Fruits & Vegetables



မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများ

မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

6 10 2023

မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်မှု အခြေအနေများ

 

မန္တလေး ဆန်ဈေးကွက်အခြေအနေ

        

မန္တလေးကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် အသစ်မဝင်သေး သော်လည်း အရောင်းအဝယ်အေးခြင်း ၊ အဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၁၅၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၂၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

မနောသုခဆန်မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်း ၊ အသစ်ဝင်ချိန်နီးခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ငစိန်ဆန်နှင့် ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်သောဆန်ဖြစ်၍ ပင်ရင်းဈေးနိမ့်ခြင်း ၊ ငစိန်ဆန်အား လုပ်ငန်းသမား အဝယ်နည်းခြင်း ၊ ဇီယာဆန်မှာ နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ငစိန်ဆန်တစ်အိတ် ယခင်အပတ် ၈၀၀၀၀ ကျပ် မှ ၇၈၀၀၀ ကျပ် ၊ ငစိန်ဆန်တစ်အိတ် ၆၃၀၀၀ ကျပ်မှ ၆၂၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

 

ဧရာမင်းဆန်မှာ အသစ်မဝင်သေးခြင်း ၊ လက်ကျန်နည်းခြင်း ၊ အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     

မန္တလေး ဆီထွက်သီးနှံနှင့် ဆီဈေးကွက်အခြေအနေ

      

မန္တလေးပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆံ/ဆီဆံ)ဈေးနှုန်းမှာ မိုးမြေပဲ တပ်ကုန်း ၊ ရမည်းသင်းတို့မှ ဝင်ရောက်မှုရှိခြင်း ၊ လုပ်ငန်းသမား ၊ တရုတ်ဝယ်လက် ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိသော်လည်း မြေပဲ(လုံးဆံ) ၁၀၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၆၉၅၀၀၀ ကျပ် မှ ၆၆၀၀၀၀ ကျပ် ၊ မြေပဲ(ဆီဆံ) ၆၆၀၀၀၀ ကျပ် မှ ၆၁၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။


နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် မိုးနှမ်းအဝင်ရှိခြင်း ၊ ဆီစက်သမား နှင့် လုပ်ငန်းသမား ပုံမှန်ဝယ်ယူမှုရှိသော်လည်း တရုတ်ဝယ်လက်နည်းခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ ၃၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းညိုမှာ အသစ်ဝင်ရောက်ပြီး ဆီစက်သမား ပုံမှန်အဝယ်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

နှမ်းနက်မှာ ယခင်အပတ်က စမုံနှမ်းနက်သာ အဝင်ရှိပြီး နှမ်းနက်ရိုးရိုးမှာ ယခုအပတ် အဝင်ရှိပြီး ၄၅ ပိဿာ ၂၈၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေ သည်။နှမ်းနီလည်း ဝင်ရောက်မှုရှိပြီး စိုက်ဧကနည်း ၊ အဝင်နည်းခြင်းကြောင့် ၄၅ ပိဿာ ၃၁၀၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။ပန်းနှမ်းမှာ စတင်စိုက်ပျိုးစကာလဖြစ်ခြင်း ၊ လက်ကျန်နည်းခြင်းရှိ
သော်လည်း အရောင်းအဝယ်အေးခြင်းကြောင့် ၄၅ ပိဿာ ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

နေကြာဈေးနှုန်းအနေဖြင့် မိုးနေကြာ အဝင်နည်းသွားပြီး ဆောင်းနေကြာ စတင်စိုက်ပျိုးစကာလဖြစ်ခြင်း ၊ လက်ကျန်နည်းခြင်း ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၂၇ ပိဿာ ၁၄၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။

 

ဆီဈေးနှုန်းများ

 

ပဲဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ် မှ ၁၅၀၀၀ ကျပ် ၊

နှမ်းဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၃၅၀၀ ကျပ် ၊

နေကြာဆီ တစ်ပိဿာ ၁၄၅၀၀ ကျပ် ၊

ပဲပုတ်ဆီ တစ်ပိဿာ ၇၀၀၀ ကျပ် မှ ၈၀၀၀ ကျပ် ၊

မုန်ညှင်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ဖြင့်

ဈေးတည်ငြိမ်နေသည်။

      

