Food & Livestock
ဂျပန်နိုင်ငံတွင် ဆန်လက်ငင်းရောင်းဝယ်မှု အွန်လိုင်းဈေးကွက် စတင် ဖွင့်လှစ်
ဂျပန်နိုင်ငံ၌ ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ် အခြေခံ၍ ဆန်ဈေးနှုန်းများကို ပိုမိုပွင့်လင်းစွာ သတ်မှတ်နိုင်ရန် ရည်ရွယ်၍ အင်တာနက်စင်္ကြန်မှတစ်ဆင့် ဆန်လက်ငင်းရောင်းဝယ်မှု ဈေးကွက်တစ်ရပ်ကို ဖွင့်လှစ်ခဲ့သည်။
ထို့သို့ ဆန်လက်ငင်းရောင်းဝယ်မှု ဈေးကွက်ကို ဖွင့်လှစ်ခြင်းအားဖြင့် နိုင်ငံ၏ အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်များ ဝယ်ယူရောင်းချခြင်းကို ပိုမိုချောမွေ့လာစေမည် ဖြစ်ကြောင်း သိရှိရသည်။
အနာဂတ်ဆန်ဈေးကွက် (Mirai Rice Market) ဟု ခေါ်ဆိုသော အဆိုပါ ရောင်းဝယ်မှုစင်္ကြန်ကို ထူထောင်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ ဉာဏ်ကြီးရှင် အဖွဲ့အစည်းများနှင့် ဆန်လက်ကားရောင်းချသူများက ရန်ပုံငွေအများအပြား ထောက်ပံ့ပေးခဲ့သည်။
ဆန်စပါးထုတ်လုပ်သူများသည် ၎င်းတို့၏ အလိုရှိသော စျေးနှုန်းများဖြင့် ရောင်းချမည့် ပမာဏတို့ကို ကမ်းလှမ်းနိုင်ပြီး သတ်မှတ်အချိန်ကာလတစ်ရပ်အတွင်း ၎င်းတို့၏ ထုတ်ကုန်ကို အမြင့်ဆုံးဈေးနှုန်း ပေးအပ်များထံ လေလံတင် ရောင်းချနိုင်မည် ဖြစ်သည်။
ဂျပန်နိုင်ငံတွင် လက်ရှိကာလအထိ ဆန်ဈေးနှုန်းများ သတ်မှတ်ခြင်းကို လယ်သမားများကို ကိုယ်စားပြုသော စိုက်ပျိုးရေးဆိုင်ရာ သမဝါယမအသင်းများနှင့် ဝယ်ယူသူများအကြား ညှိနှိုင်းမှုဖြင့်သာ ဆောင်ရွက်ခဲ့သည်။
Advertisement
ထို့ကြောင့် ဆန်အတွက် စံဈေးနှုန်းများ သတ်မှတ်ရာတွင် ပိုမို ပွင့်လင်းမြင်သာမှုရှိပြီး လယ်သမားများအနေဖြင့် ဈေးကွက်ဝယ်လိုအားကို ခန့်မှန်း အကဲဖြတ်ခွင့် ရရှိစေမည့် လက်ငင်းရောင်းဝယ်သည့် ဈေးကွက်တစ်ခု လိုအပ်ကြောင်း ဝေဖန်ထောက်ပြသူများက ပြောကြားသည်။
Mirai Rice Market ၏ ဥက္ကဌဖြစ်သူ Orikasa Shunsuke က ဆန်၏ ထပ်တိုးတန်ဖိုး၊ လယ်သမားများ၏ ထုတ်လုပ်မှု အခက်အခဲများနှင့် ကုန်ကျစရိတ်များသည် အရောင်းအဝယ်ပြုသည့် ဈေးနှုန်းများ၌ ပါဝင်လျက် ရှိကြောင်းကို ထင်ဟပ်စေမည့် ပွင့်လင်းပြီး မျှတမှုရှိသော စျေးကွက်တစ်ရပ်အား ဖန်တီးရန် လယ်သမားများက လိုလားမှုရှိသည်ဟု ဆိုသည်။
ဆန်ရောင်းဝယ်မှု စင်္ကြန်မှတစ်ဆင့် ပထမနှစ်အတွင်း ဆန်တန်ချိန် (၂၀,၀၀၀) ခန့် အရောင်းအဝယ် ဖြစ်ပေါ်ရန်နှင့် (၅) နှစ်အတွင်း (၅) ဆအထိ မြင့်တက်လာရန် ၎င်းက မျှော်လင့်ထားကြောင်း သိရသည်။
အဆိုပါ ဆန်ရောင်းဝယ်မှုစင်္ကြန် စီမံကိန်းကို ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက ကျောထောက်နောက်ခံ ပြုထားပြီး ယခုနှစ်ကုန်တွင် အခြားသော ဆန်စပါးလက်ငင်းဈေးကွက် တစ်ခုကို ထပ်မံ ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းရကြောင်း NHK သတင်းဌာနက ဖော်ပြထားသည်။
Source : NHK World - Japan News
ပြည်တွင်းဆန်စျေး မြင့်တက်မှုကြောင့် ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် (၅) သိန်းခန့် လျော့ကျ
၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ပြည်ပသို့ ဆန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် (၅) သိန်းခန့် လျော့နည်းသွားပြီး ထိုသို့ တင်ပို့မှု လျော့နည်းရခြင်းသည် ပြည်တွင်းဆန်စျေး မြင့်တက်မှုကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ယခုဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ် (၅) လတာကာလအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုသည် (၄) သိန်းခန့်သာ ရှိခဲ့ပြီး မြန်မာနိုင်ငံမှ ဆန်ကို ဥရောပနိုင်ငံများက အဓိကထား ဝယ်ယူကာ တရုတ်၊ ဖိလစ်ပိုင်နှင့် ဒေသတွင်း နိုင်ငံများသို့လည်း တင်ပို့လျက် ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ စုစုပေါင်း ဆန်တန်ချိန် (၄၉,၂၆၀) ကျော် တင်ပို့ခဲ့ပြီး…
- အာရှနိုင်ငံများသို့ ဆန်တန်ချိန် (၃၃,၄၉၀) ကျော်
- ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် (၁၀,၁၉၀) ကျော်
- အာဖရိက နိုင်ငံများသို့ ဆန်တန်ချိန် (၅,၅၇၀) ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Click Here > T & D Power Tech
အာရှနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် (၁၁,၇၇၀) ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် (၁၁,၃၉၀) ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် (၉,၅၆၀) ကျော်၊ စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် (၄၀၆) ကျော်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် (၂၃၀) ကျော်နှင့် ထိုင်ဝမ်သို့ ဆန်တန်ချိန် (၁၀၀) ကျော် တင်ပို့ခဲ့သည်။
ပြည်တွင်း အဓိကစားသုံးဆန်များ ဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုများ၊ ဧရာမင်း၊ ဧရာပဒေသာ၊ အညာသား၊ ပခန်းစသော ပြည်တွင်းစားဆန် အမျိုးအစားများအား ပြည်တွင်းဈေးကွက် အတွက်သာ ဦးစားပေး ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ဧည့်မထအုပ်စုဆန်များ၊ ကရင်မ၊ ထွန်းပု၊ ငစိန် စသော ဆန်များ၊ ပေါင်းဆန်များကိုသာ အဓိက ပြည်ပတင်ပို့လျက် ရှိပြီး ဆန်ပြည်ပတင်ပို့မှုကို ရပ်နားထားခြင်းမရှိဘဲ ပြည်ပတင်ပို့ရန် ဆန်စုဆောင်းမှု ၁၀၀ ရာခိုင်နှုန်း (Cargo Readiness 100%) ရှိသည့် ကုမ္ပဏီများကို (Pre Shipment Inspection) စိစစ်ပြီး ပို့ကုန်လိုင်စင် ထုတ်ပေးခြင်းကို ဆက်လက် ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။
ဖွဲနုဆီ ထုတ်လုပ်လိုသူများအတွက် ဆန်စပါးအသင်းချုပ်က ချေးငွေနှင့် နည်းပညာ ရရှိရန် ချိတ်ဆက် ဆောင်ရွက်ပေးမည်
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဦးဆောင်၍ စပါးခွံမှ လျှပ်စစ်ထုတ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ် စက်ရုံနှင့် ဖွဲနုမှ ဆီကြမ်းထုတ်လုပ်ရေး စက်ရုံ၊ ဖွဲနုဆီ သန့်စင်စက်ရုံများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ ဆန်တင်ပို့မှု ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် (၅) သိန်းခန့် လျော့နည်းနေ
၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ ငါးလတာကာလအတွင်း ပြည်ပသို့ ဆန်တင်ပို့မှုသည် (၄) သိန်းခန့်သာ ရှိခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် (၅) သိန်းခန့် လျော့နည်းသွားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
“ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်မှာ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ် ငါးလ ပြီးသွားပြီ။ ဒီငါးလအတွင်းမှာ ပြည်ပတင်ပို့က တန်ချိန် လေးသိန်းနီးပါးလောက် ရှိတာပေါ့။ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် တန်ချိန်ငါးသိန်းလောက် နည်းနေတယ်။” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်သို့ ပြောကြားချက်အရ သိရသည်။
ယခု စက်တင်ဘာအတွင်း ပြည်ပသို့ ဆန်တန်ချိန် တစ်သိန်းခန့် တင်ပို့ရန် စီစဉ်ထားပြီး နှစ်စဉ် ဆန်တန်ချိန် နှစ်သန်းနှင့် နှစ်သန်းကျော် တင်ပို့လျက် ရှိကာ ယခုဘဏ္ဍာနှစ်တွင်လည်း ဆန်တန်ချိန် နှစ်သန်းနှင့် နှစ်သန်းခွဲထိ တင်းပို့မည်ဟု ခန့်မှန်းထားသည်ဟု ဆိုသည်။
Click Here > Green Leaf
ပြည်တွင်း အဓိကစားသုံးဆန်များ ဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုများ၊ ဧရာမင်း၊ ဧရာပဒေသာ၊ အညာသား၊ ပခန်းစသော ပြည်တွင်းစားဆန် အမျိုးအစားများအား ပြည်တွင်းဈေးကွက် အတွက်သာ ဦးစားပေး ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ဧည့်မထအုပ်စုဆန်များ၊ ကရင်မ၊ ထွန်းပု၊ ငစိန် စသော ဆန်များ၊ ပေါင်းဆန်များကိုသာ အဓိက ပြည်ပတင်ပို့လျက် ရှိပြီး ဆန်ပြည်ပတင်ပို့မှုကို ရပ်နားထားခြင်းမရှိဘဲ ပြည်ပတင်ပို့ရန် ဆန်စုဆောင်းမှု ၁၀၀ ရာခိုင်နှုန်း (Cargo Readiness 100%) ရှိသည့် ကုမ္ပဏီများကို (Pre Shipment Inspection) စိစစ်ပြီး ပို့ကုန်လိုင်စင် ထုတ်ပေးခြင်းကို ဆက်လက် ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု အများဆုံးနိုင်ငံများမှာ ဥရောပနိုင်ငံများ ဖြစ်ပြီး တရုတ်နိုင်ငံအား ဒုတိယအများဆုံး တင်ပို့ကာ ဖိလစ်ပိုင်နှင့် ဒေသတွင်းနိုင်ငံများသို့လည်း တင်ပို့လျက် ရှိသည်။
ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဧပြီလမှ ဩဂုတ်လအတွင်း ဒေါ်လာ (၁၆၆) သန်း ဝင်ငွေရရှိ
၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လထိ (၅) လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ပေါင်း (၄) သိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ထိုသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၆၆) သန်း နိုင်ငံခြားဝင်ငွေ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းများအရ သိရသည်။
