Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်မူထူးတဲ့ အာလူးဈေးကွက် ထောက်ပံ့ရေးကွင်းဆက်

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အချက်အလက်များအရ

၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အာလူးထုတ်လုပ်မှုမှာ တန်ချိန် ၃၆၈ သန်းရှိပြီး အာရှမှ တန်ချိန် ၁၈၉ သန်းထုတ်လုပ်ခဲ့သည်။ အထူးသဖြင့် COVID-19 ဖြစ်ပွားပြီးနောက် အာရှပစိတ်ဖိတ်ဒေသ၌ ဆန်စျေးနှုန်းနှင့် ရောင်းလိုအား မတည်ငြိမ်မှုများကြောင့် စိုးရိမ်ထိတ်လန့်မှုများကြောင့် အာလူးသည်လည်း ရောင်းအား တက်မည်ဟု မျှော်လင့်ရဖွယ်ရှိသည်။ ထိုသို့ အာလူးတစ်မျိုးသည် ဖြစ်မလာခဲ့ချေ။ ဤအခွင့်အလမ်းကို ြဖစ်မလာစေသောအချက်များကို နိုင်ငံတကာအာလူးစင်တာ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Samarendu Mohanty က ပြောကြားခဲ့သည်။

အာလူးထောက်ပံ့ရေးကွင်းဆက်သည် အလွန်ထူးခြားသည်၊ ၎င်းသည် အတော်ကွဲပြားခြားနားသောရည်ရွယ်ချက်များအတွက် အတော်မတူညီကြသည့် အာလူးအမျိုးအစား နှစ်မျိုးရှိနေခြင်းကြောင့်ဖြစ်သည်ဟု Mohanty က FoodNavigator-Asia သို့ ပြောကြားခဲ့သည်။
“ ပထမအမျိုးအစားက အာရှမှ ရင်းနှီးကျွမ်းဝင်မှု ရှိတဲ့ အမျိုးအစား ဖြစ်ပါတယ်။ စားပွဲတင် အာလူးလို့ ခေါ်ကြတယ်။ စူပါမားကက်တွေမှာ ၀ ယ်ပြီး ဟင်းးချက်ဖို့အတွက် သုံးကြတယ်။ နောက်တစ်မျိုးကတော့ ကြော်ဖို့ ၊ ချေပြီးတော့ ထည့်ဖို သုံးတဲ့အာလူးတွေ ဖြစ်ပါတယ်။အထူးသဖြင့် အနောက်နိုင်ငံက အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ာများများစားစားသုံးဖြစ်တယ် ”

အာရှတွင် အာလူးစားသုံးမှု၏ ၉၅ ရာခိုင်နှုန်းသည် လတ်ဆတ်သည့်အာလူးအစိမ်းကို သုံးကြသည်။ ဆိုလိုသည်မှာ စားပွဲတင်ဟင်းလျာရှိ အာလူးသည် မည်သည့်ပြုပြင်ထုတ်လုပ်မှုမှ မပါဘဲတိုက်ရိုက်သုံးစွဲခြင်း ဖြစ်သည်။
၎င်းကို အထူးသဖြင့် အဓိက နေ့စဉ်စားစရာအဖြစ် အိန္ဒိယ၊ ပါကစ္စတန်နှင့်သီရိလင်္ကာနိုင်ငံ စသည့် တောင်အာရှနိုင်ငံများတွင် စားသုံးကြသည်. အရွယ်အစားမှာ အလယ်အလတ်နှင့် အဝိုင်းပုံသဏ္ဌာန်မျိုး ဖြစ်သည်။
ဒုတိယ အမျိုးအစား အာလူးကို ပြုပြင်မွမ်းမံပြီး ထုတ်ကုန်အဖြစ် ထုတ်လုပ်ကြသည်။ အများအားဖြင့်အနောက်နိုင်ငံများတွင် အများဆုံးအသုံးပြုကြပြီး အာလူးစားသုံးမှု၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်။ ၎င်းသည် ပုံမှန်အားဖြင့် အရွယ်အစား ကြီးမားကြသည်။ အလေးချိန် ၁ ကီလိုဂရမ်ဝက်ခန့်ရှိသည်။