စားဖိုဆောင်သီးနှံ ဈေးကွက်အခြေအနေ

      

မန္တလေးကိုင်းတန်းဈေးတွင် စားဖိုဆောင်သီးနှံများအနက် ငရုတ်ခြောက် အသစ်မဝင် သေးခြင်း ၊ လက်ကျန်နည်းခြင်းကြောင့် ငရုတ်ခြောက်(ရှည်) တစ်ပိဿာ ၁၅၀၀၀ ကျပ် ၊ ငရုတ်ခြောက် (လတ်) ၁၆၀၀၀ ကျပ် ၊ ဧရာဝတီတိုင်း ငရုတ်ပွ Aircon ဖြင့် ထားသော ငရုတ်ပွ တစ်ပိဿာ ၂၄၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။


ကြက်သွန်နီ ဈေးနှုန်းအနေဖြင့် နယ်စုံမှ ဝင်ရောက်မှုရှိခြင်း ၊ မြို့တွင်းစားသုံးမှု ပုံမှန် ရှိသော်လည်း နယ်ဝေးမှာယူမှုများ တင်ပို့ရမှုနည်းခြင်းတို့ကြောင့် ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၃၂၀၀ ကျပ် မှ ၃၀၀၀ ကျပ် ၊ လတ် တစ်ပိဿာ ၃၀၀၀ ကျပ် မှ ၂၈၀၀ ကျပ် ၊ သေးတစ်ပိဿာ ၂၈၀၀ ကျပ် မှ ၂၅၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။


ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်းတို့ရှိသော်လည်း အဝေးမှာ ယူတင်ပို့ရမှုနည်းခြင်းကြောင့် တစ်ပိဿာ ၇၅၀၀ ကျပ် မှ ၇၃၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။


ကြက်သွန်ဖြူ(ရှမ်း)မှာ အဝင်များသော်လည်း အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ အနိမ့်ဆုံး ၇၅၀၀ ကျပ် မှ အမြင့်ဆုံး ၈၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။


အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများ အဝင်ပုံမှန်ရှိခြင်း ၊ စားသုံးမှုပုံမှန် ရှိသော်လည်း နယ်ဝေးအရောင်းအဝယ်အေးခြင်းကြောင့် တစ်ပိဿာ ၂၀၀၀ ကျပ် မှ ၁၈၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး အောင်ပန်းမှ အာလူးများ အရည်အသွေးအနည်းငယ်ညံ့ခြင်းကြောင့် တစ်ပိဿာ ၁၄၀၀ ကျပ်ထိ ဈေးနိမ့်နေသည်။


ချင်းဈေးနှုန်းအနေဖြင့် ချင်းသစ်များ အဝင်များလာခြင်း ၊ ဘဂႅလားအဆွဲနည်း၍ ပင်ရင်းဈေးနိမ့်ခြင်းကြောင့် ချင်းသစ်တစ်ပိဿာ ၁၄၀၀ ကျပ် ၊ ချင်းဟောင်း တစ်ပိဿာ ၅၇၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။

 

ပဲမျိုးစုံဈေးကွက်အခြေအနေ

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲဈေး နှုန်းအနေဖြင့် လက်ကျန်နည်းသော်လည်း ရန်ကုန်ဝယ်လက်နည်းခြင်း ၊ ပဲခွဲစက်များ အဝယ်နည်းခြင်း ၊ ရေသွင်းပဲများ အဝင်ရှိခြင်းကြောင့် ၃ တင်း တစ်အိတ် ၂၄၅၀၀၀ ကျပ် မှ ၂၃၈၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။