ပြည်ပနိုင်ငံများမှ ဆန်သွင်းကုန်ကို မှီခိုရန် မလိုတော့သည့် နီပေါနိုင်ငံ
ပြီးခဲ့သည့် နှစ်မှစ၍ အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန်လိုအပ်မှု ပြည့်ဝစေရန်နှင့် ဈေးကွက်ပေါက်ဈေး မြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ဆန်ကွဲတင်ပို့မှုကို တားမြစ်ခြင်း၊ ဆန်အမျိုးမျိုး တင်ပို့မှုအပေါ် အကောက်ခွန် (၂၀) ရာခိုင်နှုန်း ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ တင်းကျပ်လာမှုများကြောင့် ဆန်သွင်းကုန်ကို အလွန်အကျွံ မှီခိုနေရသည့် နီပေါဈေးကွက်တွင် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဆန်များကို လုံလောက် ပြည့်မီအောင် ထုတ်လုပ်ထားသော်လည်း နိုင်ငံတွင်း ဝယ်လိုအားများသောကြောင့် လုံလောက်မှု မရှိကြောင်း The Annapurna Express သတင်းဌာနက ဖော်ပြထားသည်။
ထို့ပြင် ပြည်တွင်း ကုန်ဈေးနှုန်းများသည်လည်း ယခင်နှစ်ကထက် (၃) ရာခိုင်နှုန်းနီးပါး သိသိသာသာ ထိုးတက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလလယ်တွင် ဆန်အပါအဝင် သီးနှံထွက်ကုန်များ၏ ဈေးနှုန်းသည် (၉) ရာခိုင်နှုန်းထိ တစ်ရှိန်ထိုး တက်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ ကန့်သတ်ချက်များကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမငါးလအတွင်းတွင် ဆန်နှင့် သီးနှံထွက်ကုန်များ တင်သွင်းမှုသည် (၄၀.၂) ရာခိုင်နှုန်း ( ရူပီး ၂၀.၃၁ ဘီလီယံ ) အထိ သိသိသာသာ ကျဆင်းလာခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ်၏ ပထမလေးလအတွင်း ဆန်နှင့် စပါးတင်သွင်းမှုသည် (၄၉.၇) ရာခိုင်နှုန်း (ရူပီး ၆.၆၈ ဘီလီယံ ) အထိ ကျဆင်းသွားသည်။
နီပေါနိုင်ငံသားများအနေဖြင့် ဆန်တစ်မျိုးတည်းကိုသာ စားသုံးမည် ဆိုပါက ယခုဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန်ပေါင်း ၅၅၀,၀၀၀ လိုအပ်မည် ဖြစ်ကာ အခြားသီးနှံ ထွက်ကုန်များကိုလည်း အဓိက အစားအစာအဖြစ် စားသုံးပါက နိုင်ငံအတွင်းစားနပ်ရိက္ခာ ပြတ်လပ်မှု မရှိနိုင်ကြောင်းကို စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး ခေတ်မီရေးအစီအစဉ် အကြီးတန်း စောင့်ကြည့် အကဲဖြတ်ရေးအရာရှိ Hikmat Kumar Shrestha က ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံ့လူဦးရေအတွက် ဆန်အလုံအလောက် ထုတ်လုပ်ထားပြီး ပြည်ပနိုင်ငံများမှ တင်သွင်းမှုကို လျှော့ချခြင်းကြောင့် ယခုဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်း စပါးထွက်ရှိမှုသည် (၆.၉၄) ရာခိုင်နှုန်း ( တန်သန်းပေါင်း ၅.၄၈ ) အထိ မြင့်တက်လာပြီး မိုးရာသီနှင့် ခြောက်သွေ့ရာသီ နှစ်မျိုးလုံးအတွက် ဖူလုံနိုင်ကြောင်း ဆိုသည်။
သို့ရာတွင် နီပေါနိုင်ငံ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အဆိုအရ စုစုပေါင်းဆန်ထွက်ရှိမှု၏ (၇၀) ရာခိုင်နှုန်းခန့်သည် နိုင်ငံအတွင်း စားသုံးရန်အတွက် မသင့်လျော်သည့် ဆန်ကြမ်းအမျိုးအစားများသာ ဖြစ်သည်။
