Fruits & Vegetables
×
Warning
JUser: :_load: Unable to load user with ID: 540
မန္တလေးဈေးကွက်ထဲသို့ အင်ဥ အဝင် တစ်ဆယ်ဆ လျော့နည်း
ယခုနှစ်တွင် အင်ဥ အထွက်နှုန်းလျော့နည်းသွားသကဲ့သို့ အရောင်းအဝယ်များလည်း လျော့သွားကြောင်း
မန္တလေးမြို့ ၊၄၁လမ်း၊ ညစျေးတွင် အင်ဥရောင်းချသူများ ထံမှ သိရသည်။
" အရင်နှစ်ကထက်ဆိုင်ရင်အရောင်းဝယ်သိပ်မကောင်းဘူး။နောက်ဆုတ်နေတယ်။ ဒီရောဂါကြီးဖြစ်နေတော့ လူတွေက စီးပွားရေးအဆင်မပြေကြဘူးလေ။ စားတော့စားချင်တယ်။ ဒါပေမယ့်ပိုက်ဆံမရှိကြဘူး။
ခါတိုင်းနှစ်ကလောက်ဒီနှစ်ပစ္စည်းကလည်း သိပ်မထွက်ဘူး။ အရင်နှစ်တွေက ကားနဲ့ အင်ဥလာရင် တခါလာ အိတ်၅၀လောက်လာတယ်။ ဒီနှစ်ကျ ၄အိတ် ၆အိတ်ဘဲလာတယ်။ ၁အိတ်ကို အချိန် ၂၅ပိသာ ၃၀ပိသာလောက်ရှိတယ်။ " ဟု ၄၁လမ်း ညစျေးမှ အင်ဥရောင်းသူ ဦးအောင်သန်းက ပြောသည်။
အင်ဥ ပေါ်ခါစတွင် ၁ပိသာလျှင် ၂၅၀၀၀ကျပ် ရှိခဲ့ရာမှ ယခုအခါ ၁ပိသာလျှင် ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ကျပ် စျေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ အင်ဥများကို မဘိန်း၊ မိုးမိတ်၊ ကသာ၊ လွိုင်ကော်နှင့် ရှမ်းပြည်နယ်မှ ထွက်ရှိကြောင်း၊ အင်ဥများကို ခြောက်သွေ့သောနေရာတွင် ထားပါက ၃ရက်နီးပါး အထားခံပြီး ပူသောနေရာ ရေစိုသောနေရာတွင် ထားပါက ပျော့အိသွားကြောင်းနှင့် အင်ဥကို အဓိကအားဖြင့် ဝက်သားနှင့် တွဲ၍ ချက်စားကြပြီး အင်ဥသုပ်၊ အင်ဥချက် စသည်ဖြင့် ဟင်းလျာမျိုးစုံပြုလုပ်ကာ စားသောက်ကြကြောင်း သိရသည်။
ထိပ်ထားနိုင်
ယခုနှစ်တွင် အင်ဥ အထွက်နှုန်းလျော့နည်းသွားသကဲ့သို့ အရောင်းအဝယ်များလည်း လျော့သွားကြောင်း ၄၁လမ်း၊ ညဈေးတွင် အင်ဥရောင်းချသူများ ထံမှ သိရသည်။
အင်ဥ ပေါ်ခါစတွင် ၁ပိသာလျှင် ၂၅၀၀၀ကျပ် ရှိခဲ့ရာမှ ယခုအခါ ၁ပိသာလျှင် ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ကျပ် ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ အင်ဥများကို မဘိန်း၊ မိုးမိတ်၊ ကသာ၊ လွိုင်ကော်နှင့် ရှမ်းပြည်နယ်မှ ထွက်ရှိကြောင်း၊ အင်ဥများကို ခြောက်သွေ့သောနေရာတွင် ထားပါက ၃ရက်နီးပါး အထားခံပြီး ပူသောနေရာ ရေစိုသောနေရာတွင် ထားပါက ပျော့အိသွားကြောင်းနှင့် အင်ဥကို အဓိကအားဖြင့် ဝက်သားနှင့် တွဲ၍ ချက်စားကြပြီး အင်ဥသုပ်၊ အင်ဥချက် စသည်ဖြင့် ဟင်းလျာမျိုးစုံပြုလုပ်ကာ စားသောက်ကြကြောင်း သိရသည်။
ထိပ်ထားနိုင်
Read times
Rate this item
(0 votes)