Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန် ဖရဲ လေလံ အဆ ၄၀ ဈေးကျ

ဂျပန်နိုင်ငံမှာ ဖရဲသီးဈေး ဟာ မနေ့က ယုဗရီမြို့မှ ဖရဲစိုက်ခင်းတစ်ခင်းစာကို ပထမဆုံးလေလံ ဈေးတင်တဲ့ အခါမှာ ဂျပန်းသုံးငွေ ယမ်း ၁၂၀၀၀၀ ( အမေရိကန် ဒေါ်လာနှင့်ဆိုလျှင် ၁၅၉၀ ) နဲ့ လေလံဈေး အဆုံးသတ်ခဲ့ပါတယ်။

 

ထိုအခြင်းအရာ မှာ ယခင်နှစ်က ဖရဲလေလံ ဈေးမှာ ယခုနှစ်ဈေးထက် ၄၀ စ သာလွန်နေကာ ယခင်နှစ်က ဈေးမှာ ဂျပန်ယမ်းငွေ ၅ သန်း ( အမေရိကန် ဒေါ်လာနှင့်ဆိုလျှင် ၆၆၁၅၀ ) ကျော်ကျော်ရှိခဲ့တယ်သိရပါတယ်။မနေ့ကပဲ ဖရဲလေလံပြီးသွားခဲ့တာဖြစ်ပြီး အခုအချိန်ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွား တဲ့ အချိန်မို့ လူစုလူဝေးမရတာနဲ့ လေလံပွဲလေးက ခပ်သေးသေးလေးဖြစ်ခဲ့ပါတယ်။

 

လေလံပွဲတွေရဲ့ ထုံးစံက အမြဲ ခပ်သေးသေးနှင့် လူနည်းရင် ဈေးနည်းနည်းသာရတတ်ပါတယ်။ယခုဆိုရင် ဂျပန်နိုင်ငံရဲ့ တရားဝင် လက်ကား ဈေးကြီးက ကိုဗစ် ကို အပြစ်တင်လျက်ရှိနေပြီး ငွေကျေးချမ်းသာ တဲ့ ဈေးဝယ်သူတွေကို ဈေးမလာအောင်ကိုဗစ်က မျက်ခြေ ပျက်စေလို့ ဈေးကြီးတဲ့ အသီးတွေကို ဝယ်ယူဖို့ မလွယ်ကူနိုင်တော့တာပဲဖြစ်ပါတယ်ဆိုကာ ပြောလာပါတယ်။

 

ယခုလေလံအောင်ခဲ့သူကလည်း ဈေးဝယ်ရောင်းချ သူ စစ်စစ်မဟုတ်ပဲ ပြည်တွင်း စိုက်ပျိုးရေး သမားလယ်သမားတွေကို ဂုဏ်ပြုချင်တဲ့ ချမ်းသာတဲ့ စီးပွားရေးသမားတစ်ဦးသာဖြစ်တယ်သိရပါတယ်။ဂျပန်နိုင်ငံရဲ့ လက်ကားဈေးကြီးက ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကတည်းက ပိတ်ခဲ့တာပါ သို့ပေမဲ့လေလံပွဲကျင်းပရခြင်းရဲ့ အကြောင်းအရာကတော့ လေလံဈေးကွက်ကို မပျက်စေချင်လို့ဆိုတာသိရပါတယ်။

 

တကယ်တန်းမှာ ဂျပန်နိုင်ငံရဲ့ ယုဗရီမြို့ဟာ နိုင်ငံခြားသားတွေ ဝင်လာရင် အမြဲ လာလေ့ ရှိတဲ့နေရာ ဖြစ်တယ်သိရပြီး ကိုဗစ်ကူးစက်ခံရသူ အခြား ဂျပန်မှ မြို့တွေထက် ပိုများတယ်သိရပါတယ်။သို့ပေမဲ့လည်း အစိုးရဟာ စိုက်ပျိုးရေး နှင့် မွေးမြူရေး ကိစ္စ တွေမှာ ပိတ်စို့ မှု့တွေဖြစ်လာတယ်သိပြီး အပြင်မထွက်ရ တင်းကျပ်အမိန့်တွေ မနေ့ကတင် ဖြေလျော့လိုက်ပြီသိရပါတယ်။

 

<<< Zawgyi >>>

 

ဂ်ပန္ ဖရဲ ေလလံ အဆ ၄၀ ေစ်းက်

-------------------------------------------

 

