ဈေးသည် ပြီးခဲ့သည့်အပတ်ကထက်

တစ်အိတ်လျှင် ကျပ် ၇၀၀၀ မှ ၁၀,၀၀၀ ခန့်အထိ ကျဆင်းကြောင်း ဝါးတန်း ဆန်ဈေးကွက် အတွင်းမှ သိရသည်။

 

လက်ရှိပေါ်ဆန်းဆန်သစ်ဈေးကွက်အတွင်း ရန်ကုန်သို့ စတင်ဝင်ရောက်စဉ်က ကျိုက်လတ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၂,၀၀၀-၄၄,၅၀၀ မှ ကျပ် ၃၂,၀၀၀-၃၅,၀၀၀ သို့လည်းကောင်း ကျဆင်းကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိ
ရှိရသည်။

 

ထို့ပြင် ယခင်ကမော်ကျွန်း ပေါ်ဆန်းတစ်အိတ် ကျပ် ၄၂,၀၀၀-၄၄,၅၀၀ မှ ကျပ် ၃၅၀၀၀-၃၆၀၀၀ သို့လည်းကောင်း၊ ယခင်က မြောင်းမြပေါ်ဆန်း တစ်အိတ် ကျပ် ၄၆,၀၀၀- ၄၇,၀၀၀ မှ ကျပ် ၃၈၀၀၀-၃၉၀၀၀ ခန့်သို့လည်းကောင်းေ
ဈးနှုန်းများကျဆင်းကြောင်း ဝါးတန်းဆန်ဈေးကွက်အတွင်းမှ သိရသည်။

 

“ဆန်အဝင်များတော့ အရောင်းအဝယ်ကအေးနေတယ်၊ ဈေးအခြေအနေကတော့ အရောင်းအဝယ်ပေါ် မူတည်ပြီး ပြောင်းလဲနိုင်တယ်” ဟု ဆန်ကုန်သည် ဦးဇော်ခိုင်က ပြောဆိုသည်။

 

ရန်ကုန်သို့ ဆန်သစ်ဝင်ရောက်မှုမှာလည်း ပြီးခဲ့သည့်အပတ်ကထက် တစ်ရက်လျှင် နှစ်ဆနီးပါး ပိုမိုဝင်ရောက်ပြီး ယခုထက် ဆန်သစ်အဝင်များပြားလာနိုင်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။

 

Credit: Voice

Read times
Rate this item
(0 votes)