ပဲတီစိမ်းဈေးနှုန်းအနေဖြင့် မိုးပဲတီစိမ်းအဝင်ရှိခြင်း ၊ အရောင်းအဝယ်အေးခြင်း ၊ ထွက်ရှိ ရာဒေသနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းတို့ကြောင့် အရည်အသွေးအညံ့ဆုံး ၃ တင်း တစ်အိတ်၁၅၅၀၀၀ ကျပ် ၊ အရည်အသွေးအကောင်းဆုံး ၁၇၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ စိုက်ပျိုးထားဆဲကာလဖြစ်ခြင်း ၊ လက်ကျန်နည်း ပစ္စည်းကောင်း ရှားခြင်းတို့ကြောင့် အရောင်းအဝယ်အေးသော်လည်း ပဲစဉ်းငုံ ၆၀ ပိဿာ ၃၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲစဉ်းငုံ(နီ) မှာ အရောင်းအဝယ်အေး ၊ အရည်အသွေးညံ့သွားသောကြောင့် ၄၀၀၀၀၀ ကျပ် မှ ၃၈၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။


ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ မိုးပဲပုတ် အဝင်နည်းခြင်း ၊ ဆောင်းပဲစိုက်ပျိုးထားဆဲကာလ ဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း ၃ တင်း တစ်အိတ် ပဲပုတ်(မြန်မာ) ၂၂၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲပုတ်(ရှမ်း)မှာ အဝင်ပုံမှန် ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအညံ့ဆုံး မိုးမိတ်ပဲ ၁၆၈၀၀၀ ကျပ် ၊ အကောင်းဆုံး ၁၈၀၀၀၀ ကျပ် ၊ မိုးညှင်းပဲ ၁၈၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ကုလားပဲ(လုံးဝါကြီး/လုံးဖြူကြီး) ဈေးနှုန်းမှာ ပစ္စည်းလက်ကျန်နည်းခြင်းသော်လည်း လုပ်ငန်းသမားအဝယ်နည်းခြင်း ၊ အရောင်းအဝယ်အေးခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၆၉၀၀၀ ကျပ် မှ ၂၆၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး လုံးဝါကြီးမှာ ခွဲစက်သမား အဝယ်ပုံမှန်နည်းခြင်းကြောင့် လက်ကျန်နည်းသော်လည်း ၃ တင်း တစ်အိတ် ၂၆၄၀၀၀ ကျပ် မှ ၂၆၁၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ခွဲခြမ်းမှာ တစ်ပိဿာ ၆၄၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ပဲယင်းနှင့် မြေတောက်ပဲတို့မှာလည်း စတင်စိုက်ပျိုးရန်ပြင်ဆင်စကာလဖြစ်သော်လည်း အရောင်းအဝယ်အေးပြီး လုပ်ငန်းသမား နှင့် ခွဲစက်များ အဝယ်နည်းခြင်းကြောင့် ပဲယင်း ၆၀ ပိဿာ ၁၇၀၀၀၀ ကျပ် မှ ၁၆၈၀၀၀ ကျပ် သို့ ဈေးနိမ့်သွားပြီး မြေတောက်ပဲမှာ လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ၅၄ ပိဿာ ၃၆၅၀၀၀ ကျပ် မှ ၃၅၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။


စားတော်ပဲ(ကျွန်း)မှာ စတင်စိုက်ပျိုးစကာလဖြစ်၍ လက်ကျန်နည်းသော်လည်း လက်လီ သမား အဝယ်နည်း၍ အရောင်းအဝယ်အေးသောကြောင့် ၃ တင်း တစ်အိတ် အရည်အသွေး အကောင်းဆုံး ၃၈၀၀၀၀ ကျပ် မှ ၃၆၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။


ပဲလွန်းဖြူ ၊ ပဲလွန်းပြာတို့မှာ မိုးပဲအဝင်နည်းခြင်း ၊ ဆောင်းပဲစိုက်ပျိုးစဖြစ်ခြင်း ၊လက်လီသမား အဝယ်နည်းခြင်းကြောင့် ပဲလွန်းဖြူ ၃ တင်း တစ်အိတ် ၁၇၅၀၀၀ ကျပ် ၊ ပဲလွန်းပြာ ၁၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ မိုးပဲ အဝင်နည်းသေးခြင်း ၊ ဆောင်းပဲ စိုက်ရန် ပြင်ဆင်ခြင်း ၊ စပ်ကူး ၊ မတ်ကူးကာလဖြစ်၍ လက်ကျန်နည်းခြင်းကြောင့် လုပ်ငန်းသမား အဝယ်နည်းသော်လည်း ပဲကြီး(ကြီး) ၃ တင်း တစ်အိတ် ၃၂၀၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၂၈၅၀၀၀ ကျပ် ၊ ထောပတ်ပဲ(ကြီး) ၃၉၀၀၀၀ ကျပ် ၊ ထောပတ်ပဲ(သေး) ၃၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

