Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ချောကလက်တွေကို အပြင်မှာထားသင့်သလား ( သို့ ) ရေခဲသေတ္တာထဲမှာထားသင့်သလား

ဒီကိစ္စ ဟာ စဉ်းစားစရာ ကိစ္စတစ်ခုပါပဲ ထိုအခြင်းအရာကို ဗြိတိန် အခြေစိုက်ချောကလက်လုပ်ငန်းစုကြီးဖြစ်တဲ့ Cadbury မှ ဖြေရှင်းချက်ပေးလာပါတယ်။

 

ဒီမေးခွန်းကိုတော့ ထို ချောကလက်လုပ်ငန်းစုရဲ့ သြစတေးလျ မှ ပရိသတ်များမှ မေးမြန်းလာတာပဲဖြစ်ပြီး Cadbury လုပ်ငန်းမှ ဖြေကြားချက်ကတော့ ချောကလက်ကို ဥပမာ နွေရာသီလို အချိန်မျိုးဆိုရင် ရေခဲသေတ္တာ ထဲကို နည်းစနစ်တကျ ထည့်ထားနိုင်ပါတယ် ၊ဆောင်းရာသီလိုအချိန်မျိုးဆိုရင်အပြင်က ကြောင်အိမ်ထဲမှာထည့်ထားနိုင်ပါတယ်တဲ့။အအေး ၂၁ ဒီဂရီ ဆဲဆီးယက် ရှိနေရင်ဖျောကလက်ကို လုံး၀ ပြစ်ခဲမသွားနိုင်ပါဘူး။

 

တစ်ခုတော့ရှိပါတယ် အပြင်မှာထားတဲ့ ချောကလက်ကို ဒီအတိုင်း ရေခဲသေတာထဲ ထည့်ပြီးပါက အရေအဖြစ်လုံး၀ ပျော်သွားဖို့ အလားအလာရှိပါတယ်။ရေခဲသေတ္တာထဲက ထုတ်ထားတဲ့ ချောကလက်တွေကတော့ ချက်ခြင်းစားလို့မရပါဘူး သဘာဝလေနဲ့ တွေ့မှ အဆင်ပြေ ပါလိမ့်မယ်ခေတ္တထားထားစားရင်တော့ ရေထိထားတဲ့ ချောကလက်အရသာကို ခံစားရမှာပါ။

 

နယူးဇီလန်မှ ကျွမ်းကျင် ချောကလက်ပြုလုပ်သူ Luke Owen Smith ပြောကြားချက်အရ ချောကလက်ကို အရမ်းအပူချိန်မြှင့်တက်နေရင်တောင်နေပူထဲမှာထားရင်အကောင်းတိုင်းစားလို့ရပါတယ်တဲ့။ရေခဲသေတ္တာထဲထည့်ချင်ရင်တော့ နည်းလမ်းတစ်ခုရှိပါတယ် ဒါက စည်းပိတ်လို့ရတဲ့ အိတ်ထဲ ချောကလက်ကို ထည့်ပြီးမှ ရေခဲသေတ္တာထဲထည့်ဖို့ပါ စားခံနီး ၁၅ မိနစ်လောက်မှာ အပြင်ကို ထုတ်စားရင် အဆင်ပြေစေမှာပါ။

 

သူ့ချောကလက်ရဲ့ အညွှန်းမှာ အေး၍ ခြောက်သွေ့သောနေရာတွင်ထားပါ သို့ကြောင်အိမ်ထဲတွင် ထည့်ပါလို့သာ ရေးထားပါတယ် သည့်ထက် ချောကလက်ရဲ့ ပြဿနာက ရေငွေ့နဲ့ထိတွေ့ရင်လည်းမှိုတက်နိုင်ပါတယ်။ချောကလက်တွေက ရနံ့ကို စုပ်နိုင်ပါတယ် အကယ်၍ သင့်ရေခဲသေတ္တာက အသားငါးထည့်တဲ့ ရေခဲသေတ္တာဆိုအသားငါးအနံ့တွေစွဲနေနိုင်ပါတယ်။

 

အကောင်းဆုံးကတော့ ချောကလက်ဝယ်ထားမိပါက အေး၍ ခြောက်သွေ့သော နေရာတွင် ထားပါဆိုတဲ့ အတိုင်းအေး၍ ခြောက်သွေ့တဲ့ နေရာမှာထားတာ အကောင်းဆုံးပါ။ရေခဲသေတ္တာထဲထည့်ပါက ကထိကထ များသလို အဆင်မပြေစေနိုင်ပါဘူး။

 

<<< Zawgyi >>>

 


-----------------------------------------------------------------------------------------------------------

 


 


 


 


 


 


 

Ref : Daily Mail 

Read times
Rate this item
(0 votes)