Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စပါး၊ ငါးသုတေသနနှင့် သရုပ်ပြကန်များ တိုးချဲ့တူးဖော်

စပါး၊ ငါးသုတေသနနှင့် သရုပ်ပြကန်များ တိုးချဲ့တူးဖော် World Fish

ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆန်စပါးသုတေသနအဖွဲ့ ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော စပါး၊ ငါးသုတေသနနှင့် သရုပ်ပြကန်များ တိုးချဲ့တူးဖော်ခြင်း လုပ်ငန်းခွင်သို့ မအူပင်ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးသာအေး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဆန်းဝင်း၊ တလုပ်လှငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်အေးအေးမင်းတို့ ပါဝင်သောအဖွဲ့က ကွင်းဆင်းစစ်ဆေးပေးခဲ့ပါသည်။


အထူးသဖြင့် ကန်တူးဖော်ခြင်းပုံစံ၊ ငါးထည့်သွင်းရန်အတွက် ရေအရည်အသွေး ပြုပြင်မှုများ၊ ထည့်သွင်းလိုသည့် ငါးအမျိုးအစားနှင့် အကောင်ရေတို့ကို ဆွေးနွေးညှိနှိုင်းပေးခဲ့ပါသည်။ မအူပင်မြို့နယ် လက်ခုပ်ကျေးရွာတွင် စပါး၊ ငါးသုတေသနနှင့် သရုပ်ပြကန် တစ်ကန်ကို တူးဖော်ဆောင်ရွက်လျက်ရှိပြီး တမံလေး၊ ရွှေတောင်မှော်၊ ညောင်ဝိုင်းကျေးရွာတို့တွင် စပါး၊ ငါးသုတေသနဆိုင်ရာ ပညာပေးခြင်း လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

MOI

Read times Last modified on Wednesday, 27 January 2021 14:49
Rate this item
(0 votes)