Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန်ဝယ်လိုအား များနေကာ လက်ငင်းဝယ်ယူ၍ စပါးစိုက်တောင်သူများ၊ ကုန်သည်များ၊

Published in Food & Livestock

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးစပါးများ ထွက်ရှိလာပြီဖြစ်သောကြောင့် ရန်ကုန်မြို့ရှိ ဆန်စပါး ကုန်စည်ဒိုင်( ဘုရင့်နောင်) တွင် တစ်ရက်လျှင် ဆန်သစ် ၂၄ ပြည်ဝင်အိတ်ရေ တစ်သိန်းခန့် ဝင်ရောက်လျက်ရှိ ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် သက်ရင့်မျိုးများဖြစ်သော ဆင်းသုခ၊ မနောသုခနှင့် ရတနာတိုးဆန်များ ထွက်ပေါ်လာချိန်ဖြစ်သောကြောင့် ယခုရက်ပိုင်း ရန်ကုန်မြို့ရှိ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တွင် နေ့စဉ်ဆန်သစ်အိတ်ရေ တစ်သိန်းခန့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

“ယခုလက်ရှိမှာတော့ မိုးစပါးတွေက ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး အရှေ့၊ အနောက်တွေကလဲ ပေါ်နေပါတယ်။ အခုမိုးစပါးပေါ်တဲ့ ရာသီအချိန်မှာတော့ ဘုရင့်နောင်ကုန်စည်ဒိုင်ကို တစ်ရက်ကို ဆန်အိတ်ပေါင်း တစ်သိန်းလောက်ဝင်တယ်။ သက်ရင့်မျိုးတွေဖြစ်တဲ့ မနော်သုခတို့၊ ရတနာတိုးတို့ အဝင်များပါတယ်။ လက်ရှိစျေးအနေအထားအရဆိုရင် အဲဒီဆန်နှစ်မျိုးက အတူတူလောက်ရှိတယ်။ အများအားဖြင့် ဆင်းသုခမျိုးစပါးတွေကပိုပေါတယ်။ သူကသက်တမ်းတိုတော့ အရင်ဆုံးပေါ်တယ်” ဟုမြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)မှ အတွင်းရေးမှူးကပြောပြသည်။

 

ယခုအခါ မိုးစပါးများထွက်ပေါ်လာပြီဖြစ်သော်လည်း သက်ရင့်စပါးပေါ်ချိန်နှင့် သက်ကြီးစပါးပေါ်ချိန် ကွာခြား မှုရှိသည့်အတွက် ဥရောပစျေးကွက်ဝင် သက်ကြီးစပါးမျိုးများ စျေးကွက်အတွင်းသို့ လာမည့် နိုဝင်ဘာဆန်းပိုင်း တွင် စတင်ဝင်ရောက်နိုင်ကြောင်း သိရသည်။

 

Source: YDNP

Myanmar Food Industry Guide

Published in Myanmar