ထိုသို့သော သဘောသဘာဝ ရှိခြင်းကြောင့် စားပွဲတင်အာလူးအစား ပြုပြင်မွမ်းမံသည့်အာလူးကို အစားထိုး သုံး၍မရ။ အလားတူပင် ပြုပြင်မွမ်းမံသည့်အာလူးကို စားပွဲတင်အာလူးဖြင့် အစားထိုး၍ မရချေ။
သို့သော် စိတ်ဝင်စားစရာကောင်းသည့် ထူးခြားချက်မှာ အာလူးတစ်မျိုးအတွက် ဝယ်လိုအားသည် နောက်တစ်မျိုးအတွက် ဝယ်လိုအားအပေါ် နီးနီးစပ်စပ် သက်ရောက်မှု ရှိနေခြင်းဖြစ်သည်။

COVID-19 ပိတ်ဆို့ခြင်းကြောင့် စားစရာရောင်းချသည့် ဆိုင်များ ပိတ်ထားရသဖြင့် အာလူးပြုပြင်ထုတ်လုပ်မှု များများစားစား မရှိတော့ချေ။
အခြားတစ်ဖက်၌ စားစရာရောင်းချသည့် ဆိုင်များ မရှိသဖြင့် စားသုံးသူများ အိမ်၌ ချက်ပြုတ်ရန်အတွက် စားပွဲတင်အားလူး ဝယ်လိုအားမှာ မြင့်တက်နေသည်ဟု Mohanty က ပြောသည်။

ပြုပြင်ထုတ်လုပ်သည့် အာလူးကို စူပါမားကက် တင်ဖို့ မလွယ်ကူပေ။ ချိန်တွယ်ပြီး တစ်ထုပ်စာ ခွဲခြားရမည်။ ထုပ်ပိုးရမည်။ လက်လီစိတ် လုပ်ကိုင်ဖို့မှာ အချိန်တိုတိုအတွင်း အထူးသဖြင့် ကိုဗစ်ကာလကြောင့် ထောက်ပံ့ရေး ကွင်းဆက်များ ပြတ်တောက်နေစဉ် လုပ်ကိုင်ပေးဖို့ မဖြစ်နိုင်ချေ။ ၎င်းတို့အတွက် ထောက်ပံ့ရေးကွင်းဆက်သည် စူပါမားကက်များသို့ ပေးသွင်းခြင်းကို ကိုင်တွယ်ရန် တည်ဆောက်ထားခြင်း မဟုတ်ချေ။

အာရှသည် ပြုပြင်ထားသောအာလူးထွက်ကုန်များအတွက် အနောက်နိုင်ငံများကိုလုံးလုံးမှီခိုနေရသဖြင့် ကြာရှည်သော COVID-19 ပိတ်ဆို့မှုကြောင့် အာလူးကုန်ချော ထုတ်လုပ်သည့် လုပ်ငန်းများသည် အလုပ်ရပ်ဆိုင်းထားရသဖြင့် အာရှသို့ တင်ပို့ရန် လုံလုံလောက်လောက် ကုန်ချော မရှိချေ။
Mohanty က "အာရှမှာ အာလူးကြော်တွေ၊ အာလူးမှုန်ံတွေ ရှားပါးမှုဖြစ်နိုင်တယ်" ဟု ခန့်မှန်းသည်။

