Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်စပါးဝယ်လိုအားများနေပြီး လက်ငင်းငွေပေးချေနိုင်သဖြင့် ထုတ်လုပ်တင်ပို့မှု ပိုမိုအဆင်ပြေလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန်ဝယ်လိုအား များနေကာ လက်ငင်းဝယ်ယူ၍ စပါးစိုက်တောင်သူများ၊ ကုန်သည်များ၊

ဆန်စက်ပိုင်ရှင်များ၊ ပြည်ပတင်ပို့ရောင်းချသူများ အဆင်ပြေလျက်ရှိသည်။ နိုင်ငံတော်က ပြည်ပပို့ကုန် ဆန်များကို အရည်အသွေးထိန်းချုပ်နိုင်သည့်အပြင် ဘဏ်နှင့်ချိတ်ဆက်မှုများ ပိုမိုအဆင်ပြေကောင်းမွန်လာသဖြင့် ယခုနှစ်တွင် အရင်နှစ်များထက် ထုတ်လုပ်တင်ပို့မှုများ ပိုမိုအဆင်ပြေလျက်ရှိသည်။

 

“ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှု များလာတယ်၊ ဆန်ဝယ်လိုအားလည်း ပိုမိုများပြားလာပါတယ်၊ အဓိကကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မနောသုခ၊ ရတနာဖြိုးစတဲ့ ဆန်တွေကို တင်ပို့နေတာပါ၊ ပြည်တွင်းစားသုံးမှုလည်း မထိခိုက်ပါဘူး၊ ကုမ္ပဏီ ၃၀ ကျော်လောက်ကို တင်ပို့ခွင့်ပြုထားတဲ့အတွက် ဝယ်လိုအားများလာတယ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက

 

အရည်အသွေးပိုင်းကို ထိန်းချုပ်နိုင်သလို ဘဏ်နဲ့ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်တဲ့အတွက် ကာလတိုငွေချေးယူခွင့်ရတယ်၊ စျေးကွက်မှာလည်း ငွေလက်ငင်းစနစ်နဲ့ ဝယ်ယူလာနိုင်တယ်၊ ဒီနှစ်ကတော့ စျေးကောင်းရရှိပြီး အဆင်ပြေတဲ့နှစ်လို့ ပြောလို့ရပါတယ်၊ စပါးစျေးကွက်မှာ စပါးအစိုစျေးနှုန်း ၅၂ ပေါင်ကို ငွေကျပ် ၁၀ သိန်းဝန်းကျင်နဲ့ စပါးအခြောက်စျေးနှုန်း ၄၆ ပေါင်ကို ငွေကျပ် ၁၂ သိန်းဝန်းကျင်ရှိနေပြီး ဝယ်လိုအားများနေလို့ ယခုနှစ် နွေစပါးကိုလည်း အင်တိုက်အားတိုက် စိုက်ပျိုးလာကြပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) အတွင်းရေးမှူးကပြောသည်။

 

ဘုရင့်နောင်ကုန်စည်ဝင်းသို့ မနော်သုခ၊ ရတနာဖြိုးစသည့်ဆန်များ အများဆုံးဝင်ရောက်လျက်ရှိရာ ပဲခူတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းကထွက်ရှိသည့် ဆန်သုံးပုံတစ်ပုံသာ ဘုရင့်နောင်ကုန်စည်ဝင်းသို့ ဝင်ရောက်ပြီး ကျန်နှစ်ပုံခန့်သည် ပုသိမ်မြို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။

 

ဘုရင့်နောင် ကုန်စည်ဝင်းသို့ နေ့စဉ်ဆန်အိတ်ပေါင်း တစ်သိန်းဝန်းကျင်ခန့် ပုံမှန်ဝင်ရောက်လျက်ရှိရာ ဝင်ရောက်လာသည့် ဆန်များကို ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ အများဆုံး တင်ပို့နေကြောင်း သိရသည်။

 

Source DNM

Myanmar Food Industry guide

Read times
Rate this item
(0 votes)