Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စပျစ်စိုက်ပျိုးရာတွင် မြေအောက်ရေလျော့နည်းသဖြင့် အခက်အခဲရှိ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းရှိ စပျစ်စိုက်တောင်သူများ

မြေအောက်ရေ လျော့နည်းသဖြင့် စပျစ်စိုက်ပျိုးရာတွင် အခက်အခဲတွေ့နေကြောင်း သိရပါတယ်။

ယခင်က စပျစ်ခင်းထဲသို့ ရေသွင်းရာတွင် တစ်ဧကလျှင် တစ်နာရီခန့်သာ အချိန်ကြာပြီး ယခု မြေအောက်ရေလျော့နည်းလာမှုကြောင့် တစ်ဧကလျှင် လေးနာရီမှ ငါးနာရီအထိ အချိန်ပေးရကြောင်းလည်း သိရပါတယ်။

ယခုနှစ်တွေတော့ ထူးထူးခြားခြားဘာမှမဖြစ်သေးပါဘူး။ နောက်နှစ်တွေဆိုရင်တော့ စပျစ်စိုက်ပျိုးဖို့ စဉ်းစားရမှာ ဖြစ်ကြောင်း သိရပါတယ်။

စပျစ်ပင်ကို ရေသွင်းပေးရင် သီးနှံအထွက်နှုန်းကောင်းပါတယ်။ မိုးရာသီကို မကြိုက်သော်လည်း အပင်များကို ရေသွင်းစိုက်ပျိုးပေးရပြီး ယခုနှစ်တွင် မြေအောက်ရေ လျော့သွားသောကြောင့် ရေသွင်းရာတွင် အချိန်ကြာမြင့်ပြီး ငွေကုန်များလာကြောင်း သိရပါတယ်။

စပျစ်ဈေးကွက်တွင် စပျစ်အစိမ်းတစ်ပိဿာလျှင် ၈၀၀ ကျပ်၊ စပျစ်အညိုတစ်ပိဿာလျှင် ၁၅၀၀ ကျပ်နှင့် ပန်းရောင်တစ်ပိဿာလျှင် ကျပ် ၃၃၀၀ ကျပ်ဈေးနှုန်းရှိပြီး တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ကြောင်းလည်း သိရပါတယ်။

Source: Myawaddy

Read 1916 times Last modified on Thursday, 06 September 2018 16:19
Rate this item
(1 Vote)