“ အာရှက လိုအပ်တဲ့ အာလူးကုန်ချော အားလုံးနီးပါးကို ဥရောပ၊ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုတို့က တင်သွင်းနေကြတယ်။ ဒီအခြေအနေက နောက်လေးလမှငါးလအထိ ဆက်ရှိနေမယ်ဆိုရင် ထောက်ပံ့ရေး ကျဆင်းသွားလိမ့်မယ်။ ပို့ကုန်တင်ပို့မှု အလုံအလောက်မရှိဘူး"လို့ Mohanty က ဆိုပါတယ်။
လယ်သမားများသည် အာလူးများကို ရိတ်သိမ်းချိန်မှ တစ်လမှ တစ်လခွဲအတွင်း ရောင်းရန်လိုအပ်သည်။ အထူးသဖြင့် အာရှ၏ ရာသီဥတု ပူပြင်းချိန်တွင် အမြန်ဆုံး ရောင်းနိုင်ဖို့ လိုသည်။ အာလူးကို စပါးလို ကြာကြာ သိုလှောင်ထား၍ မရချေ။
"အာရှမှာ ၀ ယ်သူ မရှိဘူး၊ သိုလှောင်ရုံတွေကလည်း ညံ့ဖျင်းကြတယ်" ဟု သူကပြောသည်။
ထို့ပြင် တစ်နပ်စာ စားသောက်သည့်ဓလေ့ကလည်း အာရှတွင် အာလူးကို ဦးစားပေးခြင်း မရှိချေ။
“အနောက်နိုင်ငံတွေမှာ ချေထားတဲ့ အာလူးနဲ့ အမဲသားဟင်းကို စားရင် တစ်နပ်စာ ကိစ္စပြီးတယ်။
အာရှမှာ အဲလို မဟုတ်ဘူး။ ဒီနေရာမှာ စားသုံးသူတွေဟာ ဆန်လိုမျိုး သီးနှံလိုတယ်။ အာလူးချည်းပဲစားပြီး တစ်နပ်စာ ကိစ္စမပြီးကြဘူး။ အာလူးတွေကို ဟင်းသီးဟင်းရွက်လို့ မြင်တယ်၊ ဟင်းအနေနဲ့သာ စားမယ်၊ ဒါကို ဆန်နဲ့စားဖို့လိုတယ်။ သူတို့ဟာအာလူးမရှိဘဲ ဆန်ကို စားနိုင်တယ်၊ ဆန်မရှိရင် အာလူး မစားနိုင်ဘူး။ ဒီတော့ ဆန်ပြတ်လပ်တာကြောင့် အာလူး ရောင်းအားတက်တာ ဖြစ်မလာနိုင်ဘူး”


အာလူးမျိုးစေ့ထုတ်လုပ်ခြင်းသည် ပညာသားပါသည်။ ဆန်၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များသည် မျိုးစေ့ သိသာထင်ရှားသည်။ လယ်သမားတို့သည် နောက်နှစ် စိုက်ပျိုးရန် မျိုးစေ့များ အလွယ်ဖြင့် ရယူနိုင်ခြင်း မရှိချေ။ လယ်သမားတို့ စိုက်ပျိုးရန် အသင့်အနေအထား ရှိသည့် အာလူးမျိုးစေ့များ ထုတ်လုပ်သည့် လုပ်ငန်းစဉ်သည် တစ်နှစ်နီးပါး ကြာမြင့်သည်။
"အာလူးစိုက်ပျိုးထုတ်လုပ်တဲ့ ကုန်ကျစရိတ်မှ တစ်ဝက်လောက်က မျိုစေ့အတွက် ကုန်ကျတယ်။ အာလူးခင်း တစ်ဟက်တာ စိုက်ပျိုးဖို့ မျိုးစေ့ ၂၅၀၀ ကီလိုဂရမ် လိုအပ်တယ်" ဟု Mohanty မှပြောကြားသည်။

အရှေ့တောင်အာရှတွင် အာလူးစိုက်ပျိုးရာသီသည် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ရိတ်သိမ်းမှုသည် မတ်လတွင် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဧပြီနှင့် မေလအတွင်း စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် ရိတ်သိမ်းသည်။

 

တစ္မူထူးတဲ့ အာလူးေဈးကြက္ ေထာက္ပံ့ေရးကြင္းဆက္

ကုလသမဂၢ စားနပ္ရိကၡာႏွင့္ စိုက္ပ်ိဳးေရးအဖြဲ႕ (FAO) ၏ အခ်က္အလက္မ်ားအရ ၂၀၁၈ ခုႏွစ္တြင္ ကမာၻတစ္ဝွမ္းလုံး အာလူးထုတ္လုပ္မႈမွာ တန္ခ်ိန္ ၃၆၈ သန္းရွိၿပီး အာရွမွ တန္ခ်ိန္ ၁၈၉ သန္းထုတ္လုပ္ခဲ့သည္။ အထူးသျဖင့္ COVID-19 ျဖစ္ပြားၿပီးေနာက္ အာရွပစိတ္ဖိတ္ေဒသ၌ ဆန္ေစ်းႏႈန္းႏွင့္ ေရာင္းလိုအား မတည္ၿငိမ္မႈမ်ားေၾကာင့္ စိုးရိမ္ထိတ္လန႔္မႈမ်ားေၾကာင့္ အာလူးသည္လည္း ေရာင္းအား တက္မည္ဟု ေမွ်ာ္လင့္ရဖြယ္ရွိသည္။ ထိုသို႔ အာလူးတစ္မ်ိဳးသည္ ျဖစ္မလာခဲ့ေခ်။ ဤအခြင့္အလမ္းကို ျဖစ္မလာေစေသာအခ်က္မ်ားကို ႏိုင္ငံတကာအာလူးစင္တာ အာရွေဒသဆိုင္ရာ ၫႊန္ၾကားေရးမႉး Samarendu Mohanty က ေျပာၾကားခဲ့သည္။

