Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပျဉ်းမနားသကြားစက်တွင် ကြံစိုက်ပျိုးသူတောင်သူများထံမှ ကြံများ စတင်ဝယ်ယူလျက်ရှိ

နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ အမှတ်(၂) ပျဉ်းမနားသကြားစက်တွင် ပျဉ်းမနားမြို့နယ်နှင့် အနီးပတ်ဝန်းကျင်မြို့နယ်များမှ

ကြံစိုက်တောင်သူများထံမှ ကြံများကို ဒီဇင်ဘာ ၁၀ ရက်မှစ၍ စတင်ဝယ်ယူလျက်ရှိကြောင်း သိရှိသည်။

ထိုသို့ဝယ်ယူမှုနှင့် ပတ်သက်၍ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ပျဉ်းမနားသကြားစက်အနေဖြင့် ကြံတန်ချိန် ငါးသောင်း ဝယ်ယူသွားမှာဖြစ်ပြီး ကြံစိုက်တောင်သူများထံမှ ကြံတစ်တန်ကို ကျပ် ၃၉၀၀၀ ဖြင့် ဝယ်လျက်ရှိကာ ယနေ့အချိန်အထိ ကြံတန်ချိန် (၁၂၀၀၀) ဝယ်ယူကြိတ်ပြီးကြောင်း သိရသည်။
လာမည့်နှစ် ကြံစိုက်ပျိုးရေးအတွက် ယုဇနကုမ္ပဏီနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ အစည်းအဝေးညှိနှိုင်းချက်အရ လာမည့်နှစ်တွင် ကြံစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးရန်၊ အထွက်နှုန်း တိုးတက်အောင်လုပ်ရန်၊ ကြံစိုက်တောင်သူများကိုလည်း စိုက်ပျိုးစရိတ် ထုတ်ပေးသွားရန် ညှိနှိုင်းပြီးဖြစ်ကြောင်း၊ ယင်းညှိနှိုင်းချက်အပေါ် စက်ရုံနှင့် ဝန်ကြီးဌာနအနေဖြင့် ကြံတောင်သူများ အထွက်နှုန်းတိုးရေးကို စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များကို ဖြန့်ဝေပေးပြီး ကြံတောင်သူများ စိုက်ပျိုးရေး အဆင်ပြေစေရန်အတွက် စိုက်စရိတ်များကို အချိန်မီ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ကြံရာသီတွင် ပုံမှန်ကြံရာသီကဲ့သို့ ကုန်ထုတ်လုပ်မှု ရည်မှန်ချက်များထားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပျဉ်းမနားသကြားစက် စက်ရုံမှူး ဦးခင်မောင်းအေးက ပြောသည်။
ကြံစိုက်ပျိုးသူ တောင်သူများအနေဖြင့် ကြံသီးနှံသည် ရေဒဏ်၊ မိုးဒဏ်နှင့် ရာသီဒဏ်ကို ခံနိုင်သောကြောင့် အဓိကထားစိုက်ပျိုးချင်ကြောင်း၊ ကြံများ ပြန်လည်ရောင်းချရာမှာလည်း အဆင်ပြေစွာ ရောင်းချနိုင်ပါက ကြံစိုက်ပျိုးသူ ပိုမိုများပြားလာနိုင်ပြီး ပျဉ်းမနားသကြားစက်က ပုံမှန်ဝယ်ယူနေပါက ပျဉ်းမနားအနီးပတ်ဝန်းကျင်ရှိ မြို့နယ်များ၊ ကျေးရွာများက ကြံစိုက်တောင်သူများမှာ ရောင်းချရာတွင် သယ်ယူစရိတ်နည်းပါးသဖြင့် အဆင်ပြေကြောင်း သနပ္ပင်ဆိပ်ကျေးရွာမှ ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။

foodindustrydirectory.com.mm

MND

Read times Last modified on Thursday, 24 December 2020 08:53
Rate this item
(0 votes)