Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဆေးခြောက်နှင့် လွဲမှားလေ့ရှိသော Hemp စိုက်ပျိုးနိုင်ရေးအတွက် မူးယစ် ဆေးဝါး ဥပဒေကို ပြင်ဆင်ရန်ရှိ

ဆေးခြောက်နှင့် လွဲမှားလေ့ရှိသော Hemp စိုက်ပျိုးနိုင်ရေးအတွက်

မူးယစ် ဆေးဝါး ဥပဒေကို ပြင်ဆင်ရန်ရှိနေသည်။

မကြာမီ ပြန်လည်ပြုလုပ်တော့မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများအတွင်း ဆေးခြောက်နွယ်ဝင် စက်မှုလျှော်ပင် Hempကို မြန်မာနိုင်ငံတွင် စီးပွားဖြစ် စိုက်ပျိုးနိုင် စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မူးယစ်ဥပဒေကို ပြင်ဆင်သွားရန် ရှိကြောင်း ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းက ပြောသည်။
“ဒီမူးယစ်ဆေးဝါးဥပဒေကို ပြင်ဖို့အတွက် မူးယစ်ဆေးဝါးဥပဒေကို မူလပိုင်ရှင်ဖြစ်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြင်ဖို့ ရှိပါတယ်။ ဥပဒေပြင်ဖို့အတွက် ပြီးခဲ့တဲ့ လွှတ်တော်မှာ ကျန်းမာရေးဝန်ကြီးနဲ့လည်း တော်တော် များများပြောခဲ့ပြီးပါပြီ။ ဝန်ကြီး ကလည်း သဘောတူပါတယ်။ ကျနော်တို့ နိုင်ငံမှာ ပိုက်ဆံတွေ အများကြီး ရနိုင်တဲ့ အပင်တွေ ဖြစ်ပါတယ်။ ဆေးဝါးလည်း ထုတ်လို့ရတဲ့ အပင်ဖြစ်တဲ့အတွက် ကျနော်တို့ ကတော့ သဘောတူပါ တယ်ပေါ့။ အခု ဖွင့်တဲ့အခါမှာ ကျန်းမာရေး ဝန်ကြီးဌာနက ဒါကိုု အမြန်ဆုံးစီစဉ်ပြီး ကျနော်တို့ လွှတ်တော်ကနေ တဆင့် ပြင်ဆင်ချက် ဥပဒေကို ထုတ်ဖို့ ရှိပါတယ်။ ”ဟု ဆိုသည်။
အိမ်နီးနားချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့တွင်လည်း စိုက်ပျိုးနေပြီ ဖြစ်ကြောင်း၊ ယင်း စက်မှုလျှော်ပင်တစ်ဧက စိုက်ပျိုးပြီး အရွယ်ရောက်အပင်အနေဖြင့် ရောင်းချပါက ၁၅ သိန်း၊ ၁၆ သိန်းခန့် ရ ကြောင်း၊ ထို့ပြင် ယင်းအပင်မှ ထုတ်ယူရရှိနိုင် သော ဆေးများကိုပါ ထုတ်ရောင်းမည်ဆိုပါက ပိုမို အကျိုးရှိကြောင်း၊ သို့သော် တန်ဖိုး မြင့် ထုတ်လုပ်ရန် နည်းပညာလိုအပ်နေပြီး စိုက်ပျိုးခွင့်ရရှိရေး အတွက် မူးယစ်ဆေးဝါး ဥပဒေကို ပြင်ဆင်ရန်လိုနေကြောင်း ဦးရန်လင်းကပြောသည်။
“ပြီးခဲ့တဲ့ (၁၄) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ ကျနော်တို့ ကော်မတီကို ခေါ်ပြီးတော့မှ ပြည်ထဲရေးဝန်ကြီးဌာနမှာ မူးယစ်ဆေးဝါးကော်မတီ နောက် လွှတ်တော်က ဥပဒေကြမ်းအဖွဲ့၊ နောက် ကျနော်တို့ ကော်မတီနဲ့ ကျန်းမာရေးနဲ့ အားကစားကော်မတီ၊ နောက် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ကော်မတီတို့ကို ဖိတ်ခေါပြီး Hemp ရဲ့ အသုံးဝင်ပုံနဲ့ ထုတ်တဲ့ နမူနာတွေ ပြသပြီး တင်ပြတဲ့ပွဲလုပ်ပြီးပါပြီ။ လုပ်ပြီး တဲ့အတွက် ဒါကို မူးယစ်ဆေးဝါးကော်မတီကလည်း သဘောတူပါတယ်”ဟု ၄င်းက ဆိုသည်။
အဆိုပါ စက်မှုလျှော်ပင်များရောင်းချပါက အပင်များတွင် မူးယစ်စေတတ်သော ဓာတ် ပါဝင်မှုရှိမရှိ သက်ဆိုင်ရာက စမ်းသပ်ရန်အတွက် ကိရိယာများကိုလည်း အခြား နိုင်ငံများ တွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပြီ ကြောင်း သိရသည်။
Sources: The Farmer Media.