အာလူးေထာက္ပံ့ေရးကြင္းဆက္သည္ အလြန္ထူးျခားသည္၊ ၎သည္ အေတာ္ကြဲျပားျခားနားေသာရည္႐ြယ္ခ်က္မ်ားအတြက္ အေတာ္မတူညီၾကသည့္ အာလူးအမ်ိဳးအစား ႏွစ္မ်ိဳးရွိေနျခင္းေၾကာင့္ျဖစ္သည္ဟု Mohanty က FoodNavigator-Asia သို႔ ေျပာၾကားခဲ့သည္။
“ ပထမအမ်ိဳးအစားက အာရွမွ ရင္းႏွီးကြၽမ္းဝင္မႈ ရွိတဲ့ အမ်ိဳးအစား ျဖစ္ပါတယ္။ စားပြဲတင္ အာလူးလို႔ ေခၚၾကတယ္။ စူပါမားကက္ေတြမွာ ၀ ယ္ၿပီး ဟင္းးခ်က္ဖို႔အတြက္ သုံးၾကတယ္။ ေနာက္တစ္မ်ိဳးကေတာ့ ေၾကာ္ဖို႔ ၊ ေခ်ၿပီးေတာ့ ထည့္ဖို သုံးတဲ့အာလူးေတြ ျဖစ္ပါတယ္။အထူးသျဖင့္ အေနာက္ႏိုင္ငံက အစားအေသာက္ ဝန္ေဆာင္မႈလုပ္ငန္းေတြမွာ ာမ်ားမ်ားစားစားသုံးျဖစ္တယ္ ”

အာရွတြင္ အာလူးစားသုံးမႈ၏ ၉၅ ရာခိုင္ႏႈန္းသည္ လတ္ဆတ္သည့္အာလူးအစိမ္းကို သုံးၾကသည္။ ဆိုလိုသည္မွာ စားပြဲတင္ဟင္းလ်ာရွိ အာလူးသည္ မည္သည့္ျပဳျပင္ထုတ္လုပ္မႈမွ မပါဘဲတိုက္႐ိုက္သုံးစြဲျခင္း ျဖစ္သည္။
၎ကို အထူးသျဖင့္ အဓိက ေန႔စဥ္စားစရာအျဖစ္ အိႏၵိယ၊ ပါကစၥတန္ႏွင့္သီရိလကၤာႏိုင္ငံ စသည့္ ေတာင္အာရွႏိုင္ငံမ်ားတြင္ စားသုံးၾကသည္. အ႐ြယ္အစားမွာ အလယ္အလတ္ႏွင့္ အဝိုင္းပုံသဏၭာန္မ်ိဳး ျဖစ္သည္။
ဒုတိယ အမ်ိဳးအစား အာလူးကို ျပဳျပင္မြမ္းမံၿပီး ထုတ္ကုန္အျဖစ္ ထုတ္လုပ္ၾကသည္။ အမ်ားအားျဖင့္အေနာက္ႏိုင္ငံမ်ားတြင္ အမ်ားဆုံးအသုံးျပဳၾကၿပီး အာလူးစားသုံးမႈ၏ ၇၀ ရာခိုင္ႏႈန္းခန႔္ရွိသည္။ ၎သည္ ပုံမွန္အားျဖင့္ အ႐ြယ္အစား ႀကီးမားၾကသည္။ အေလးခ်ိန္ ၁ ကီလိုဂရမ္ဝက္ခန႔္ရွိသည္။