နီပေါနိုင်ငံ၏ ဝင်ငွေတိုးမြင့်လာမှုနှင့် နေ့စဉ် စားသုံးမှုပုံစံ ပြောင်းလဲလာမှုကြောင့် ဒေသခံလူအများစုသည် ဆန်လုံးရှည်မျိုးများကို ပိုကြိုက်ကြသည့်အတွက် နိုင်ငံအနေဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ဆန်လုံးရှည် သွင်းကုန်အပေါ် အမှီပြုလာရသည်။
Advertisement
Click Here > Baho Pipe
လယ်သမားများက ဆန်လုံးရှည်ဆန် စိုက်ပျိုးရခြင်းသည် ဆန်ကြမ်းကဲ့သို့ အထွက်နှုန်း မကောင်းသောကြောင့် မစိုက်ပျိုးလိုပေ။ ထို့ကြောင့် အိန္ဒိယမှ ယင်းဆန်များကို ပိုမိုတင်သွင်းခဲ့ရပြီး ယခုကဲ့သို့ တင်းကျပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် နီပေါနိုင်ငံ အစိုးရမှ မျိုးကောင်းမျိုးသန့် ဆန်လုံးရှည်ဆန် စိုက်ပျိုးရန် တိုက်တွန်း ဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း Hikmat Kumar Shrestha က ပြောသည်။
Sunsari ခရိုင်၊ Duhabi တွင် ဆန်စက် တည်ထောင်ထားသည့် Buddha Air ပိုင်ရှင်ဖြစ်သူ Birendra Bahadur Basnet က လယ်သမားများအတွက် ဆန်လုံးရှည်ဆန် အစားထိုးစိုက်ပျိုးခြင်း မစတင်ခင် စပါးများကို အနိမ့်ဆုံးဈေးနှုန်းဖြင့် လာရောက်ဝယ်ယူပေးမည်ဟု ကတိပြုထားကြောင်း ဆိုသည်။
လယ်ယာထွက်ကုန်ပစ္စည်း အများစုကို အိန္ဒိယမှ တင်သွင်းပြီး ယခင်နှစ်က သွင်းကုန် အများအပြား တင်သွင်းခဲ့မှုကြောင့် နိုင်ငံတွင်း အရန်သိမ်းဆည်းထားသော နိုင်ငံခြားသုံးငွေများကို ထုတ်သုံးခဲ့ရသဖြင့် သီရိလင်္ကာအနေအထားသို့ ရောက်သွားနိုင်သည့်အတွက် စိုးရိမ်မှုများ မြင့်တက်လျက် ရှိကြောင်း လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုနှင့် တင်သွင်းမှု အဆင့်အတန်း လေ့လာမှုစာစောင်တစ်ခုတွင် ဖော်ပြထားသည်။
အိန္ဒိယမှ ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ချလိုက်ခြင်းသည် တစ်ဖက်မှကြည့်လျှင် ပြည်တွင်းထုတ်ကုန်များနှင့် ထုတ်လုပ်မှုကို မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ယူဆနိုင်ပြီး ရရှိလာသည့် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချသင့်ကြောင်းကို နီပေါနိုင်ငံ Rastra ဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
Su Mon Oo
Source : The Annapurna Express
စပါး၊ ငါးသုတေသနနှင့် သရုပ်ပြကန်များ တိုးချဲ့တူးဖော်
ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆန်စပါးသုတေသနအဖွဲ့ ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော စပါး၊ ငါးသုတေသနနှင့် သရုပ်ပြကန်များ တိုးချဲ့တူးဖော်ခြင်း လုပ်ငန်းခွင်သို့ မအူပင်ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးသာအေး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဆန်းဝင်း၊ တလုပ်လှငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်အေးအေးမင်းတို့ ပါဝင်သောအဖွဲ့က ကွင်းဆင်းစစ်ဆေးပေးခဲ့ပါသည်။