 

ေဆးေျခာက္ႏွင့္ လြဲမွားေလ့ရွိေသာ Hemp စိုက္ပ်ိဳးႏိုင္ေရးအတြက္ မူးယစ္ ေဆးဝါး ဥပေဒကို ျပင္ဆင္ရန္ရွိ

မၾကာမီ ျပန္လည္ျပဳလုပ္ေတာ့မည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမ်ားအတြင္း ေဆးေျခာက္ႏြယ္ဝင္ စက္မႈေလွ်ာ္ပင္ Hempကို ျမန္မာႏိုင္ငံတြင္ စီးပြားျဖစ္ စိုက္ပ်ိဳးႏိုင္ ေစရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက မူးယစ္ဥပေဒကို ျပင္ဆင္သြားရန္ ရွိေၾကာင္း ျပည္သူ႔လႊတ္ေတာ္၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေက်းလက္လူမႈဘဝ ဖြံ႕ၿဖိဳး တိုးတက္ေရးေကာ္မတီ ဥကၠ႒ ဦးရန္လင္းက ေျပာသည္။
“ဒီမူးယစ္ေဆးဝါးဥပေဒကို ျပင္ဖို႔အတြက္ မူးယစ္ေဆးဝါးဥပေဒကို မူလပိုင္ရွင္ျဖစ္တဲ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ျပင္ဖို႔ ရွိပါတယ္။ ဥပေဒျပင္ဖို႔အတြက္ ၿပီးခဲ့တဲ့ လႊတ္ေတာ္မွာ က်န္းမာေရးဝန္ႀကီးနဲ႔လည္း ေတာ္ေတာ္ မ်ားမ်ားေျပာခဲ့ၿပီးပါၿပီ။ ဝန္ႀကီး ကလည္း သေဘာတူပါတယ္။ က်ေနာ္တို႔ ႏိုင္ငံမွာ ပိုက္ဆံေတြ အမ်ားႀကီး ရႏိုင္တဲ့ အပင္ေတြ ျဖစ္ပါတယ္။ ေဆးဝါးလည္း ထုတ္လို႔ရတဲ့ အပင္ျဖစ္တဲ့အတြက္ က်ေနာ္တို႔ ကေတာ့ သေဘာတူပါ တယ္ေပါ့။ အခု ဖြင့္တဲ့အခါမွာ က်န္းမာေရး ဝန္ႀကီးဌာနက ဒါကိုု အျမန္ဆုံးစီစဥ္ၿပီး က်ေနာ္တို႔ လႊတ္ေတာ္ကေန တဆင့္ ျပင္ဆင္ခ်က္ ဥပေဒကို ထုတ္ဖို႔ ရွိပါတယ္။ ”ဟု ဆိုသည္။
အိမ္နီးနားခ်င္းႏိုင္ငံမ်ားျဖစ္ေသာ ထိုင္းႏိုင္ငံ၊ လာအိုႏိုင္ငံတို႔တြင္လည္း စိုက္ပ်ိဳးေနၿပီ ျဖစ္ေၾကာင္း၊ ယင္း စက္မႈေလွ်ာ္ပင္တစ္ဧက စိုက္ပ်ိဳးၿပီး အ႐ြယ္ေရာက္အပင္အေနျဖင့္ ေရာင္းခ်ပါက ၁၅ သိန္း၊ ၁၆ သိန္းခန႔္ ရ ေၾကာင္း၊ ထို႔ျပင္ ယင္းအပင္မွ ထုတ္ယူရရွိႏိုင္ ေသာ ေဆးမ်ားကိုပါ ထုတ္ေရာင္းမည္ဆိုပါက ပိုမို အက်ိဳးရွိေၾကာင္း၊ သို႔ေသာ္ တန္ဖိုး ျမင့္ ထုတ္လုပ္ရန္ နည္းပညာလိုအပ္ေနၿပီး စိုက္ပ်ိဳးခြင့္ရရွိေရး အတြက္ မူးယစ္ေဆးဝါး ဥပေဒကို ျပင္ဆင္ရန္လိုေနေၾကာင္း ဦးရန္လင္းကေျပာသည္။
“ၿပီးခဲ့တဲ့ (၁၄) ႀကိမ္ေျမာက္ လႊတ္ေတာ္အစည္းအေဝးမွာ က်ေနာ္တို႔ ေကာ္မတီကို ေခၚၿပီးေတာ့မွ ျပည္ထဲေရးဝန္ႀကီးဌာနမွာ မူးယစ္ေဆးဝါးေကာ္မတီ ေနာက္ လႊတ္ေတာ္က ဥပေဒၾကမ္းအဖြဲ႕၊ ေနာက္ က်ေနာ္တို႔ ေကာ္မတီနဲ႔ က်န္းမာေရးနဲ႔ အားကစားေကာ္မတီ၊ ေနာက္ ျပည္သူ႔ေရးရာ စီမံခန႔္ခြဲေရး ေကာ္မတီတို႔ကို ဖိတ္ေခါၿပီး Hemp ရဲ႕ အသုံးဝင္ပုံနဲ႔ ထုတ္တဲ့ နမူနာေတြ ျပသၿပီး တင္ျပတဲ့ပြဲလုပ္ၿပီးပါၿပီ။ လုပ္ၿပီး တဲ့အတြက္ ဒါကို မူးယစ္ေဆးဝါးေကာ္မတီကလည္း သေဘာတူပါတယ္”ဟု ၄င္းက ဆိုသည္။
အဆိုပါ စက္မႈေလွ်ာ္ပင္မ်ားေရာင္းခ်ပါက အပင္မ်ားတြင္ မူးယစ္ေစတတ္ေသာ ဓာတ္ ပါဝင္မႈရွိမရွိ သက္ဆိုင္ရာက စမ္းသပ္ရန္အတြက္ ကိရိယာမ်ားကိုလည္း အျခား ႏိုင္ငံမ်ား တြင္ လြယ္ကူစြာဝယ္ယူရရွိႏိုင္ၿပီ ေၾကာင္း သိရသည္။
Sources: The Farmer Media.

Read 1596 times Last modified on Friday, 01 May 2020 22:39
Rate this item
(0 votes)