Food & Livestock
ထန်းတက်သူရှားပါး၍ ထန်းသီးဈေးနှုန်း မြင့်တက်လျက်ရှိ
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ ယခုအခါ ထန်းသီးပေါ်ချိန်ဖြစ်သော်လည်း
ထန်းတက်သူများ ရှားပါးလာသည့်အတွက် ထန်းသီးဈေးနှုန်း မြင့်တက်နေကြောင်း သိရပါတယ်။
ယခင်ငါးနှစ်ခန့်က ထန်းသီးငါးလုံးလျှင် ငွေကျပ် ၁ဝဝ ဈေးရှိခဲ့သော်လည်း ယခုနှစ် ထန်းသီးပေါ်ချိန်တွင် ထန်းသီးတစ်လုံးလျှင် ငွေကျပ် ၁ဝဝ ဈေးနှုန်းရှိကြောင်း သိရပါတယ်။
''ထန်းသီးက တစ်လကျော်လောက်ပဲ ပေါ်တာ။ ဒီလကစပြီး ပေါ်တာပေါ့။ ထန်းပင်ပိုင်ရှင်တွေက အသီးချိုင်ပေးတာပေါ့။ ကျွန်မတို့က သူတို့ဆီကဖောက်သည် ပြန်ယူရတယ်။ ထန်းတက်တဲ့သူ ရှားလာတော့ ထန်းသီး ဝယ်ရတာလည်း ခုနောက်ပိုင်းကျတော့ ခက်လာတယ်။ ဈေးကို လာရောင်းတယ်ဆိုရင် သူတို့က အခိုင်လိုက်ချိုင်ပေးတာပေါ့''ဟု ပေကုန်းကျေးရွာမှ ထန်းသီးရောင်းသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။
လက်ရှိတွင် ထန်းသီးဖောက်သည် ယူချင်သူ များပြားလျက်ရှိသော်လည်း ထန်းတက်သူ ရှားပါး နေသောကြောင့် ထန်းသီးဈေးနှုန်း မြင့်တက်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။
Source: Myawady