Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကြယ်ပဲထုတ်ကုန်နမူနာများကို ဥရောပနိုင်ငံများသို့ပေးပို့

မြန်မာနိုင်ငံ ကြယ်ပဲစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ကြယ်ပဲစိုက်တောင်သူတစ်ဦးချင်းစီ၏

ကြယ်ပဲထုတ်ကုန် နမူနာအချို့ကို အာရှနိုင်ငံများသာမက ဥရောပနိုင်ငံများသို့လည်း ပေးပို့ထားကြောင်း သိရပါတယ်။

လက်ရှိတွင် ကြယ်ပဲကုန်ချောထုတ်လုပ်မှုအနေနဲ့ အသင်းဝင်တစ်ဦးချင်းစီက တစ်ပိုင်တစ်နိုင်ဖြင့် ထုတ်လုပ်နေကြောင်း သိရပါတယ်။

ကုန်ချောကို လောလောဆယ်တွင် ပြည်တွင်းဈေးကွက်အနေအထားမှာပဲ ရှိပြီး တစ်ဦးချင်းစီ ထုတ်နေတဲ့ ကာလမှာ အရည်အသွေးနှင့် ထုပ်ပိုးမှုပိုင်းတွေ ကွာဟနေသေးတာကြောင့် အသင်းအနေနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အရည်အသွေးထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရွက်နေကြောင်း သိရပါတယ်။

လက်ရှိတွင် ထုတ်လုပ်လျက်ရှိသည့် ကြယ်ပဲထုတ်ကုန်များမှာ ကြယ်ပဲလက်ဖက်ခြောက်၊ ကြယ်ပဲစေ့လှော်၊ ကြယ်ပဲအစေ့ကြော်၊ ကြယ်ပဲဆီနှင့် ကြယ်ပဲကွတ်ကီးအစရှိသည့် စားသောက်ကုန်များအပြင် ကြယ်ပဲခေါင်းလျှော်ရည်၊ ကြယ်ပဲဆပ်ပြာနှင့် မျက်နှာသစ်ဆပ်ပြာ စသည့် အလှကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်လျှက်ရှိကြောင်း သိရပါတယ်။

နောက်နှစ်တွင် ကြယ်ပဲအများပိုင်ကုမ္ပဏီတစ်ခုတည်ထောင်သွားရန်ရှိပြီး ကြယ်ပဲစိုက်တောင်သူများအား နည်းပညာပေးခြင်း၊ အသင်းဝင်ဦးရေတိုးတက်စေခြင်း၊ စိုက်ဧကတိုးချဲ့ရေးနှင့် ခိုင်မာသောဈေးကွက်ဖော်ဆောင် ရေးတို့ကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ကြယ်ပဲစိုက်တောင်သူများအား မိမိတို့စိုက်ခင်းမှထွက်ရှိသည့် ထုတ်ကုန်များကို ပြည်ပဈေးကွက်နှင့် ချိတ်ဆက်၍ ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

Source: Myawaddy

Read times Last modified on Thursday, 06 September 2018 16:16
Rate this item
(2 votes)