ထိုသို႔ေသာ သေဘာသဘာဝ ရွိျခင္းေၾကာင့္ စားပြဲတင္အာလူးအစား ျပဳျပင္မြမ္းမံသည့္အာလူးကို အစားထိုး သုံး၍မရ။ အလားတူပင္ ျပဳျပင္မြမ္းမံသည့္အာလူးကို စားပြဲတင္အာလူးျဖင့္ အစားထိုး၍ မရေခ်။
သို႔ေသာ္ စိတ္ဝင္စားစရာေကာင္းသည့္ ထူးျခားခ်က္မွာ အာလူးတစ္မ်ိဳးအတြက္ ဝယ္လိုအားသည္ ေနာက္တစ္မ်ိဳးအတြက္ ဝယ္လိုအားအေပၚ နီးနီးစပ္စပ္ သက္ေရာက္မႈ ရွိေနျခင္းျဖစ္သည္။

COVID-19 ပိတ္ဆို႔ျခင္းေၾကာင့္ စားစရာေရာင္းခ်သည့္ ဆိုင္မ်ား ပိတ္ထားရသျဖင့္ အာလူးျပဳျပင္ထုတ္လုပ္မႈ မ်ားမ်ားစားစား မရွိေတာ့ေခ်။
အျခားတစ္ဖက္၌ စားစရာေရာင္းခ်သည့္ ဆိုင္မ်ား မရွိသျဖင့္ စားသုံးသူမ်ား အိမ္၌ ခ်က္ျပဳတ္ရန္အတြက္ စားပြဲတင္အားလူး ဝယ္လိုအားမွာ ျမင့္တက္ေနသည္ဟု Mohanty က ေျပာသည္။

ျပဳျပင္ထုတ္လုပ္သည့္ အာလူးကို စူပါမားကက္ တင္ဖို႔ မလြယ္ကူေပ။ ခ်ိန္တြယ္ၿပီး တစ္ထုပ္စာ ခြဲျခားရမည္။ ထုပ္ပိုးရမည္။ လက္လီစိတ္ လုပ္ကိုင္ဖို႔မွာ အခ်ိန္တိုတိုအတြင္း အထူးသျဖင့္ ကိုဗစ္ကာလေၾကာင့္ ေထာက္ပံ့ေရး ကြင္းဆက္မ်ား ျပတ္ေတာက္ေနစဥ္ လုပ္ကိုင္ေပးဖို႔ မျဖစ္ႏိုင္ေခ်။ ၎တို႔အတြက္ ေထာက္ပံ့ေရးကြင္းဆက္သည္ စူပါမားကက္မ်ားသို႔ ေပးသြင္းျခင္းကို ကိုင္တြယ္ရန္ တည္ေဆာက္ထားျခင္း မဟုတ္ေခ်။

အာရွသည္ ျပဳျပင္ထားေသာအာလူးထြက္ကုန္မ်ားအတြက္ အေနာက္ႏိုင္ငံမ်ားကိုလုံးလုံးမွီခိုေနရသျဖင့္ ၾကာရွည္ေသာ COVID-19 ပိတ္ဆို႔မႈေၾကာင့္ အာလူးကုန္ေခ်ာ ထုတ္လုပ္သည့္ လုပ္ငန္းမ်ားသည္ အလုပ္ရပ္ဆိုင္းထားရသျဖင့္ အာရွသို႔ တင္ပို႔ရန္ လုံလုံေလာက္ေလာက္ ကုန္ေခ်ာ မရွိေခ်။
Mohanty က "အာရွမွာ အာလူးေၾကာ္ေတြ၊ အာလူးမႈန္ံေတြ ရွားပါးမႈျဖစ္ႏိုင္တယ္" ဟု ခန္႔မွန္းသည္။

