Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဒန့်သလွန် စိုက်ပျိုးတောင်သူများ အောင်မြင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာနှင့် ပုဂံမြို့ နတ်ကြို့အိုင်ကျေးရွာတို့တွင် အိန္ဒိယဒန့်သလွန် စမ်းသပ်စိုက်ပျိုးခဲ့ကြရာ

အပင်ဖြစ်ထွန်းမှုကောင်းမွန်ပြီး အပွင့်ပွင့်နှုန်းနှင့် အသီးသီးနှုန်းကောင်းမွန်နေကာ ရောင်းတန်းဝင်ချိန် ဈေးနှုန်းကောင်းရန် မျှော်လင့်နေကြောင်း တောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။

ရေစကြိုမြို့နယ် သံပြာချောင်းကျေးရွာမှ အိန္ဒိယဒန့်သလွန် စိုက်ပျိုးတောင်သူ ဦးမြသင်းထံမှ ဒန့်သလွန်မျိုးစေ့နှင့် ပျိုးပင်တို့ကို ဝယ်ယူပျိုးထောင်စိုက်ပျိုးခြင်း ပြုလုပ်ခဲ့ရာ လေးလခန့်အကြာတွင် အပွင့်ပွင့်ကာ စတင်အသီးသီးနေပြီဖြစ်ကြောင်း၊ ဒန့်သလွန်သီး ရောင်းတန်းဝင်ချိန် ဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြောင်း ဒန့်သလွန်စိုက်ပျိုးတောင်သူများက ရှင်းပြသည်။ အိန္ဒိယဒန့်သလွန်ပျိုးစေ့အား စတင်ပျိုးထောင်ချိန် အိတ်တစ်အိတ် မျိုးစေ့တစ်စေ့နှုန်းထည့်ကာ ပျိုးထောင်ရကြောင်း၊ စပါးလုံးတစ်ထောက်စာ ထည့်သွင်းပျိုးထောင်ရပြီး သုံးရက်ခန့်အကြာ ပျိုးထားသည့်အစေ့ စတင်အပင်ပေါက်ကာ ပျိုး(မျိုး)သက်တမ်း ၁၈ ရက်ခန့်တွင် စိုက်ပျိုးမည့်အခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း သိရသည်။

ဒန့်သလွန်စတင်စိုက်ပျိုးချိန်မှ လေးလခန့်ရှိလျှင် အဖူး၊ အပွင့်များ အဆုပ်လိုက်၊ ကိုင်းတိုင်းမြောက်များစွာ အပွင့်ပွင့်ပြီး သီးကင်းများ စတင်သီးကြောင်း သိရသည်။ ဒန့်သလွန်သီး ရောင်းတန်းဝင်ချိန်သည် မနုလွန်း၊ မရင့်လွန်းသောအချိန် ခူးဆွတ်ရောင်းချရပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချရကြောင်း၊ ဒန့်သလွန်သီးတစ်ထောင့် ကိုဗစ်-၁၉ ရောဂါကာလ စတင်ဖြစ်ပွားချိန်က တစ်ထောင့် ၁၉၀ ကျပ်မှ ၂၁၀ ကျပ်ထိ ရောင်းချခဲ့ရပြီး ယခုခါ ဒန့်သလွန်သီးတစ်ထောင့် ၉၀ ကျပ်မှ ၁၁၀ ကျပ်ထိသာ ရောင်းချနေရကြောင်း ရေစကြိုမြို့နယ် ဒန့်သလွန် ဧက ၂၀ စိုက်ပျိုးထားသည့် ဦးမြသင်းက ရှင်းပြသည်။

အိန္ဒိယဒန့်သလွန်မျိုးနှစ်မျိုးရှိပြီး PKM1 ဒန့်သလွန်မျိုးကို အများဆုံးစိုက်ပျိုးကြ၍ အခင်းပိုးကျချိန်တွင်ပင် ဓာတုဆေးဝါး ပက်ဖျန်းခြင်းမပြုကြောင်း၊ သဘာဝအတိုင်းအသီးသီးစေပြီး ဒန့်သလွန်စိုက်ခင်းများ စိုက်ပျိုးကြကြောင်းသိကာ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများနှင့် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် အိန္ဒိယဒန့်သလွန်သီး ရောင်းတန်းဝင်ရောင်းချချိန် ဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြောင်း သိရသည်။

MDN

5_408.jpg

 

3_721.jpg

 

 

 

Read times Last modified on Sunday, 03 January 2021 21:19
Rate this item
(0 votes)