Food & Livestock



ဗီယက်နမ် ဆန်ပို့ကုန်လုပ်ငန်းရှင်များ ဈေးပိုပေးရန် ပြန်လည်ညှိနှိုင်း

ဗီယက်နမ် ဆန်ပို့ကုန်လုပ်ငန်းရှင်များ ဈေးပိုပေးရန်  ပြန်လည်ညှိနှိုင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဇူလိုင်လက အိန္ဒိယနိုင်ငံက ပြည်ပသို့ ဆန်ရောင်းချမှု ပိတ်ပင်ပြီးနောက် ကမ္ဘာ့ ဆန်စျေးနှုန်းများသည် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ တက်သွားခဲ့သည်။ သို့ဖြစ်ရာ ဗီယက်နမ် ဆန်ပို့ကုန်လုပ်ငန်းရှင်များ ချုပ်ဆိုထားပြီးဖြစ်သော စာချုပ်ပါ ဈေးနှုန်းများထက် ဈေးပိုပေးရန်  ပြန်လည်ညှိနှိုင်းကြသည်။ ဩဂုတ်လအတွင်း တင်ပို့သည့် ဆန်တန်ချိန် ၅ သိန်း ဝန်းကျင်အတွက် ဈေးညှိနှိုင်းကြသည်ဟု ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။

ဗီယက်နမ်ဆန်မွှေး တင်သွင်းရန် ဝယ်ယူထားသည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့က တတန်လျှင် ကန်ဒေါ်လာ ၃၀ မှ ၈၀ အထိ တိုးပေးခဲ့ကြရသည်။

အိန္ဒိယ ဆန်ပိတ်ပင်မှု မတိုင်ခင်က ဗီယက်နမ် ဆန်‌ေမွှး ဈေးန‌ှုန်းမှာ တတန်လျှင် US$550 ဝန်းကျင် ရှိခဲ့သည်။

 

ဩဂုတ်လတွင် တင်ပို့ရန် ဆန် တန်ချိန် ၅ သိန်း ဝန်းကျင်တွင် ၂ သိန်းဝန်းကျင်ကို တင်ပို့ပြီးပြီ ဖြစ်ပြီး ၃ သိန်းဝန်းကျင်ကို ဆက်လက်တင်ပို့လျက် ရှိသည်။ 

Source: Reuters

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 16 August 2023 23:47
Rate this item
(0 votes)