“ အာရွက လိုအပ္တဲ့ အာလူးကုန္ေခ်ာ အားလုံးနီးပါးကို ဥေရာပ၊ ကေနဒါနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔က တင္သြင္းေနၾကတယ္။ ဒီအေျခအေနက ေနာက္ေလးလမွငါးလအထိ ဆက္ရွိေနမယ္ဆိုရင္ ေထာက္ပံ့ေရး က်ဆင္းသြားလိမ့္မယ္။ ပို႔ကုန္တင္ပို႔မႈ အလုံအေလာက္မရွိဘူး"လို႔ Mohanty က ဆိုပါတယ္။
လယ္သမားမ်ားသည္ အာလူးမ်ားကို ရိတ္သိမ္းခ်ိန္မွ တစ္လမွ တစ္လခြဲအတြင္း ေရာင္းရန္လိုအပ္သည္။ အထူးသျဖင့္ အာရွ၏ ရာသီဥတု ပူျပင္းခ်ိန္တြင္ အျမန္ဆုံး ေရာင္းႏိုင္ဖို႔ လိုသည္။ အာလူးကို စပါးလို ၾကာၾကာ သိုေလွာင္ထား၍ မရေခ်။
"အာရွမွာ ၀ ယ္သူ မရွိဘူး၊ သိုေလွာင္႐ုံေတြကလည္း ညံ့ဖ်င္းၾကတယ္" ဟု သူကေျပာသည္။
ထို႔ျပင္ တစ္နပ္စာ စားေသာက္သည့္ဓေလ့ကလည္း အာရွတြင္ အာလူးကို ဦးစားေပးျခင္း မရွိေခ်။
“အေနာက္ႏိုင္ငံေတြမွာ ေခ်ထားတဲ့ အာလူးနဲ႔ အမဲသားဟင္းကို စားရင္ တစ္နပ္စာ ကိစၥၿပီးတယ္။
အာရွမွာ အဲလို မဟုတ္ဘူး။ ဒီေနရာမွာ စားသုံးသူေတြဟာ ဆန္လိုမ်ိဳး သီးႏွံလိုတယ္။ အာလူးခ်ည္းပဲစားၿပီး တစ္နပ္စာ ကိစၥမၿပီးၾကဘူး။ အာလူးေတြကို ဟင္းသီးဟင္း႐ြက္လို႔ ျမင္တယ္၊ ဟင္းအေနနဲ႔သာ စားမယ္၊ ဒါကို ဆန္နဲ႔စားဖို႔လိုတယ္။ သူတို႔ဟာအာလူးမရွိဘဲ ဆန္ကို စားႏိုင္တယ္၊ ဆန္မရွိရင္ အာလူး မစားႏိုင္ဘူး။ ဒီေတာ့ ဆန္ျပတ္လပ္တာေၾကာင့္ အာလူး ေရာင္းအားတက္တာ ျဖစ္မလာႏိုင္ဘူး”


အာလူးမ်ိဳးေစ့ထုတ္လုပ္ျခင္းသည္ ပညာသားပါသည္။ ဆန္၊ သစ္သီးဝလံႏွင့္ဟင္းသီးဟင္း႐ြက္မ်ားသည္ မ်ိဳးေစ့ သိသာထင္ရွားသည္။ လယ္သမားတို႔သည္ ေနာက္ႏွစ္ စိုက္ပ်ိဳးရန္ မ်ိဳးေစ့မ်ား အလြယ္ျဖင့္ ရယူႏိုင္ျခင္း မရွိေခ်။ လယ္သမားတို႔ စိုက္ပ်ိဳးရန္ အသင့္အေနအထား ရွိသည့္ အာလူးမ်ိဳးေစ့မ်ား ထုတ္လုပ္သည့္ လုပ္ငန္းစဥ္သည္ တစ္ႏွစ္နီးပါး ၾကာျမင့္သည္။
"အာလူးစိုက္ပ်ိဳးထုတ္လုပ္တဲ့ ကုန္က်စရိတ္မွ တစ္ဝက္ေလာက္က မ်ိဳေစ့အတြက္ ကုန္က်တယ္။ အာလူးခင္း တစ္ဟက္တာ စိုက္ပ်ိဳးဖို႔ မ်ိဳးေစ့ ၂၅၀၀ ကီလိုဂရမ္ လိုအပ္တယ္" ဟု Mohanty မွေျပာၾကားသည္။

အေရွ႕ေတာင္အာရွတြင္ အာလူးစိုက္ပ်ိဳးရာသီသည္ ႏိုဝင္ဘာလတြင္ စတင္စိုက္ပ်ိဳးၿပီး ရိတ္သိမ္းမႈသည္ မတ္လတြင္ ျဖစ္သည္။ တ႐ုတ္ႏိုင္ငံတြင္ ဧၿပီႏွင့္ ေမလအတြင္း စတင္စိုက္ပ်ိဳးၿပီး ဩဂုတ္လတြင္ ရိတ္သိမ္းသည္။

Read times
Rate this item
(0 votes)