ဂ်ပန္နိုင္ငံမွာ ဖရဲသီးေစ်း ဟာ မေန႕က ယုဗရီျမိဳ႕မွ ဖရဲစိုက္ခင္းတစ္ခင္းစာကို ပထမဆုံးေလလံ ေစ်းတင္တဲ့ အခါမွာ ဂ်ပန္းသံုးေငြ ယမ္း ၁၂၀၀၀၀ ( အေမရိကန္ ေဒၚလာနွင့္ဆိုလ်ွင္ ၁၅၉၀ ) နဲ႕ ေလလံေစ်း အဆုံးသတ္ခဲ့ပါတယ္။

 

ထိုအျခင္းအရာ မွာ ယခင္နွစ္က ဖရဲေလလံ ေစ်းမွာ ယခုနွစ္ေစ်းထက္ ၄၀ စ သာလြန္ေနကာ ယခင္နွစ္က ေစ်းမွာ ဂ်ပန္ယမ္းေငြ ၅ သန္း ( အေမရိကန္ ေဒၚလာနွင့္ဆိုလ်ွင္ ၆၆၁၅၀ ) ေက်ာ္ေက်ာ္ရွိခဲ့တယ္သိရပါတယ္။မေန႕ကပဲ ဖရဲေလလံျပီးသြားခဲ့တာျဖစ္ျပီး အခုအခ်ိန္ကိုရိုနာ ဗိုင္းရပ္စ္ျဖစ္ပြား တဲ့ အခ်ိန္မို႕ လူစုလူေ၀းမရတာနဲ႕ ေလလံပြဲေလးက ခပ္ေသးေသးေလးျဖစ္ခဲ့ပါတယ္။

 

ေလလံပြဲေတြရဲ႕ ထုံးစံက အျမဲ ခပ္ေသးေသးနွင့္ လူနည္းရင္ ေစ်းနည္းနည္းသာရတတ္ပါတယ္။ယခုဆိုရင္ ဂ်ပန္နိုင္ငံရဲ႕ တရား၀င္ လက္ကား ေစ်းၾကီးက ကိုဗစ္ ကို အျပစ္တင္လ်က္ရွိေနျပီး ေငြေက်းခ်မ္းသာ တဲ့ ေစ်း၀ယ္သူေတြကို ေစ်းမလာေအာင္ကိုဗစ္က မ်က္ေျခ ပ်က္ေစလို႕ ေစ်းၾကီးတဲ့ အသီးေတြကို ၀ယ္ယူဖို႕ မလြယ္ကူနိုင္ေတာ့တာပဲျဖစ္ပါတယ္ဆိုကာ ေျပာလာပါတယ္။

 

ယခုေလလံေအာင္ခဲ့သူကလည္း ေစ်း၀ယ္ေရာင္းခ် သူ စစ္စစ္မဟုတ္ပဲ ျပည္တြင္း စိုက္ပ်ိဳးေရး သမားလယ္သမားေတြကို ဂုဏ္ျပဳခ်င္တဲ့ ခ်မ္းသာတဲ့ စီးပြားေရးသမားတစ္ဦးသာျဖစ္တယ္သိရပါတယ္။ဂ်ပန္နိုင္ငံရဲ႕ လက္ကားေစ်းၾကီးက ျပီးခဲ့တဲ့ ဧျပီလ ၂၀ ရက္ေန႕ကတည္းက ပိတ္ခဲ့တာပါ သို႕ေပမဲ့ေလလံပြဲက်င္းပရျခင္းရဲ႕ အေၾကာင္းအရာကေတာ့ ေလလံေစ်းကြက္ကို မပ်က္ေစခ်င္လို႕ဆိုတာသိရပါတယ္။

 

တကယ္တန္းမွာ ဂ်ပန္နုိင္ငံရဲ႕ ယုဗရီျမိဳ ႕ဟာ နိုင္ငံျခားသားေတြ ၀င္လာရင္ အျမဲ လာေလ့ ရွိတဲ့ေနရာ ျဖစ္တယ္သိရျပီး ကိုဗစ္ကူးစက္ခံရသူ အျခား ဂ်ပန္မွ ျမိဳ႕ေတြထက္ ပိုမ်ားတယ္သိရပါတယ္။သို႕ေပမဲ့လည္း အစိုးရဟာ စိုက္ပ်ိဳးေရး နွင့္ ေမြးျမဴေရး ကိစၥ ေတြမွာ ပိတ္စို႕ မႈ႕ေတြျဖစ္လာတယ္သိျပီး အျပင္မထြက္ရ တင္းက်ပ္အမိန္႕ေတြ မေန႕ကတင္ ေျဖေလ်ာ့လိုက္ျပီသိရပါတယ္။

 

Ref : The StraitsTimes

 

Read times Last modified on Monday, 01 June 2020 17:59
Rate this item
(0 votes)