Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ခရမ်းချဉ်စိုက်ခင်းများ ဖြစ်ထွန်းသော်လည်း ဈေးအရနည်းနေ

ခရမ်းချဉ်စိုက်ခင်းများ ဖြစ်ထွန်းပြီး လှိုင်လှိုင်ပေါ်နေချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့်အတူ အရောင်းအဝယ်အေးပြီး

ဈေးကွက်ကျဆင်းနေသဖြင့် မင်းဘူးမြို့နှင့် အနီးအနားတစ်ဝိုက်ရှိ ကျေးရွာများမှ ခရမ်းချဉ် စိုက်ပျိုးရောင်းချသူ တောင်သူများ အခက်ကြုံနေရကြောင်း သိရသည်။

“ခရမ်းချဉ်က မီးဖိုချောင်သုံး စားစရာ ရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ ဒီနှစ် ကိုဗစ်-၁၉ ကာလဆိုတော့ ခရမ်းချဉ်ဈေးကလည်း အရင်နှစ်တွေကလောက် မကောင်းဘူး။ ပိုးသတ်ဆေး၊ တိုင်၊ ဝါး၊ ထွန်ခယက်ခ၊ အလုပ်သမားခနဲ့ဆိုတော့ တွက်ခြေအကိုက်နည်းပါတယ်” ဟု ခရမ်းချဉ်စိုက်သူ ကိုဘအေးက ပြောသည်။

မင်းဘူးမြို့နယ်ရှိ ကျေးရွာများအနက် ကျောက်တန်းကျေးရွာမှာ ခရမ်းချဉ်ကို အဓိကထားစိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ်ရယ်လို့ အမျိုးမျိုးစိုက်ပျိုးကြပြီး လက်ကားဈေး တစ်ပိဿာလျှင် ကျပ် ၄၀၀ နှင့် လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၅၀၀ သာရှိတော့ကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

“ဒီနှစ်က အသွားအလာ ကန့်သတ်တဲ့ နယ်မြေတွေလည်းရှိ ဈေးဝယ်တွေကလည်း အေးနေတယ်။ စိုက်ခင်းတွေကနေ ဝယ်ပြီးပြန်ရောင်းချတဲ့အခါ အခက်အခဲတွေ ရှိကြတယ်နဲ့တူတယ်။ ခရမ်းချဉ်စိုက်ခင်းက ကောင်းပေမဲ့ ပြီးခဲ့တဲ့နှစ်တွေကလောက် ဈေးမကောင်းလို့ တွက်ခြေမကိုက်ဘူး” ဟု ကျောက်တန်းကျေးရွာမှ စိုက်ခင်းပိုင်ရှင် မနွယ်နွယ်ဌေးက ဆိုပြန်သည်။

မိုးဦးကာလ၌ မိုးခေါင်၍ မြေအောက်ရေဖြင့် စိုက်ပျိုးရသည့် ခရမ်းချဉ်သီးနှံများ အပင်ငယ်ချိန်တွင် မှိုရောဂါကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရသူများရှိသဖြင့် အထူးဂရုစိုက် စိုက်ပျိုးရကြောင်းလည်း ခရမ်းချဉ်စိုက်ပျိုး လုပ်ကိုင်သူများထံမှ သိရသည်။

 

MDN

Read times Last modified on Monday, 11 January 2021 15:20
Rate this item
(0 votes)