Food & Livestock
×
Warning
JUser: :_load: Unable to load user with ID: 540
Unicode ဖြင့်ဖတ်ရန်
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသသည် ပြောင်းကို   အများဆုံး စိုက်ပျိုးကြသည့် ဒေသတစ်ခုဖြစ်ပြီး လက်ရှိတွင် ပြောင်းစျေးနှုန်းများ ကျဆင်းနေသဖြင့် ယခုနှစ်တောင်သူများ ပြောင်းစိုက်ပျိုးမှုသည် ယခင်နှစ်များထက် လျော့ကျနေကာ ပြောင်းပွဲရုံလုပ်ငန်းများသည်လည်း အရောင်းအဝယ် အေးနေကြောင်း လားရှိုးမြို့  မယ်ဟန်ကျေးရွာရှိ   စိန်မျှားပွဲရုံပိုင်ရှင်ထံမှ   သိရပါတယ်။
Catering Training Classes ဧည့်ခံကျွေးမွေးရေးအထောက်အကူပြုသင်တန်းပေါင်း ၉ ခုကိုရှာရန်နှိပ်ပါ။
''လောလောဆယ်မှာတော့  ပြောင်းအသစ်တွေက နည်းနည်းပဲ ဝင်လာသေးတယ်။ ကျွန်မတို့ဘက်က ပြောင်းတွေကို အဓိက တရုတ်နိုင်ငံကို တင်ပို့တာပါ။ အခုဆိုရင် တရုတ်စျေးကွက်ထဲမှာ  ပြောင်းစျေးက ကောင်းပေမယ့် ကျွန်မတို့ကိုပေးတဲ့ စျေးကတော့ တော်တော်နည်းတယ်။  ပြောင်းစျေးက မူဆယ် (၁ဝ၅)မိုင်မှာ Custom Duty  နှုန်းထားနဲ့ဆို အတူတူဖြစ်နေတော့ သိပ်မကိုက်ဘူးလေ။
လက်ရှိပြောင်းစိုက် တောင်သူတွေအနေနဲ့လည်း  ပြောင်းစျေးကြောင့် ပွဲရုံတွေကိုမရောင်းဘဲနဲ့ သူတို့အစီအစဉ်နဲ့ သူတို့လှောင်ပြီး စျေးစောင့်နေကြပါတယ်။ အခုဆိုရင် တောင်သူတွေကလည်း စိုက်တာနည်းတယ်။ ပြောင်းပွဲရုံတွေလည်း အဆင်မပြေ၊ ကားသမားတွေဆိုလည်း မဆွဲတော့ဘဲ    ရပ်နားထားတဲ့ကားတွေတောင် ရှိပါတယ်။   
အရင်က  ကျွန်မတို့ဘက်ကို  ရှမ်းပြည်နယ် တောင်ပိုင်းဘက်က  ပြောင်းတွေပါဝင်တယ်။
အခုတော့ ရှမ်းတောင်ဘက်ကပြောင်းတွေက မိုင်းလား နယ်စပ်ပေါက်ကနေ တစ်ဆင့် တင်ပို့နေတာကိုလည်း သိရပါတယ်''ဟု  စိန်မျှားပြောင်း ပွဲရုံပိုင်ရှင်က ပြောကြားခဲ့ပါတယ်။
Read More >>>>>  ပင်လယ်ငါး ဝင်ရောက်မှုများသည့်အတွက် ငါးခြောက်ဈေးနှုန်း ပိုမိုကျဆင်း
လက်ရှိ  ပြောင်းပေါက်စျေး အနေဖြင့် တရုတ်နိုင်ငံအတွင်း  ပြောင်း ၅ဝ ကီလိုဂရမ် တစ်အိတ်လျှင်  တရုတ်ငွေစျေး ယွမ်၁ဝဝ မှ ၁၁ဝ ယွမ်၊ မြန်မာငွေကျပ် ၂ဝဝဝဝ ခန့် ပေါက်စျေး ရှိနေပြီး ၎င်းတို့ပြန်လည် ဝယ်ယူသည့်   နယ်စပ်စျေးကွက်တွင် မူပြောင်း ၅ဝ ကီလိုဂရမ် တစ်အိတ်လျှင် ငွေကျပ် ၉၅ဝဝ ခန့်သာ ရှိနေကြောင်း၊ ကားသယ်ယူစရိတ်များ အနေဖြင့် လားရှိုး-မူဆယ်အထိ ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၃ဝ ခန့်ဖြင့် သယ်ယူစရိတ်များမှာ ပုံမှန်အတိုင်းသာ ရှိနေကြောင်း သတင်း ရရှိသည်။
Source: Myawady
ပြောင်းဈေးနှုန်းကျဆင်းသဖြင့် ပြောင်းပွဲရုံလုပ်ငန်းများ အရောင်းအဝယ်အေး
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသသည် ပြောင်းကို   အများဆုံး စိုက်ပျိုးကြသည့် ဒေသတစ်ခုဖြစ်ပြီး လက်ရှိတွင် ပြောင်းဈေးနှုန်းများ ကျဆင်းနေသဖြင့် ယခုနှစ်တောင်သူများ ပြောင်းစိုက်ပျိုးမှုသည် ယခင်နှစ်များထက် လျော့ကျနေကာ ပြောင်းပွဲရုံလုပ်ငန်းများသည်လည်း 
Catering Training Classes ဧည့်ခံကျွေးမွေးရေးအထောက်အကူပြုသင်တန်းပေါင်း ၉ ခုကိုရှာရန်နှိပ်ပါ။
Read More >>>>>  ပင်လယ်ငါး ဝင်ရောက်မှုများသည့်အတွက် ငါးခြောက်ဈေးနှုန်း ပိုမိုကျဆင်း
လက်ရှိ  ပြောင်းပေါက်ဈေး အနေဖြင့် တရုတ်နိုင်ငံအတွင်း  ပြောင်း ၅ဝ ကီလိုဂရမ် တစ်အိတ်လျှင်  တရုတ်ငွေဈေး ယွမ်၁ဝဝ မှ ၁၁ဝ ယွမ်၊ မြန်မာငွေကျပ် ၂ဝဝဝဝ ခန့် ပေါက်ဈေး ရှိနေပြီး ၎င်းတို့ပြန်လည် ဝယ်ယူသည့်   နယ်စပ်ဈေးကွက်တွင် မူပြောင်း ၅ဝ ကီလိုဂရမ် တစ်အိတ်လျှင် ငွေကျပ် ၉၅ဝဝ ခန့်သာ ရှိနေကြောင်း၊ ကားသယ်ယူစရိတ်များ အနေဖြင့် လားရှိုး-မူဆယ်အထိ ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၃ဝ ခန့်ဖြင့် သယ်ယူစရိတ်များမှာ ပုံမှန်အတိုင်းသာ ရှိနေကြောင်း သတင်း ရရှိသည်။
Source: Myawady
Published in Food & Livestock