Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့ဖလား ဘောလုံးပွဲ အချိန်သတ်မှတ်ချက်များဖြင့် ဘီယာရောင်းချရန် ခွင့်ပြု

ကမ္ဘာ့ဖလား ဘောလုံးပွဲ အချိန်သတ်မှတ်ချက်များဖြင့် ဘီယာရောင်းချရန် ခွင့်ပြု 

 

ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲသည်  အရက်သေစာသောက်စားမှုကို တင်းကျပ်စွာထိန်းချုပ်သည့် မွတ်ဆလင်နိုင်ငံ၌ ပထမဆုံးကျင်းပသည့်ပွဲဖြစ်သဖြင့် ပွဲစီစဉ်သူများအတွက် ထူးခြားသောစိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရသည်။

.

တင်ဆက်သည့်ပွဲဖြစ်ပြီး အဓိကဘီယာအမှတ်တံဆိပ်တစ်ခုမှ စပွန်ဆာ ပေးထားပြီး ဘောလုံးပွဲသို့  ဘီယာသောက်သုံးသူပရိသတ်များလည်း လာရောက်ကြသည်။

သို့ဖြစ်ရာ အရက်ရာခိုင်နှုန်း အတိုင်းအတာတစ်ခုအထိ ပါနေသော ဘီယာ ရောင်းချခွင့်ကို အချိန်သတ်မှတ်ချက်ဖြင့် ခွင့်ပြုထားသည်။

.

ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင်နိုင်ငံ ကာတာသည် ကမ္ဘာ့ဖလားဘောလုံးပွဲများမစတင်မီ ၃ နာရီနှင့် နောက်ဆုံးပွဲစဉ်အပြီး တစ်နာရီအတွင်း ဘောလုံးပွဲများတွင် အရက်ယမကာဝယ်ယူရန် လက်မှတ်ရရှိထားသည့် ပရိသတ်များကို ဘီယာဝယ်ယူရန် ခွင့်ပြုမည်ဖြစ်သော်လည်း ပြိုင်ပွဲကျင်းပ‌နေစဉ်တွင် ခွင့်မပြုချေ။

.

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘီယာရောင်းချရန် သီးသန့်အခွင့်အရေးဖြင့် အဓိကစပွန်ဆာဖြစ်သည့် Budweiser က ရရှိထားသည်။ 

.

အားကစားကွင်းတစ်ခုစီပတ်လည်ရှိ လက်မှတ်ရောင်းချသည့် ပတ်၀န်းကျင်အတွင်း၌ ဘီယာရောင်းချမည်ဖြစ်သော်လည်း ကွင်းအတွင်းနှင့် နားနေဆောင်များတွင် ရောင်းချမည်မဟုတ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

.

"ပွဲမစခင် သုံးနာရီအလိုမှာ ဂိတ်တွေဖွင့်တဲ့အခါ ဘီယာကို ရရှိနိုင်မှာပါ။ ဘီယာသောက်ချင်သူတိုင်း ဝယ်သောက်နိုင်မှာပါ။ ပြီးတော့ နောက်ဆုံး ပွဲသိမ်းဝီစီမှုတ်ပြီး တစ်နာရီကြာအောင် ကွင်းအပြင်မှာ ဘီယာ ရနိုင်ပါတယ်" ဟု သတင်းရင်းမြစ်က ဆိုသည်။

.

ထို့အပြင် Budweiser သည် ဒိုဟာမြို့လယ်ရှိ FIFA Fan Zone ၏ နေရာတစ်ခုတွင် ဘီယာကို နိုဝင်ဘာ ၂၀ ရက်၌ စတင်ကျင်းပမည့် ၂၉ ရက်ကြာ ဘောလုံးပွဲကာလအတွင်း နေ့စဉ် ညနေ ၆:၃၀ မှ မနက်  ၁ နာရီအထိ ဘီယာ ရောင်းချရန် ခွင့်ပြုထားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

 

ယခင်ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဘီယာကို fan zone များတွင် တစ်နေ့တာလုံး ၂၄ နာရီပတ်လည် ရောင်းချပေးခဲ့သည်။

.

Budweiser သည် ၎င်း၏အရက်မပါသော ဘီယာ Budweiser Zero ကို အားကစားကွင်းများအတွင်း နှင့် ပွဲကစားနေစဉ်အတွင်း ပွဲကြည့်နေသည့် ပရိသတ်များအား ရောင်းချမည် ဖြစ်သည်။

.

ဘီယာရောင်းချရန် အချိန်သတ်မှတ်ပေးပြီးပြီ ဖြစ်သော်လည်း ရောင်းချရမည့် ဈေးနှုန်းများကို သတ်မှတ်ရန် အစည်းအဝေး ဆွေးနွေးနေဆဲ ဖြစ်သည်။

Source koreatimes

#MyanmarFoodIndustryGuide 

Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Sunday, 04 September 2022 18:17
Rate this item
(0 votes)