      

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ

 

မန္တလေးကိုင်းတန်းဈေးတွင် ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် သာစည် ၊ မိတ္ထီလာ ၊ မုံရွာ - ငါန်းဇွန် ၊ မန္တလေး အနီး နယ်စုံမှ အဝင်ရှိခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၁၈၀၀ ကျပ် ၊ ငရုတ်စို(လတ်) ၃၀၀၀ ကျပ် ၊ ငရုတ်စို(ပွ) ၃၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။


ခရမ်းချဉ်(ရှမ်းတောင်)မှာ ထိုင်ဝမ်မဝင်သေးခြင်းကြောင့် ၂၀ ပိဿာ တစ်သေတ္တာလျှင် ၃၀၀၀၀ ကျပ် ဈေးဖြင့် မြစ်ကြီးနား ၊ လုံးခင်းသို့ တင်ပို့မှုရှိသည်။


သစ်သီးဝလံဈေးနှုန်းအနေဖြင့် မုံရွာ ချောင်းဦးမှ ဖရဲသီးအစိမ်းကြား အလုံးကြီး တစ်လုံး ၁၀၀၀ ကျပ် ၊ အလုံးသေး ၅၀၀ ကျပ် ၊ သခွားမွှေး ၄လုံးတစ်ဖာ ၁၀၀၀၀ ကျပ် ဈေးရှိပြီး ကျောက်ဆည် ၊ မြစ်သား ၊ မြင်းမူ မှ သဘောႅသီးများ ဝင်ရောက်ပြီး တစ်လုံးလျှင် ၂၅၀၀ ကျပ် ဈေးရှိသည်။


ရွာငံ ၊ သီပေါတို့မှ ကဗ္ဗလာသီးများ အဝင်များပြီး အချဉ်သီး ၁၀၀ ပိဿာလျှင် ၅၀၀၀၀ ကျပ် ၊ အချိုသီး ၁၀၀ ပိဿာ ၁၂၀၀၀၀ ကျပ် မှ ၁၅၀၀၀၀ ကျပ် ဈေးရှိသည်။မန္တလေးဝန်းကျင်မှ ဩဇာသီးများ ဝင်ရောက်မှုရှိပြီး အလုံးအရွယ်အစားပေါ်မူတည်၍ ၂၀လုံးမှ ၅၀လုံး ထိပါသော တစ်ဖာလျှင် ၄၀၀၀ ကျပ် မှ ၈၀၀၀ ကျပ် ဈေးရှိသည်။

ရမည်းသင်း ၊ မိတ္ထီလာ စပျစ်သီး တစ်ပိဿာ ၄၀၀၀ ကျပ် ၊ တရုတ်စပျစ် ၇ ပိဿာ တစ်ခြင်း အရည်အသွေးပေါ်မူတည်၍ ၄၅၀၀၀ ကျပ် မှ ၈၀၀၀၀ ကျပ် ၊ ရွာငံ ထောပတ်သီး၁၂၀လုံးပါတစ်အိတ် ၁၅၀၀၀၀ ကျပ် မှ ၄၀၀၀၀၀ ကျပ် ဖြင့် စစ်တွေ၊ ပုဂံ ၊ ရန်ကုန် ၊ မူဆယ် ၊ လားရှိုး ၊ ရွှေဘို နယ်စုံသို့ တင်ပို့မှုရှိသည်။

  

Source Market Information Service- DOP- MOALI


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 06 October 2023 17:47
Rate this item
(0 votes)