Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်မှ သစ်သီးဝယ်လိုအားကျဆင်းမှုကြောင့် မြန်မာနိုင်ငံ၏ သရက်သီးဈေးကွက် ဆုံးရှုံးမှုများနေ

ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့နေချိန်တွင် တရုတ်၏ သစ်သီးဝယ်လိုအားသည် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသဖြင့် မြန်မာနိုင် သစ်သီးဈေးကွက်တွင် အတားအဆီးများနှင့် ဆုံးရှုံးမှုများ ကြုံတွေ့နေရတယ်လို့ ခွာညို သစ်သီးသိုလှောင်ရုံမှ ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

သရက်သီးဈေးကွက် ကျဆင်းနေတယ်၊ ဝယ်လိုအားနည်းနေခြင်းက ဈေးကွက်ထဲမှာ အားနည်းလာတယ်လို့ ၎င်းကဆိုသည်။ Seaintalone သရက်သီးသည် တစ်တောင်လျှင် ယူရို ၈၀ မှ ၉၀ ခန့်ရှိပြီး Shwetinthar သရက်သီးက ယွမ်း ၃၅ မှ ၆၅ ယွမ်နှုန်းဖြင့် ရောင်းချတယ်လို့ မူဆယ်ဈေးကွက်အရ သိရပါတယ်။

 

ယခုနှစ်တွင် ကိုဗစ်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အခက်အခဲ နှင့် ကုန်သွယ်မှု လုပ်ငန်းများ ပြတ်တောက်မှုများကြောင့် အသီးဈေးကွက်က ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်တယ်လို့ ကျောက်ဖြူမြို့မှ စိုက်ပျိုးသူတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။ဖရဲသီး ၊ သရက်သီး တင်ပို့မှုများနှင့် မူဆယ်ကုန်သည်များက တရုတ်ဈေးကွက်တစ်ခုတည်းကို အားမကိုးသင့်တော့ဘူးလို့ ထောက်ပြခဲ့ပါတယ်။

 

သရက်သီးစိုက်ပျိုးသူများရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့အတွက် အရည်အသွေးမြင့် သရက်သီးများ ထောက်ပံပေးနိုင်ဖို့အတွက် တိုက်တွန်းထားပါတယ်။ ဒါ့အပြင် သရက်သီးပိုင်ရှင်များလည်း ကောင်းမွန်တဲ့ စိုက်ပျိုးရေး အလေ့အကျင့် (GAP) ကို လိုက်နာဖို့လည်း လိုအပ်နေပါတယ်။

 

GAP ဆိုတာက Good Agricultural Practices ကို ဆိုလိုတာဖြစ်ပြီး သူ့မှာက အစားအစာနဲ့ ပတ်သက်လို့ ဘေးကင်းလုံခြုံ စေရမယ်လို့ စံသတ်မှတ်ချက်တွေရှိပါတယ် ထိုအထဲမှာ အသီးအနှံတွေက မြေသြဇာ မသုံးပဲ စိုက်ပျိုးထားဖို့လိုအပ်ပါတယ်။

 

၂၀၁၇ နဲ့ ၂၀၁၈ တုန်းကဆိုရင် မြန်မာပြည် အနေနဲ့ စိန်တလုံး သရက်သီးတွေကို ၅ သောင်း တန်ချိန်ရောင်းထွက်ခဲ့တယ်သိရပါတယ်။မြန်မာနိုင်ငံ အနေနဲ့ ၂၀၂၀ ခုနှစ်မှာ စိန်တလုံးသရက်သီးကို ပေါင်ချိန် ၁ သန်းရောင်းရဖို့ ဆန္ဒ ရှိခဲ့တာတယ်လို့ ကုန်စည်ဝန်ကြီး ဌာနက ရည်မှန်းထားကြပါတယ်။

 

အသားမှာ ဝက် အသီးမှာ သရက်ဆိုတဲ့ အတိုင်း မြန်မာပြည်မှ လူအများက သရက်သီးကို အင်မတန်မှ တန်ဖိုးထားကြပါတယ်။ မြန်မာ ပြည်မှာ သရက်သီး မျိုးကွဲပေါင်း ၂၀၀ ရှိပါတယ် ထိုမျိုးကွဲများထဲမှ လူကြိုက်အများဆုံး သရက်သီးများမှာ စိန်တလုံး , ရွှေဟင်္သာ , ပတ္တမြားငမောက် , ရင်ခွဲ , မချစ်စု စတဲ့ သရက်သီးတွေက လူစားများပါတယ်။နိုင်ငံခြားဈေးကွက်မှာက စိန်တလုံးကလူကြိုက်အများဆုံးပေါ့။

 

မြန်မာ့ သရက်သီးတွေက အစက တရုတ်ပြည်ကို အများဆုံးရောက်ပြီး ကျန်တဲ့ သရက်သီး အနည်းငယ်တွေကိုတော့ အိန္ဒိယ ၊ ဘင်းဂလားဒေချ့် ၊ ယိုးဒယား ၊ ကိုရီးယား ၊ စင်္ကာပူ နဲ့ ဂျပန် ဈေးကွက်တွေမှာ တွေ့ရပါတယ်။

 

ဧရာဝတီ ဒေသ ကတော့ သရက်သီးထုတ်လုပ်မှု့ အများဆုံးဒေသ ဖြစ်ပြီး လေးသောင်းခြောက်ထောင် ဧက ရှိပါတယ်။ပဲခူးကတော့ သရက်သီးစိုက်ခင်း လေးသောင်းသုံးထောင်ဧက ရှိပါတယ်။မန္တလေးကတော့ နှစ်သောင်းကိုးထောင် ဧက ရှိပြီး ၊ကချင်ပြည်နယ်ကတော့ နှစ်သောင်းလေးထောင် ဧကရှိပါတယ်။ထို့အပြင် ရှမ်းပြည်မှာတော့ သရက်စိုက်ခင်း နှစ်သောင်းလေးရာ ဧကရှိကာ စစ်ကိုင်းတိုင်းမှာတော့ ဧက နှစ်သောင်း ရှိတယ်သိရပါတယ်။

 

<<< Zawgyi >>>

 


--------------------------------------------------------------------------------------------------------------------

 


 


 


 


 


 


 


 

မြန်မာ့ သရက်သီးတွေက အစက တရုတ်ပြည်ကို အများဆုံးရောက်ပြီး ကျန်တဲ့ သရက်သီး အနည်းငယ်တွေကိုတော့ အိန္ဒိယ ၊ ဘင်းဂလားဒေခ့်ျ ၊ ယိုးဒယား ၊ ကိုရီးယား ၊ စင်္ကာပူ နဲ့ ဂျပန် ဈေးကွက်တွေမှာ တွေ့ရပါတယ်။

 


 

Ref : The Global New Life Of Myanmar

Read times
Rate this item
(1 Vote)