Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျောက်ဖြူ ပုစွန်သားဖောက်စခန်းမှ ရေငန်ပုစွန်သားပေါက်များဖြန့်ဖြူးရောင်းချ

ငါးလုပ်ငန်းဦးစီးဌာနမှ ရခိုင်ပြည်နယ်အတွင်း ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန(နေပြည်တော်)နှင့်

ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူပုစွန်သားဖေါက်စခန်းမှ ရေငန်ပုစွန် သားပေါက်များကို ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်များရှိ ပုစွန်မွေးမြူရေးကန်များအရောက် ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။

ဇန်နဝါရီ ၇ ရက်က ဖြန့်ဖြူးရောင်းချသည့် ပုစွန်သားပေါက်ကောင်ရေမှာ (၁၅) သိန်းဖြစ်ပြီး ဇန်နဝါရီ ၉ ရက်တွင် ပုစွန်သားပေါက်ကောင်ရေ (၁၀)သိန်း ထပ်မံရောင်းချခဲ့ရာ စုစုပေါင်း (၂၅)သိန်း ဖြန့်ဖြူး ရောင်းချနိုင်မည်ဖြစ်ပြီး ပုစွန်သားဖောက်ရာသီအနေဖြင့် သုံးလခန့် ကျန်သေးသည့်အတွက် မျိုးပုစွန်အမ များရရှိပါက နောက်ထပ် တတိယအကြိမ်၊ စတုတ္ထအကြိမ်ထိ ထပ်မံသားဖောက်၍ ရနိုင်ကြောင်း စခန်းတာဝန်ခံ ဦးရွှေကျော်အောင်ထံမှ သိရသည်။
MND

Read times
Rate this item
(0 votes)