Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Delivery Hero က ဂျာမနီမှ Foodpanda ကို မြို့ ၆ မြို့မှာ ရုတ်တရက် ရပ်ဆိုင်း

Delivery Hero က ဂျာမနီမှ Foodpanda ကို မြို့ ၆ မြို့မှာ ရုတ်တရက် ရပ်ဆိုင်း

ဂျာမနီ စားစရာပို့ လုပ်ငန်းစု Delivery Hero က ဂျာမနီမှာ လုပ်ကိုင်နေတဲ့ Foodpanda ကို အရွယ်အစား လျှော့ချကြောင်း ထုတ်ပြန်ကြေညာပါတယ်။ တစ်ဆက်တည်းမှာပဲ ဂျပန်မှာ လုပ်ကိုင်နေတဲ့ Foodpanda ကို ရောင်းချကြောင်း ကြေညာပါတယ်။

ဂျာမနီ Foodpanda လုပ်ကိုင်နေတဲ့ မြို့တွေဖြစ်တဲ့
Cologne,
Duesseldorf,
Frankfurt,
Hamburg,
Munich
Stuttgart
မြို့ ၆ မြို့မှာ လုပ်ငန်း ရပ်လိုက်ပါတယ်။
Cologne, Duesseldorf နဲ့ Stuttgart မြို့ ၃ မြို့မှာ Foodpanda လုပ်ကိုင်တာ တစ်လသာသာပဲ ရှိသေးပေမဲ့ ရပ်ပစ်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၅၀ ကျော်တွင် လည်ပတ်လုပ်ကိုင်နေသော Delivery Hero က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ၎င်း၏ Foodpanda အမှတ်တံဆိပ်ကို ဇွန်လတွင် စတင်ရောင်းချခဲ့ပြီး သြဂုတ်လတွင် အခြားမြို့များသို့ တိုးချဲ့ခဲ့တာမှာ တိုးချဲ့ခဲ့တဲ့ မြို့ ၆ မြို့မှာ လုပ်ငန်း ပြန်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။


အစားအသောက် ပို့ဆောင်ရေး စျေးကွက်ထဲမှာ ကိုဗစ်ကြောင့် စားစရာ မှာစားတာတွေ အရှိန်တက်ခဲ့ပြီး Uber Eats ၊ Just Eat Takeaway နှင့် Deliveroo တို့ အပါအဝင် စားစရာပို့ လုပ်ငန်းများ ကိုဗစ်ကာလအတွင်း ပိုခိုင်မာလာကြပြီး ယခု အစားအသောက် ပို့ဆောင်ရေး စျေးကွက် အကျဘက် ရောက်နေတဲ့အတွက် ပြန်ချိန်ညှိနေကြရပါတယ်။

ဥရောပ ကော်မရှင်က အွန်လိုင်းဈေးဆိုင် ပို့ဆောင်ရေး လုပ်ငန်းများမှ ပစ္စည်းပေးပို့တဲ့ စက်ဘီးသမားများနဲ့ ကားသမားများအား ဝန်ထမ်းအကျိုးခံစားခွင့်များ ပေးအပ်ရန် ဒီဇင်ဘာလ အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၀၂၀ စက်တင်ဘာလမှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ဂျပန်ဈေးကွက်ထဲမှ ၂၀၂၂ ပထမ သုံးလပတ်အတွင်းမှာ ပြန်လည်ထွက်ခွာတော့မယ်ဆိုတာကိုလည်း Delivery Hero က အသိပေးကြေညာထားပါတယ်။

Read times
Rate this item
(0 votes)